Part 153

1.5K 149 1
                                    

153 01

အခန်း (၁၅၃) (က)

ဒုတိယနေ့မနက်စောစောမှာ ကျန်းယွမ်က မင်းသမီးဟယ်ရီဆီကနေ စာတစ်စောင်ကိုရခဲ့ပြီးတော့ အဲဒါက သူမကို ရှုဖန်းအဆောင်ကိုလာပြီး လက်ဖက်ရည်သောက်ဖို့အတွက် ဖိတ်ခေါ်တာဖြစ်တယ်။ ပိုင်ကျီက စာကိုရတဲ့အချိန်မှာ အရမ်းအံ့အားသင့်နေတယ်။ သူမက ကျန်းယွမ် ထျန်ကျူးနဲ့ ဘာလုပ်ခဲ့လဲဆိုတာကို မသိဘူး။ သူမက မင်းသမီးဟယ်ရီက တစ်ခုခုဆိုးတာလုပ်ချင်တယ်လို့ပဲ ထင်ခဲ့တယ်။ သူမက ကျန်းယွမ်ကို သတိမပေးပဲ မနေနိုင်ခဲ့ဘူး။

"သခင်မလေး ဒီမင်းသမီးဟယ်ရီက ဒီတစ်ကြိမ်မှာ အကြံတစ်ခုခုရှိနေနိုင်တယ်"

"လန်ချောင်ကလည်း ခေါင်းညိတ်ပြီး ပြောလိုက်တယ်"

"နန်းတော်ထဲမှာ အခုသခင်မလေးကို စောင့်ကြည့်နေတဲ့သူတွေအများကြီးရှိတယ်။ သခင်မလေး နေမကောင်းလို့ မသွားဘူးဖို့ပြောရင်ပိုကောင်းမယ်"

"မလိုပါဘူး"

ကျန်းယွမ်ကပြုံးလိုက်တယ်။

" နင်သွားပြီးတော့ ငါ့အတွက် အဝတ်ပဲ ပြင်ပေးပါ"

လန်ချောင်နဲ့ ပိုင်ကျီတို့က အချင်းချင်းကြည့်လိုက်ပြီး ကျန်းယွမ်က အကြံတစ်ခုခုရပုံပေါ်လို့ သူမပြောတဲ့ အတိုင်းလုပ်လိုက်တယ်။ လုကျူးက လာပြီးပြောတယ်။

"သခင်မလေး မင်းသမီးဟယ်ရီက ... သူမက အဲလိုမဖြစ်တာများလား"

"သေပြီးသားလူက စာတစ်စောင်ပို့တာ မဖြစ်နိုင်ဘူး။ ကမ္ဘာပေါ်မှာ သရဲတို့ ဘာတို့က တကယ်ရှိတာမှ မဟုတ်တာ။ မင်းသမီးဟယ်ရီက အသက်ရှင်နေတာမဟုတ်ရင် အဲဒီစာကရောက်နိုင်မှာမဟုတ်ဘူး"

ကျန်းယွမ်ကပြောလိုက်တယ်။

မနေ့ကထျန်ကျူးက အဲဒီအကြောင်းကို စုံစမ်းပြီးဖြစ်တယ်။ မနေ့ညက မင်းသမီးဟယ်ရီ နန်းတော်ကို ပြန်လာပြီးတော့ ရှုဖန်းနန်းတော်ကို မသွားခဲ့ဘူး။ မင်းသမီးဟယ်ရီက မနေ့က ဒီလိုမျိုး အကြောင်းအရာဖြစ်ခဲ့ပေမယ့် သူမက ဘာမှမပြောခဲ့ဘူး။ ထျန်ကျူး နန်းတွင်းအစေခံတစ်ယောက်ပြောတာကို ကြားတာတော့ မင်းသမီးဟယ်ရီက ထူးဆန်းနေတယ်။ သူမက စကားမပြောချင်တဲ့ပုံပဲ။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now