Part 158

1.2K 136 0
                                    

အခန်း (၁၅၈)

"မင်းဘာရှာတွေ့ခဲ့တာလဲ"

ဧကရာဇ်က ကြည့်လိုက်ပြီး အိမ်ရှေ့စံက ပြုံးလိုက်တယ်။ သူက သမားတော်ချန်းကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"သမားတော်ချန်း မင်းရှာတွေ့ထားတာကို ခမည်းတော်ကို ပြလိုက်"

သမားတော်ချန်းက လေးစားစွာနဲ့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး မင်းသမီးဟယ်ရီရဲ့အလောင်းကို စစ်ဆေးကြည့်တော့ အလောင်းက နည်းနည်း ထူးဆန်းနေတယ်။ ပြီးတော့ သူ့ရဲ့ အသားအရောင်ကလည်း ထူးဆန်းနေတယ်။ ဒီတော့ကျွန်တော်မျိုး အလောင်းကို သေသေချာချာ စစ်ဆေးကြည့်လိုက်တယ်။ ဒီအချိန်မှာ ကျွန်တော်မျိုး တွေ့လိုက်တာက မင်းသမီးဟယျရီရဲ့ ခန္ဓာကိုယ်ပေါ်မှာ သစ်သားအစအန တစ်ချို့ရှိပြီး သူမရဲ့ ကျောရိုးတွေက တောင့်တင်းမနေဘူး။ ပြီးတော့ သူမရဲ့ဆံပင်တွေက ပြစ်ကျဲနေတယ်"

သမားတော်ပြောတဲ့စကားကို ကြားတဲ့အချိန်မှာ လူတော်တော်များများက စိတ်ရှုပ်ထွေးသွားကြတယ်။ ဧကရာဇ်ရဲ့ မျက်နှာပေါ်ကအကြည့်က လေးနက်လာပြီးတော့ နောက်ဆုံးမှာ သမားတော်ချန်းက မင်းသမီးဟယျရီရဲ့ ခန္ဓာ koကိုယ်ပေါ်က သံသယအကြောင်းကို ပြောလိုက်တယ်။

" မင်းသမီးဟယျရီရဲ့ ခန္ဓာကိုယ်ပေါ်မှာ လိမ်းထားတဲ့ ဒါကအရောင်မရှိအရသာမရှိတဲ့ ဆေးရွက်တမျိုးဖြစ်တယ်။ တကယ်လို့ အဲဒီဆေးရွက်ကို မီးဖုတ်ပြီး ထောင်းပြီး လိမ်းမယ်ဆိုရင် အဲဒီဆေးရွက်က အပုပ်နံ့ကိုပျောက်စေပြီး ခန္ဓာကိုယ်ကို မပုပ်အောင် ထိန်းထားမှာဖြစ်တယ်။ ဒီတော့ မင်းသမီးဟယျရီက သေထားတာကြာပြီလို့ ဆိုလိုတာပဲ"

"ဒါမဖြစ်နိုင်ဘူး"

တော်ဝင်ကြင်ယာတော်ရှု က ဘာမှမပြောဘဲ မနေနိုင်ခဲ့ဘူး။

"ဘာကိုအပုပ်ကောင်ကို ထိန်းသိမ်းထားတာလဲ။ ငါ့သမီးကို ကျန်းယွမ်ကသတ်ခဲ့တာ"

"အဲ့ဒါကသိပ်မသေချာပါဘူး"

သမားတော်ချန်းက တော်ဝင်ကြင်ယာတော်ရှုကို ပြောလိုက်တယ်။

"ကျွန်တော်မျိုး လိမ်မပြောပါဘူး။ မင်းသမီးဟယျရီရဲ့ အလောင်းကို ဆေးကြောပြီးတဲ့အချိန်မှာ အလောင်းက မလိမ်ခဲ့ဘူး။ တကယ်သေတဲ့အချိန်ကို အလောင်းကပြသနေတယ်။ မင်းသမီးဟယျရီရဲ့ ဒဏ်ရာက အပြာရောင်ဖြစ်နေပြီး သူမသေထားတာက တစ်ရက်ထက်ပိုနေပြီ"

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Tempat cerita menjadi hidup. Temukan sekarang