Part 235

720 88 0
                                    


အခန်း (၂၃၅)

မင်ယွဲ့ ရွှမ်းဖေးနဲ့ရှိလာတာ အချိန်အတော်ကြာပြီဖြစ်ပြီးတော့ သူမက ကျင်းရင်ဝမ်ရဲမက်တစ်ယောက်လည်းဖြစ်တော့ သူမ ဒီလိုမျိုးအရာတွေကို ခန့်မှန်းနိုင်တယ်။ ရွှမ်းလီက ဒီလိုမျိုး သူ့အကြံတွေ အောင်မြင်နေပြီဆိုတော့ သူ အသာစီးရနေတယ်လို့ ထင်နေမှာဖြစ်တယ်။ ဒါပေမဲ့ အဲ့လိုမဟုတ်ဘူးဆိုတာ မင်ယွဲ့သိတယ်။

သူ့ရှေ့က ကောင်လေးရဲ့ ရည်ရွယ်ချက်တွေကို သူလေ့လာနေတာ အတော်ကြာပြီဖြစ်တယ်။ ဒါက နည်းနည်းထူးဆန်းပေမဲ့ မင်ယွဲ့လည်း ဘာလို့မှန်းမသိ သူ့စိတ်ကို နားမလည်နိုင်သေးဘူး။ ရွှမ်းဖေးက ရွှမ်းလီနဲ့ စပြီးတော့ ရင်ဆိုင်နေပြီဆိုတာတော့ မင်ယွဲ့သိတယ်။ ရွှမ်းလီ ဧကရာဇ်ကို အဆိပ်ခတ်တုန်းကလည်း ရွှမ်းဖေးသိတယ်။ ဒါပေမဲ့ သူ ဘာမှမသိသလို ဘာမှမပြောသလို ဘာမှလည်း မလုပ်ခဲ့ဘူး။ ပြီးတော့ တားလည်းမတားဘူး။

ရွှမ်းဖေးနဲ့ ရွှမ်းလီတို့ အဲ့နေရာကို လိုချင်ရင် သူတို့ လက်ရှိဧကရာဇ်ကို အရင်ဖြုတ်ချရမှာဖြစ်တယ်။

ရွှမ်းလီက ဒီလိုလုပ်ခဲ့ပေမဲ့ ဒါကလည်း သူ လုပ်ချင်တဲ့အရာဖြစ်ပြီး သူ ရွှမ်းလီရဲ့ လက်ကို အငှားအသုံးပြုလိုက်သလိုပဲ။ အရေးကြီးဆုံးက ရွှမ်းလီက ဒီကိစ္စကို ဘယ်သူမှ မသိဘူးလို့ ထင်နေတာပဲ။ ဒါပေမဲ့ ရွှမ်းဖေးက ဒါတွေအကုန်လုံးကို သိနေတယ်။

ရွှမ်းလီက ကြီးပြီမို့ ဒီလိုတွေ လုပ်ပြီးတော့ ဖုံးကွယ်ထားနိုင်တာ မထူးဆန်းပေမဲ့ ရွှမ်းဖေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုးတွေအထိပါ သိနေပြီဖြစ်ပြီး ဒီအခြေအနေမျိုးမှာ အရမ်းတည်ငြိမ်နေလွန်းတယ်။ ဧကရာဇ်က ရွှမ်းဖေးက အရည်အချင်းရှိတယ်ဆိုတာကိုသိကတည်းက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်။ ဒါပေမဲ့ ရွှမ်းဖေးကတော့ ဧကရာဇ်သေမှာကို ဂရုမစိုက်စွာနဲ့ပဲ ကြည့်နေခဲ့တယ်။ ဒီတည်ငြိမ်မှုနဲ့ ဂရုမစိုက်မှုကပဲ မင်ယွဲ့ကို ကြောက်စေခဲ့တာဖြစ်တယ်။ ဒီလူငယ်က ရွှမ်းလီထက်ကိုပိုပြီးတော့ ဧကရာဇ်နေရာနဲ့ သင့်တော်တယ်ဆိုတာကို ပြသခဲ့တာပဲ။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Waar verhalen tot leven komen. Ontdek het nu