အခန်း(၁၆၄)
ရှောင်ရှို့က ကျန်းယွမ်ကို ကြည့်လိုက်တယ်။ သူမဒီလိုမျိုး စိတ်တိုနေတာကို မြင်ရတာ သူ့ရင်ထဲမှာနည်းနည်း ကျေနပ်သွားတယ်။ သူ့ရဲ့အေးစက်တဲ့ အပြုအမူက အပြုံးလေးနည်းနည်း ပေါ်လာတယ်။
ကျန်းယွမ်က သူ့ကိုကြည့်လိုက်တယ်။ သူမက သူပြုံးနေတာကိုမြင်တော့ သူမရင်ထဲမှာ ပိုပြီးတော့ ဒေါသထွက်လာတယ်။ သူမက ဘယ်အရာကိုမှ သိပ်ပြီးတော့ အများကြီး မျှော်လင့်မထားပေမဲ့ သူမပိုင်ဆိုင်တဲ့ အရာတစ်ခုခုကို တစ်ခြားတစ်ယောက် လာထိတာကိုတော့ မကျေနပ်ဘူး။
ကျန်းစုစုက သူမရဲ့ပစ္စည်းတွေကို လာထိတယ်ဆိုတော့ အဲ့ဒါကသူမကို မပျော်ရွှင်စေခဲ့ဘူး။
သူမက ဒေါသတဖြည်းဖြည်း ထွက်လာပေမဲ့ ရှောင်ရှို့ရဲ့အမြင်မှာတော့ သူမက အရမ်းချစ်စရာ ကောင်းနေတယ်။ သူမက ဘာမှမပြောနိုင်ခင်မှာပဲ ရှောင်ရှို့ကသူမကို ဖက်လိုက်တယ်။
"ရှင်... "
ကျန်းယွမ်က ဒေါသထွက်ပြီးတော့ ရှောင်ရှို့ရဲ့အပြုအမူကို ဆူလိုက်တော့မဲ့အချိန်မှာ သူမ မဆူလိုက်နိုင်ခဲ့ဘူး။ ဒါကလည်း ရှောင်ရှို့ သူမကိုပထမဆုံးအကြိမ် ဖက်တာမဟုတ်ဘူး။ သူမကိုရှောင်ရှို့ ကျင်းရင်းဝမ်အိမ်တော်မှာလည်း အခုလိုမျိုး ဖက်ခဲ့ဖူးတယ်။
"ဒီတိုင်းလေး နေနေပါ"
ရှောင်ရှို့ကသူမရဲ့နောက်ကျောကို ဖြေးဖြေးခြင်း ပုတ်ပေးတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေက သိမ်မွေ့ပေမဲ့ သူ့ရဲ့အားက နည်းနည်း ပါးနေပြီး သူမက မရုန်းနိုင်ခဲ့ဘူး။ သူကပြောလိုက်တယ်။
"မင်းကိုယ့်ကို စိုးရိမ်နေတာလား"
ကျန်းယွမ်က ရှောင်ရှို့ပြောတာကိုကြားတော့ သူမက သူ့ကိုကြည့်ပြီး ပြောလိုက်တယ်။
"အဲ့ဒီအစား ရှင်မြူဆွယ်ခံလိုက်ရတာကမှ ပိုကောင်းအုံးမယ်"
ကျန်းယွမ်ရဲ့ရင်ထဲမှာတော့ ခံစားချက်တွေနဲ့ ရှုပ်ထွေးနေခဲ့တယ်။ သူမက သူမရဲ့ကိုယ်ပိုင်ကိစ္စတွေကိုပဲ ဂရုစိုက်နေခဲ့တာဖြစ်ပြီး သူမက ရှောင်ရှို့ရဲ့ ခံစားချက်ကို ဂရုမစိုက်ခဲ့ဘူး။
