Unicode
Part 160
အခန်း ၁၁၈ (ခ)
သူတို့က ဘိုးဘေးခန်းမထဲမှာ အရိုအသေပေးပြီးတော့ ကျိုးလန်ကျောင်းက အပြင်မှာ စောင့်နေရတဲ့အချိန်မှာ ကျန်းလီက မင်္ဂလာခန်းမထဲကို ပို့ခိုင်းလိုက်ရတယ်။ ခန်းမထဲဝင်ပြီးတော့ အရက်ခွက်မြောက်ပြီး ပြိုင်တူဆုတောင်းရမဲ့အချိန် ရောက်လာပြီဖြစ်တယ်။ ကျန်းလီက မျက်နှာလွှာဇာ အုပ်ထားရတုန်းပဲ ဖြစ်ပြီးတော့ သူမရဲ့ဘဝမှာ ပထမဆုံးအကြိမ် ကျန်းချွမ်နဲ့ ဒုတိယကိုယ်လုပ်တော်ကို သူမရဲ့ မိဘတွေအနေနဲ့ ညင်သာစွာ ပထမဆုံး အရိုအသေပေးခဲ့တယ်။ ပြီးတော့သူမက သူမရဲ့ မောင်နှမတွေကို အရိုအသေပေးရမဲ့ အချိန်ရောက်ပြီဖြစ်တယ်။ ကျန်းလီက ဘန်းထဲက ဝိုင်ခွက်ကိုကိုင်ပြီးတော့ သူမက ချိုသာစွာ ပြောလိုက်တယ်။
“ဒီခွက်က ကျွန်မရဲ့ အကြီးဆုံး အမအတွက်ပဲ။ ဒီနေ့ကျွန်မက မိသားစုထဲကနေ ကျွန်မအမျိုးသားရဲ့ မိသားစုထဲကို လက်ထပ်ပြီးတော့ မမနဲ့ကျွန်မက ကျန်းအိမ်တော်ရဲ့ မြေးတွေပဲ။ ဒါပေမဲ့ကျွန်မတို့က အချိန်အတော်ကြာ ခွဲနေခဲ့ရပြီး အတူတူနေရတဲ့အချိန်က သိပ်မရှိဘူး။ အဲ့ဒါတော်တော် စိတ်မကောင်းစရာပဲ။ ဒီနေ့ဒီဝိုင်ခွက်က ဒီကျွန်မတို့ ညီမနှစ်ယောက်ကြားက ခံစားချက်တွေရဲ့ သင်္ကေတပဲ။ ”
ဒါကိုပြောပြီး ကျန်းလီက ဝိုင်ခွက်ကို ကျန်းယွမ်ကိုပေးလိုက်တယ်။
ကျန်းယွမ်ကသူမကို ပြုံးပြီးကြည့်နေပေမဲ့ ဝိုင်ခွက်ကို သူမဆီကနေ မယူခဲ့ဘူး။
ကျန်းချွမ်ရဲ့မျက်နှာထားက ပြောင်းလဲသွားပြီး သူကသူ့ရင်ထဲမှာ ဒေါသထွက်နေတာကို ခက်ခက်ခဲခဲနဲ့ မြိုသိပ်ထားရတယ်။ ဒီတော့ကျန်းယွမ်က သူမရဲ့အငယ်ဆုံး ညီမဆီကဝိုင်ခွက်ကို မယူခဲ့ရင် လူတွေက ဒီသတင်းကို ဘယ်လိုမျိုး ပြောကြမလဲ။
ကျန်းလီက မျက်နှာလွှာဇာ အုပ်ထားရလို့ အပြင်မှာ ဘာဖြစ်နေလဲဆိုတာ သူမမသိဘူး။ သူမက အဲ့ဒါကို အနံ့ကိုဘဲခံနိုင်ပြီး ခဏလောက်စောင့်ထားပြီး ဘယ်သူမှ ဝိုင်ခွက်ကို မယူကြတော့ သူမက နည်းနည်းစိုးရိမ်လာပြီး သူမက ထပ်ပြောတော့မဲ့ အချိန်မှာ အရက်မူးနေတဲ့လူတစ်ယောက် ပြောတာကို ကြားလိုက်ရတယ်။ “ဟောင်ရမ်းကျွမ်းကျုက သူ့ရဲ့ညီမလေး ဝိုင်ခွက်ကို ဘာလို့လက်မခံတာလဲ။ သူမက သဘောမတူလို့များလား။ ”
အဲ့ဒီအသံက ချမ်းသာပြီးမြင့်မြတ်စွာနဲ့ မွေးလာတဲ့ လူတစ်ယောက်ဆိုတာ သိသာနေပြီး အဲ့ဒီစကားလုံးတွေကို ခဲရိုက်စေဖို့အတွက် လုံလောက်တယ်။ အကုန်လုံးက ကျန်းယွမ်ကို ကြည့်လိုက်တယ်။ သူမနဲ့ သတိုးသမီးကြားက အတန်းစားကို ပြဖို့ကျန်းယွမ်က ပန်းရောင်ဖျော့ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး အဆင်တန်ဆာကိုတော့ သူမက ထုံးစံအတိုင်း တောက်ပစွာ ဝတ်ဆင်ခဲ့တယ်။ ဒီတော့သူမက ညင်သာပြီး သိမ်မွေ့တဲ့ပုံ ပေါ်နေတယ်။ သူမရဲ့အပြုံးလေးနဲ့ သူမရဲ့ အသားအရည်က နှင်းလိုဖြူဖွေးတယ်။ သူတို့က သူမကို လှပပြီး ကျက်သရေရှိတယ်လို့ တွေးစေနိုင်တယ်။
လူအုပ်ရဲ့အကြည့်က ကျန်းယွမ်ဆီရောက်သွားတော့ ကျန်းစုစုက လက်သီးကို ဆုပ်လိုက်တယ်။ ကျန်းယွမ်က အပြုံးလေးတစ်ခုပြုံးပြီး ဝိုင်ခွက်ကို ယူလိုက်တယ်။ အဲ့ဒါက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ ဓလေ့ထုံးတမ်းဖြစ်ပြီး သတိုးသမီးရဲ့ ဝိုင်ခွက်မြောက်ပြီး ဆုတောင်းတာကို အမြဲတမ်း လက်ခံရမယ်။ မဟုတ်ရင် အဲ့ဒါက ကျင်းပတဲ့မိသားစုကို မရိုသေတာဘဲလို့ သဘောရတာပဲ။ ဝိုင်ခွက်ကို နောက်ဆုံး တစ်စက်မှမကျန်အောင် သောက်လိုက်တာက ကျင်းပတဲ့မိသားစုကို မင်္ဂလာရှိစေတယ်လို့ ဆိုလိုတာပဲ။ ဒါကြောင့် မင်္ဂလာပွဲတွေ တက်ရောက်တဲ့အခါမှာ သတိုးသမီးမြောက်လိုက်တဲ့ ဝိုင်ခွက်ကို ငြင်းလို့မရဘူးဖြစ်တယ်။
အထူးသဖြင့်အဲ့ဒါက သူမရဲ့ အငယ်ဆုံးညီမရဲ့ ဝိုင်ခွက်ကိုမြောက်ပြီး ဆုတောင်းတဲ့အချိန်မှာ တကယ်လို့သူမက အဲ့ဒါကို လက်မခံခဲ့ရင် သူမကသူမရဲ့ အငယ်ဆုံးညီမကို သူမက ကျွမ်းကျူ့နေရာကို ရခဲ့တဲ့အတွက် အရှက်ခွဲတယ်လို့ လူတွေက ပြောကြမှာဖြစ်တယ်။
ကျန်းယွမ်ကပြုံးပြီး ပြောလိုက်တယ်။
“တတိယညီမလေးရဲ့ စကားတွေက ဒီကျွမ်းကျူ့ကို တကယ်ပဲ စိတ်လှုပ်ရှားသွားစေပါတယ်။ ”
ကျန်းလီရဲ့လက်တွေက တုန်ယင်နေတယ်။ ကျန်းလန်က သတိပြုမိပြီး သူမက ခေါင်းငုံ့လိုက်ပြီး သူမက လျစ်လျူရှု့ဟန် ဆောင်နေပေမဲ့ အဲ့ဒီလူအုပ်ထဲမှာလဲ အခြေအနေကိုကြည့်ပြီး ပျော်ရွှင်နေတဲ့ လူတစ်ယောက်ရှိတယ်။
ကျန်းယွမ်က ဝိုင်ခွက်ကိုလက်ခံပြီး သူမအကီၤျလက်နဲ့ သူမမျက်နှာကို ကာလိုက်ပြီး ဝိုင်ခွက်ထဲကဝိုင်ကို အကုန်သောက်ပြီး ဘာမှမရှိတော့တဲ့ ဝိုင်ခွက်ကို လူအုပ်ကိုပြလိုက်တယ်။ ပြီးတော့သူမက ကျန်းလီကို တိုးတိုးပြောလိုက်တယ်။
“တတိယညီမလေး အကုန်လုံးက အမတစ်စက်မကျန် သောက်တာကို ကြည့်ပြီးပြီ။ ”
ကျန်းလီကအမြန် ခွက်ကိုယူပြီး ပြောလိုက်တယ်။
“မမက တကယ်ပဲ သူ့ညီမလေးကို ချစ်တာပဲ။ ”
ကောင်းတယ်။ ဟောင်ရမ်းကျွမ်းကျူက တကယ်ပဲ သဘောထားကြီးတာပဲ။ ဒီအရက်မူးနေတဲ့အသံက ခုနတုန်းက လူဆီကပဲ လာတာဖြစ်ပြီး ကျန်းရုံက လူအုပ်ထဲကနေ ထွက်လာပြီး ကျန်းယွမ်ရှေ့ကို လမ်းလျှောက်လာရင်း ပြောလိုက်တယ်။
“ဟောင်ရမ်းကျွမ်းကျူ ကျွန်တော် မြင့်မြတ်တဲ့ သူရဲကောင်းပါ။ ”
သူ့ရဲ့ရမက်ပြင်းတဲ့ အကြည့်တွေက ကျန်းယွမ်ကို ခေါင်းကနေခြေအဆုံးထိ ကြည့်လိုက်တယ်။
ကျွမ်းရုံကဒီနေ့ အရမ်းပျော်ရွှင်နေတာဖြစ်တယ်။ သူက ဒီမိန်းမလှလေးကို အချိန်အတော်ကြာ မျက်စိကျနေတာဖြစ်ပြီး ကောင်းကင်ဘုံက မမျှော်လင့်စွာနဲ့ သူ့ကိုဒီနေ့ အခွင့်အရေးပေးပြီး ကူညီခဲ့တာဖြစ်တယ်။ သူ့အကြည့်တွေက ဘာမှမရှိတဲ့ ဝမ်ကွမ်းဆီကနေ ကျန်းယွမ်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ပြန်ရောက်သွားတယ်။ ဒီအဝတ်တွေအောက်က အသားအရည်လေးက တကယ်ပဲ နူးညံ့မှာပဲ။ ကျန်းရုံက ဒီလှပတဲ့ခန္ဓာကိုယ်လေး သူ့အောက်မှာ လှဲနေတာကို ခန့်မှန်းကြည့်လိုက်ပြီး သူကတံတွေးကို မြိုချပြီး ကျန်းယွမ်ကိုကြည့်လိုက်တယ်။
ကျန်းယွမ်က ဒီလူရဲ့ ညစ်ညမ်းတဲ့ ရည်ရွယ်ချက်ကိုသိဖို့ တစ်ချက်ပဲ ကြည့်လိုက်ရတယ်။ သူမက စိတ်ထဲမှာ လှောင်လိုက်ပြီး ပြောလိုက်တယ်။
“အမနည်းနည်း ခေါင်းမူးနေလို့ အပြင်သွားပြီး လေသန့်လေကောင်း ရှုလိုက်အုံးမယ်။ ”
မင်္ဂလာခန်းမထဲကနေ ထွက်သွားတဲ့အချိန်မှာ ကျန်းလန်က ဘာမှမရှိတော့တဲ့ ဝိုင်ခွက်ကို ကြည့်နေတယ်။ သူမရဲ့နှုတ်ခမ်းက ရုတ်တရက် အပြုံးတစ်ခု ဖြစ်သွားပြီး သူမရဲ့အကြည့်ထဲမှာ ပဟေဠိဆန်တဲ့ အဓိပ္ပယ်ပါနေတယ်။ ကျန်းစုစုက ဒီမှာအေးစက်စွာ ပြုမူနေပေမဲ့ သူမကအမြဲတမ်း ဘယ်အခြေအနေကိုမဆို လွယ်လွယ်နဲ့ သိနိုင်ပြီးတော့ လူတွေကို သူမဆီကို စကားအနည်းငယ်နဲ့ သူ့ဆီကို ပြန်ပြီးတော့ အာရုံစိုက်နိုင်အောင် လုပ်နိုင်တယ်။ ကျန်းယွမ်က မင်္ဂလာခန်းမထဲကနေ အပြင်ကို ထွက်လာခဲ့တယ်။ ကျိုးလန်ကျောင်းအိမ်တော်က ပြောတာထက်ကို ပိုပြီးတော့ကြီးသေးတယ်။ ဒါ့အပြင် သူမရဲ့အရင်ဘဝက ဒီကျိုးလန်ကျောင်းအိမ်တော်ကို တစ်ခါမှ လာမလည်ဖူးဘူး။ ပြီးတော့သူမရဲ့ လည်ချောင်းက အရမ်းတင်းကြပ်နေတယ်။ သူမက စောစောတုန်းက ထျန်းကျူးကို ခွက်ကိုကျန်းလီရဲ့ ခွက်နဲ့လဲဖို့ မှာခဲ့ပေမဲ့ သူမကသူမအတွက် ထောင်ထားတဲ့ ထောင်ချောက်ရဲ့ အာနိသင်ကို ခံစားနေရအုံးမယ်လို့ မထင်ဘူး။ သူမရဲ့နှုတ်ခမ်းကို ဝိုင်နည်းနည်းလေး ထိသွားတာနဲ့ သူမက အားနည်းနေပြီလို့ ခံစားမိတယ်။ အတွေးတစ်ချို့တွေးပြီး သူမက ဖြေရှင်းချက်တစ်ခုပဲ ရှိမယ်လို့ တွေးခဲ့တယ်။ လင်ဗန်းထဲက ခွက်နှစ်ခွက်လုံးက ဆေးခတ်ထားတယ်။ တကယ်လို့သူမက အဲ့နှစ်ခွက်ကို လဲခဲ့ရင်တောင် နောက်ဆုံးမှာ ရလဒ်ကအတူတူပဲ။ ကျန်းရုံကလွဲလို့ ဘယ်သူကဒါကို ပြင်ခဲ့မှာလဲ။ ဒါ့အပြင် ကျန်းရုံနဲ့အတူ လုပ်တဲ့လူက ကျန်းလီပဲဖြစ်ရမယ်။ ကျန်းလီကတုံးအပြီး မောက်မာတယ်။ သူမကိုယ်သူမ ဉာဏ်ကောင်းတယ်လို့ပဲ တွေးနေပြီး တစ်ကမ္ဘာလုံးကလူတွေက တုံးအတယ်လို့တွေးတိုင်း ယုံကြည်နေတာဖြစ်တယ်။ ဒီနေ့အခြေအနေက တကယ်ပဲ သူမခန့်မှန်းတာထက် ပိုပြီးတော့ဆိုးနေတယ်။ ဒါပေမဲ့သူမက ရွှမ်းရုံရဲ့အကျင့်တွေကို သိပြီးသားဖြစ်တယ်။ ဒါပေမဲ့ ရွှမ်းရုံကတကယ်ပဲ နေခင်းကြောင်တောင်မှာဒီလို ရဲရဲတင်းတင်း ပြုမူရဲတယ်။
ဒီနေ့အခြေအနေမှာ နည်းနည်း ထူးဆန်းနေတာ ရှိသေးတယ်။ သူမက မင်္ဂလာခန်းမထဲမှာ ဆက်ပြီးမနေရဲတာ သူမက မူးနေလို့ဖြစ်ပေမဲ့ ဒီကြီးမားတဲ့ ကျိုးလန်ကျောင်း အိမ်တော်ထဲမှာ အစေခံတွေလည်း မရှိဘူး။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဧည့်ခံပွဲဧည့်သည်တွေ အကုန်လုံးကို မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားစေတဲ့ပုံပေါ်ပြီး ဘယ်သူမှ မတွေ့နိုင်တော့ဘူး။ ဘယ်သူကိုမှ မတွေ့ရဘူး။
ကျိုးလန်ကျောင်းအိမ်တော်ကလည်း ဒီထဲမှာပါဝင်တာလား။ ဘာလို့လဲ။ ကျန်းယွမ်ကအမြန် လမ်းလျှောက်ပြီး သူမရဲ့နောက်မှာ တစ်ခုခုထူးဆန်းတာကို ခံစားမိတယ်။ ထျန်းကျူးက သူမနောက်ကနေ လိုက်လာခဲ့တယ်။ လုပ်ကြံသူတစ်ယောက်က အမြဲတမ်း တစ်ခြားလူတွေထက် အကင်းပါးတယ်။ ထျန်းကျူးက ပြောလိုက်တယ်။
“သခင်မလေး ကျွန်မတို့ရှေ့မှာ တစ်ယောက်ယောက်ရှိနေတယ်။ ”
သူမကရပ်လိုက်ပြီး သူမမျက်နှာက သာမာန်လို မဟုတ်တော့ဘဲ သူမကပြောလိုက်တယ်။
“ကျွန်မတို့ ခြုံခိုတိုက်ခံရပြီ။ ”
ကျန်းယွမ်က သူမဘာသာ အေးစက်စွာရယ်လိုက်တယ်။ သူမကို လန်ကျောင်းအိမ်တော်ထဲမှာ ခြုံခိုတိုက်တာ။ ဘာလို့သူမဆီကို တည့်တန်းမလာခဲ့တာလဲ။ ကျိုးလန်ကျောင်းက ဒီအရာရှိလုပ်ငန်းကို ဒီမကောင်းတဲ့ မင်းသားအပေါ်မှာ မှီခိုနေဖို့ လိုသေးတာလား။ သူကတကယ်လို့ ဒီမှာတစ်ခုခုဖြစ်ခဲ့ရင် သူမရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးတာက တစ်ခုဖြစ်ပေမဲ့ မယ်တော်ကြီး ယိကျယ် က ဒေါသအရမ်း ထွက်မှာဖြစ်ပြီး ဒီထဲမှာပါတဲ့လူ အကုန်လုံးကို လွှတ်မြောက်စေမှာ မဟုတ်ဘဲ တာဝန်ယူခိုင်းမှာဖြစ်တယ်။ ဒီနေ့အခြေအနေကို ကြည့်ရသလောက်က ကျိုးလန်ကျောင်းအိမ်တော်က ဒါနဲ့ဘာမှ မပတ်သတ်တဲ့ပုံပဲ။
ထျန်းကျူးကရုတ်တရက် သူမရဲ့ခါးပတ်ကို ချွတ်လိုက်တယ်။ အဲ့ဒီဟာက အဲ့ထဲမှာ ငွေရောင်ဓားဖျော့တစ်ချောင်း ဖွက်ထားတာ။ တစ်ချိန်တည်းမှာ အစောင့်လိုလူတွေက ဘေးကနေ ပေါ်လာတယ်။ ဒီအစောင့်တွေက အရမ်းထူးဆန်းပြီး လန်ကျောင်းအိမ်တော်ရဲ့ အစောင့်တွေနဲ့ မတူဘူး။ သူတို့ရဲ့ ခေါင်းဆောင်က ပြောလိုက်တယ်။
“အစေခံကိုသတ်လိုက်။ ဒါပေမဲ့ ကျွမ်းကျူကိုတော့ မထိစေနဲ့။ ”
သူကပြောမပြီးခင်မှာပဲ ထျန်းကျူးက လေထဲကို ခုန်တက်သွားတယ်။ သူမရဲ့ အသွင်အပြင်က ပေ့ါပါးပြီး ကျက်သရေရှိနေပြီး စက္ကန့်ပိုင်းအတွင်းမှာ လေထဲမှာငွေရောင် ထွက်ပေါ်လာတယ်။ ပြီးတော့ ထျန်းကျူးနဲ့ အနီးဆုံးလူက သူ့ရဲ့လည်ပင်းမှာ ဓားရာရှိသွားပြီး သွေးပန်းပြီး မြေပြင်ပေါ်ကို လဲကျသွားတယ်။ အစောင့်တွေက ကြက်သေသေသွားကြတယ်။ ဒီအစေခံတွေက လက်သီးထိုးပြီး ကန်ရုံလောက်ပဲ အသိဉာဏ်ရှိမယ်လို့ သူတို့ထင်ခဲ့ပေမဲ့ တစ်ခါမှ သူမကဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူတို့ကသူမက လုပ်ကြံသူတစ်ယောက်ဆိုတာ မသိခဲ့ဘူး။ ပြီးတော့သူမက သူတို့ရဲ့ ညီအစ်ကိုတွေထဲက တစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ သတ်ခဲ့တယ်။ သူတို့က ထျန်ကျူးကို အကုန်လုံးဝိုင်းပြီး တိုက်ကြတယ်။
ဒီအချိန်မှာ ထျန်ကျူးက ကျန်းယွမ်ရှေ့မှာ ရှိနေပြီး သူမကိုကာထားပေမဲ့ ကျန်းယွမ်က ဆေးအာနိသင်က အရမ်းပြင်းလို့ မလွတ်မြောက်နိုင် ဖြစ်နေတယ်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုမှားနေတယ်လို့ ခံစားမိတယ်။ သူမက တစ်ခုခုကို သေချာပေါက် ကျော်သွားမိတာပဲ။ ဒီနေ့လက်ထပ်ပွဲက သူမကို ထောင်ချောက်ဆင်ဖို့ဖြစ်တယ်။ ဘာလို့ရွှမ်းရိုကဒီလောက် ရဲတင်းနေပြီး သူမကကျိုးလန်ကျောင်းလိုမျိုး အာဏာရှိတဲ့ အရာရှိတစ်ယောက်ကို ဘယ်လိုမျိုး လာဒ်ထိုးခဲ့တာလဲ။
ရွှမ်းရိုက တစ်အိမ်လုံးပြည့်တဲ့ ဧည့်သည်တွေကို တစ်ယောက်တည်း အမိန့်ပေးဖို့ ဖြစ်နိုင်လို့လား။
ထျန်းကျူးဆီကို အကုန်လုံးက ဦးတည်သွားနေတာကိုမြင်တော့ အစောင့်တစ်ယောက်က ကျန်းယွမ်ဆီကို တိတ်တဆိတ်နဲ့ ချဉ်းကပ်လိုက်တယ်။ သူမနားကိုသူက မကပ်ခင်မှာ ပျော့ပြောင်းစွာ ပြောလိုက်တယ်။
“ကျမ်းကျူ တဆိတ်လောက်။ ” သူကကျန်းယွမ်ရဲ့ လက်မောင်းကို ဖမ်းဆုပ်လိုက်တယ်။
သူကသူဖမ်းတာကို မရှောင်ဘူး။ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ သူမကအစောင့်ကိုကြည့်ပြီး မေးလိုက်တယ်။
“ရှင်တို့က တော်ဝင်ကြင်ယာတော် ချန်ရဲ့လူတွေလား။ ”
အစောင့်ရဲ့ မျက်နှာထားက ပြောင်းလဲသွားပြီး သူ့မျက်လုံးတွေထဲမှာ မယုံနိုင်လောက်တဲ့ အမူအရာ ထွက်ပေါ်လာတယ်။ သူကမတုန့်ပြန်နိုင်ခင်မှာပဲ နှလုံးတစ်ချက် ခုန်စာအတွင်းမှာ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်ကို လဲကျသွားတယ်။
