အခန်း (၂၁၄)
"ကျန်းကျောက်ရီ မင်းငါ့ကို ဒီလိုပြောလဲ ဘာမှထူးမှာမဟုတ်ဘူး"
ကျန်းယွမ် နည်းနည်းအံ့အားသင့်တဲ့ မျက်နှာနဲ့ပြောလိုက်တယ်။
"မင်းပြောသလိုပဲ ငါ မင်းကို ချောက်ချရင်ရော ငါ့အတွက် ဘာကောင်းမှာမို့လို့လဲ"
ကျန်းတန်ပြောစရာစကားမဲ့သွားခဲ့ပြီး ဘေးက ရွှမ်းဟွာက နောက်ဆုံးမှာ အခြေအနေကို နားလည်သွားခဲ့တယ်။ အခုမှ သူက စနားလည်လာတာဖြစ်တယ်။ အစက သူ ဒီနေ့ ဘာလို့ အရမ်းထူးဆန်းနေတယ်ဆိုတာကို သူမသိခဲ့ဘူး။ ခုနတုန်းက ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားပြီ'တော့ သူ ပြောလိုက်တယ်။
"မဟုတ်ဘူး။ ဖခမည်းတော်။ သားတော်နဲ့ ကျန်းကျောက်ရီက တကယ်အပြစ်ကင်းပါတယ်။ အဲဒါ ကျင်းရင်ဝမ်ကတော်ကြောင့်ပါ။ သူတို့က အိမ်ရှေ့စံကို လုပ်ကြံခဲ့ပြီးတော့ သားတော်ကို အပြစ်ပုံချချင်နေတာ။ သူတို့က မြေခွေးတွေလိုပဲ။ ဖခမည်းတော် သူတို့ လိမ်တာခံလို့မဖြစ်ဘူး။
ရှောင်ရှို့ ဒီနေရာကို ဘယ်လိုရောက်လာမှန်း မသိပေမဲ့ အဲ့မြှားအကြောင်းကိုပြောလိုက်ရင် ဧကရာဇ်က သံသယဝင်သွားပြီး အိမ်ရှေ့စံအကြောင်းကိုပြောလိုက်ရင် သူတို့နှစ်ယောက် လွတ်နိုင်သေးတယ်။ ပြီးတော့ ရွှမ်းဖေးတစ်ယောက် ကျန်သေးတယ်။ သူ့ကိုလည်း ပညာပေးရမယ်။
ကျန်းယွမ် စိတ်သက်သာရာရသွားတယ်။ ရွှမ်းဟွာရဲ့စကားတွေက ဖိအားအတော်လေး ပေးနိုင်မှာပါ။ ကျန်းတန် ငိုယိုပြီးပြောလိုက်တယ်။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို သစ္စာမဖောက်ရဲပါဘူး"
ကျန်းတန်က ဧကရာဇ် သူမကို သဘောကျတာ သူမရဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ဘယ်သူနဲ့မှ နေရာယှဉ်မလုလို့လို့ ထင်ခဲ့တာဖြစ်တယ်။
ဒါပေမဲ့ တကယ်တော့ ဧကရာဇ် သူမကို ဘာလို့ သဘောကျတာလဲဆိုတော့ ရှောင်ယွမ်မှာရှိတဲ့ ကိုယ့်ကိုယ်ကိုနှိမ့်ချတဲ့ အပြုအမူနဲ့ စိတ်လွတ်လက်လွတ်နေတတ်တဲ့ ရောင်ဝါကို သူမဆီမှာ တွေ့ရလို့ ဧကရာဇ်က သူမကို သဘောကျတာဖြစ်တယ်။ ဒါပေမဲ့ ကျန်းတန်အခုလုပ်နေတာတွေကို မြင်ရတော့ အဲဒါက ရှောင်ယွမ်ရဲ့ သန့်ရှင်းစင်ကြယ်မှုကို ထိခိုက်အောင် လုပ်နေတယ်လို့ ခံစားရပြီး ဧကရာဇ် ပိုပြီးဒေါသထွက်လာခဲ့တယ်။