Part 203

1.3K 138 0
                                    

အခန်း (၂၀၃)

နန်းတော်ထဲမှာတော့ ကျန်းတန်က နည်းနည်း စိုးရိမ်လာတယ်။ သူမရဲ့ပုံမှန် တည်ငြိမ်တဲ့ပုံစံက ပြောင်းလဲသွားပြီးတော့ သူမဘေးက အစေခံကတောင်မှ သူမကို မြင်လိုက်တဲ့အချိန်မှာ သူမတစ်ခုခု မှားနေပြီဆိုတာကို သိနိုင်တယ်။ သူမက ထိုင်ခုံပေါ်မှာ ပြန်ပြင်ပြီး ထိုင်လိုက်ပြီးတော့ ထိုင်ခုံရဲ့လက်ကိုင်ကို တင်းကြပ်စွာ ဖြေးဖြေးချင်း ဆုပ်ကိုင်လိုက်ပြီး အစေခံက မပြောဘဲ မနေနိုင်ခဲ့တော့ဘူး။

"ကိုယ်လုပ်တော် ကျန်းအိမ်တော်ရဲ့ ကိစ္စတွေကို စိုးရိမ်နေတာလား။ ကိုယ်လုပ်တော် ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ပါအုံး။ အရှင်မင်းကြီး သိရင် စိတ်ပူလိမ့်မယ်"

ကျန်းတန်ရဲ့ လေသံက ချက်ချင်းပဲ ပြောင်းလဲသွားခဲ့တယ်။ သူမက ပြုံးလိုက်ပြီး သက်ပြင်းချလိုက်တယ်။

"မမက ဒီလောက်ရက်စက်လိမ့်မယ်လို့ ငါထင်မထားဘူး"

"သူမက သူမရဲ့အဖေရင်းကိုတောင်မှ တရားစွဲရဲတယ်။ ဘယ်လိုလုပ်ပြီး သူမက ဒီလောက်တောင် ရက်စက်နိုင်ရတာပါလိမ့်။ ဒီကိုယ်လုပ်တော်နဲ့ အဖေက အရမ်း မရင်းနှီးပေမဲ့ သူဒီလိုမျိုး အခြေအနေကို ကျရောက်သွားတာကို ကြည့်ရတာ မခံမရပ်နိုင် ဖြစ်ရတယ်"

သူမက ဝမ်းနည်းတဲ့ပုံနဲ့ နဖူးပေါ် လက်တင်လိုက်တယ်။

"ကိုယ်လုပ်တော်က အရမ်းကြင်နာတာပဲ"

အစေခံက ပြောလိုက်တယ်။

"ဒါပေမဲ့လည်း အခုအချိန်မှာ ကိုယ်လုပ်တော် ကိုယ့်ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ"

ကျန်းတန်က လက်ခါပြလိုက်ပြီး ပြောလိုက်တယ်။

"ဒီကိုယ်လုပ်တော် သိပါပြီ။ မင်းအရင် သွားလို့ရပြီ"

အစေခံက ကျန်းတန်ကို စိုးရိမ်စွာနဲ့ ကြည့်ပြီးတော့ အပြင်ကို ထွက်သွားခဲ့တယ်။

ကျန်းချွမ်က အကျဉ်းကျသွားပြီ ဖြစ်ပြီးတော့ ကျန်းယွမ်က ဒီလိုမျိုး လုပ်နိုင်လိမ့်မယ်လို့ သူမ ထင်မထားဘူး။ ဒီလောက်နှစ်တွေအများကြီး ကြာတာတောင်မှ သက်သေက ရှိနေလိမ့်အုံးမယ်လို့ သူမ ထင်မထားမိဘူး။ လက်ရှိမှာတော့ ကျန်းချွမ်တစ်ယောက်ပဲ ပါဝင်ပတ်သတ်တာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ရှယန်က သေဆုံးသွားပြီဖြစ်လို့ ဖြစ်တယ်။ ဟူတျဲကဘာလို့ သူမအတွက် သက်သေ ထွက်ဆိုပေးတာလဲ မသိဘူး။ ဒါပေမဲ့ ဟူတျဲက အဲဒီကိစ္စကို သိတယ်ဆိုရင် ကျန်းတန်ကိုလည်း လျို့ဝှက်ပေးမှာတော့ မဟုတ်ဘူး။ ကျန်းတန်က ကျန်းယွမ် ဒီကိစ္စကို သိပြီးလောက်ပြီလို့ ခန့်မှန်းထားပြီးသားဖြစ်တယ်။ ပြီးတော့သူမ ကျောက်မိန်နဲ့ ကျန်းယွမ်ကို အဆိပ်ခတ်တာကိုလည်း ကျန်းယွမ် သိထားပြီးပြီဖြစ်တယ်လို့ ကျန်းတန်က ခန့်မှန်းမိတယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now