အခန်း (၂၀၂)
"ကျန်းလူကြီးမင်း"
စွန်းလုံက ပြောလိုက်တယ်။
"ဒီတရားရုံးကို ခင်ဗျားတို့ လာချင်တိုင်းလာပြီး ပြောချင်တိုင်း ပြောလို့ရတာ မဟုတ်ဘူး။ ခင်ဗျားတို့ သက်သေခံ အရင်ဆုံးပြောတာကို နားထောင်သင့်တယ်"
ကျန်းချွမ်က ဆက်မပြောနိုင်ခဲ့ဘူး။ ဟူတျဲက စွန်းလုံကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"တရားသူကြီးမင်းပြောတာကို နားထောင်မယ်ဆိုရင်တော့ ဒီအစေခံက ကိုယ်လုပ်တော်ရှက ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို ရှင်းပြပါရစေ"
သူမက ခေါင်းငုံ့လိုက်ပေမဲ့ သူမရဲ့အသံက ကြည်လင်နေတယ်။ သူမရဲ့အသံကို ဘေးကရုံးတော်ကလူတွေ သေသေချာချာ ကြားနိုင်တယ်။
"သခင်မ အသက်ရှင်တုန်းက ကျွန်မက ကိုယ်လုပ်တော်ရှဆီမှာ အလုပ်လုပ်နေတုန်းပါ။ သခင်ကြီးက ကိုယ်လုပ်တော်ရှကို အရမ်းချစ်ပေမဲ့ ပထမ သခင်မကိုတော့ သူမက သခင်မနေရာမှာ ရှိနေပေမဲ့ သူမကို မချစ်ခဲ့ဘူး။ ကိုယ်လုပ်တော်က အမြဲတမ်း မောက်မာခဲ့ပြီးတော့ အထက်အရာရှိ မိသားစုကလည်း ဖြစ်တယ်။ ဒီတော့သူမက အဲ့နေရာကို တစ်ခြားလူတွေဆီကို မပေးချင်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့ သခင်မက သူမအတွက်ပဲ နေရာပေးခဲ့ပြီး ကျန်းအိမ်တော်မှာ ဘာမှအချစ်မခံရတာတောင်မှ ကိုယ်လုပ်တော်က အဲ့ဒါနဲ့တင် မကျေနပ်သေးဘူး"
ဟူတျဲရဲ့ စကားတွေက ဘေးကနားထောင်တဲ့ လူတွေကို အံ့အားသင့်ပြီး မှင်သက်သွားစေခဲ့တယ်။ သူတို့က အစကရှရန်ကို မသိခဲ့ကြဘူး။ ဒါပေမဲ့ ရုတ်တရက် ကျန်းအိမ်တော်ကနေ သူမရဲ့နာမည်က ပေါ်ထွက်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါက ထူးဆန်းတယ်လို့ သူတို့မထင်ခဲ့ဘူး။ သူမပြောတာတွေကို နားထောင်ရသလောက်တော့ ကျန်းချွမ်ကဘာလို့ ကျောက်မိန်ကို လက်ထပ်ရတာလဲ။ အဲ့ဒီအစားသူက ရှရန်ကို အရမ်းချစ်နေတာ ရှရန်ကိုပဲ လက်ထပ်လိုက်ရင် ပြီးပြီပဲကို။ ဟူတျဲရဲ့ စကားတွေကို ကြားပြီးတဲ့အချိန်မှာ ရှရန်ရဲ့ အဆင့်အတန်းက ကျန်းအိမ်တော်မှာ ကျောက်မိန်ထက်တောင် ပိုပြီး အဆင့်မြင့်နေတယ်ဆိုတာကို သိခဲ့ကြတယ်။ ဒီကိုယ်လုပ်တော်က အရမ်းလွန်လွန်းသွားပြီ မဟုတ်ဘူးလား။
