Part 218

623 68 3
                                    


အခန်း (၂၁၈)

နှစ်သစ်ကူးမှာ သာမာန်လူတန်းစားတွေက ပျော်နေပေမဲ့ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်ရဲ့ နန်းတော်ထဲမှာတော့ အတော်လေးခြောက်ကပ်နေတယ်။ အိမ်ရှေ့စံက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာက ဖြည်းဖြည်းချင်း ပြန်သက်သာလာပေမဲ့ တကယ်လို့ သူ ပြန်ကောင်းလာရင်တောင် သူ့ရဲ့ အိမ်ရှေ့စံနေရာကို ဆက်ပြီးထိန်းသိမ်းနိုင်တော့မှာ မဟုတ်ဘူး။ ဧကရီက သူ့ကို ညတိုင်းလာစောင့်ပေးတယ်။ အခု သူမ မနက်ကောညကော ဘုရားကျောင်းကို သွားပြီးတော့ အိမ်ရှေ့စံ ပြန်သက်သာလိုဖို့အတွက် ဆုတောင်းနေတယ်။

မောင်းမတောင်မှာတော့ အတော်လေး ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်။ မြင့်မြတ်တဲ့မိသားစုထဲက တချို့က မောင်းမဆောင်ထဲက လွတ်နေတဲ့နေရာကို ရဖို့အတွက် မျှော်လင့်နေကြတယ်။ ဧကရာဇ်က ငါးယောက်မြောက်မင်းသားကြောင့် အရမ်းစိတ်တိုခဲ့ပြီး သူ့ကို သေဒဏ်ပေးခဲ့တယ်။ တော်ဝင်ကြင်ရာတော်ဒိက လိမ်မာပါးနပ်စွာနဲ့ သာသနာ့ဘောင်ထဲဝင်သွားခဲ့တယ်။ သဘောကျခံရတဲ့ ကိုယ်လုပ်တော်ကျန်းတန်က ပျောက်ကွယ်သွားပြီး ဝမ်လင်းအာက ရုတ်တရက် ဖျားသွားပြီး မောင်းမဆောင်ထဲမှာ တစ်ခုခုဖြစ်နေတာကို အပြင်လူတွေ သိနေပြီဖြစ်ပေမဲ့ ဘာဖြစ်တာလဲဆိုတာကိုတော့ သူတို့ စုံစမ်းလို့ မရသေးဘူး။

အခု ရုံးတော်ထဲမှာ ဝန်ကြီးတွေက နှစ်ဖက်ကွဲနေကြပြီဖြစ်တယ်။ တစ်ဖက်က ရွှမ်းလီကို ထောက်ပံ့တဲ့အဖွဲ့ဖြစ်ပြီး နောက်တစ်ဖွဲ့က ရွှမ်းဖေးကို ထောက်ပံ့တဲ့အဖွဲ့ဖြစ်တယ်။ အရင်က ရွှမ်းဟွာဘက်က ပါခဲ့တဲ့သူတွေကလည်း ရွှမ်းလီဘက်ကို ရောက်လာတာဖြစ်တယ်။

စီနင်နန်းတော်မှာ မယ်တော်ယိတျယ်က သူမ လက်ထဲက စာရင်းကိုကြည့်နေပြီး ခေါင်းညိတ်လိုက်တယ်။

"ပေါ်က ညွှန်ကြားထားတဲ့အတိုင်း လိုက်နာပြီးတော့ ပတ္တမြားတစ်ကွင်းထပ်ထည့်လိုက်"

မိန်းမစိုးယန် ခေါင်းညိတ်လိုက်ပြီး ဘေးက အစေခံကို အမိန့်ပေးလိုက်ပြီး မယ်တော်ယိတျယ်နောက်ကို သွားလိုက်ပြီး ဂရုတစိုက်နဲ့ သူမပခုံးကို နှိပ်ပေးနေပြီး ပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now