Part 242

702 82 0
                                    


အခန်း (၂၄၂)

ကျန်းရှင်းကျီ မျက်မှောင်ကြုတ်လိုက်တယ်။ တုန်ရင်းအာမေးလိုက်တဲ့မေးခွန်းက သူ့ကို စိတ်ထင့်သွားစေပေမဲ့ သူ ရိုသေစွာနဲ့ ပြန်ဖြေလိုက်တယ်။

"အမှန်ပါပဲ"

ကျန်းရှင်းကျီဆီကနေ ဒီလိုကြားလိုက်ရတော့ တုန်ရင်းအာ ရင်နာသွားတယ်။ သူမ ကျန်းရှင်းကျီရဲ့ အကြည့်ထဲက စိတ်မရှည်မှုကို မြင်လိုက်ရတယ်။ သူမရင်ထဲမှာ ဒေါသထွက်သွားတယ်။ ဘာလို့လဲ။ သူမ သူမ ငယ်ငယ်ကတည်းက တက်ကြွပြီးတော့ သူမ လူကြီးတွေစကားနားထောင်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူမ ဘာရခဲ့လဲ။ သူမအဖေက သူမကို သူ့အလုပ်မှာ မျက်နှာသာရဖို့အတွက် နန်းတော်ထဲကို ပို့ခဲ့ပြီးတော့ သူမ ချစ်ရတဲ့သူကလည်း သူမကို အေးစက်စွာ ဆက်ဆံတယ်။ ဒီကမ္ဘာပေါ်ကလူတွေအကုန်လုံးက ဘာလို့သူမကို သစ္စာဖောက်ရတာလဲ။

တုန်ရင်းအာ ကျန်းရှင်းကျီကို ခဏကြည့်နေပြီးတော့ ရုတ်တရက်ပြုံးလိုက်တယ်။

"ညီမလေးယွမ်ကို သူခိုးတွေ ဖမ်းသွားတယ်လို့ ကျွန်မကြားတယ်။ သူမသတင်းလဲမကြားရဘူး။ သူမရဲ့ အခင်ဆုံးသူငယ်ချင်းအနေနဲ့ ကျွန်မ စိတ်ပူလို့ပါ။ ကျွန်မ သတင်းလာမေးလို့ရမလား"

ကျန်းရှင်းကျီ တုန်ရင်းအာရဲ့ နည်းနည်းအံကြိတ်သံပါနေတဲ့လေသံကို ကြားတော့ နည်းနည်းမျက်မှောင်ကြုတ်မိသွားတယ်။ သူ အခု အရင်ကထက် ပိုရင့်ကျက်လာပြီဆိုတော့ သူ့ရင်ထဲက ဝမ်းနည်းမှုကို ထိန်းချုပ်ထားပြီးတော့ ပေါ့ပါးစွာပြောလိုက်တယ်။

"အခုလိုစိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် လုပ်စရာလေးတွေရှိသေးလို့ အရင်သွားနှင့်ပါမယ်"

သူ ပြောပြီးတာနဲ့ ချက်ချင်းလှည့်ထွက်သွားတော့တယ်။

တုန်ရင်းအာ နေရာမှာပဲ ရပ်နေပြီး ကျန်းရှင်းကျီရဲ့ နောက်ကျောကိုကြည့်နေတယ်။ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပေမဲ့ ဒီအပြုံးက နည်းနည်းစိတ်ပျက်တဲ့ပုံပေါ်နေတယ်။

...

မြို့တော်ထဲက ဆူညံသံတွေကြားနေရတဲ့ အခြေအနေနဲ့မတူဘဲ ကျန်းယွမ်ရဲ့ဘက်မှာတော့ အရမ်းတိတ်ဆိတ်ပြီး ငြိမ်သက်နေတယ်။ သူမဆီကို နေ့တိုင်း စားစရာလာပို့တဲ့သူက ဆွံ့အနေတဲ့သူဖြစ်ပြီးတော့ ဘာမှမပြောဘူး။ ပြီးတော့ သူမ ဒီအစေခံကလွဲပြီး ဘယ်သူ့ကိုမှမတွေ့ဘူး။ အခန်းထဲမှာ အစုံအလင်ရှိနေပြီးတော့ သူမကို အပျင်းပြေစေတဲ့ ခရီးသွားမှတ်စုတချို့တောင်ရှိနေတယ်။ ကျင်းမန်က သူမကို ဖမ်းမိတာတောင် ဒီတိုင်းထားထားတော့ သူမက အသုံးဝင်သေးတာပဲ။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Donde viven las historias. Descúbrelo ahora