Part 184

1.4K 129 4
                                    

အခန်း (၁၈၄) (က)

ကျန်းယွမ်က သူမရှေ့က ရှောင်ရှုံးကို ကြည့်လိုက်တယ်။ ဒီနေ့သူ့ရဲ့ စကားတွေက မရှင်းပြနိုင်တဲ့ ခံစားချက်တွေ ပါဝင်နေတယ်။ ပြီးတော့သူက နည်းနည်း ထူးဆန်းနေသလိုပဲ။ သူမက သူမရှေ့က ဒီနက်မှောင်တဲ့ အကြည့်တွေနဲ့ သူမကို ကြည့်နေတဲ့ လူငယ်ကို တစ်ချက်ကြည့်လိုက်တယ်။ သူ့ရဲ့အကြည့်တွေက လူတွေရဲ့ နှလုံးသားထဲကို ထိုးထွင်းကြည့်နေနိုင်သလိုမျိုးပဲ။

ရှောင်ရှုံးရဲ့ မျက်နှာထားက အေးစက်ပြီး ဂရုမစိုက်တဲ့ပုံ ပေါ်ပေမဲ့ သူကတကယ်တန်းတော့ သူ့ဘေးကလူတွေကို ဂရုစိုက်တတ်တဲ့ လူဖြစ်တယ်။ ဒီလိုအချိန်မှာ သူကသူမကို ဘာမှထိခိုက်မခံစေချင်တဲ့ပုံပဲ။ ကျန်းယွမ်က အဲ့ဒါကို တွေ့လိုက်တဲ့အချိန်မှာ သူမက သူမစိတ်ထဲမှာ ငြင်းလိုက်တယ်။ ရှောင်ရှုံးက သူ့ဘာသာသူ နေတတ်ပြီးတော့ ဒီလိုမျိုး ခံစားချက်တွေကို ဖွင့်ထုတ်ပြတဲ့ လူမျိုးမဟုတ်ဘူး။ သူတစ်ခုခု ဖြစ်နေမှာကို သူမက စိုးရိမ်သွားတယ်။ ခဏကြာတော့ သူမက ပြောလိုက်တယ်။

"ကောင်းပါပြီ"

သူမက ဆက်ပြောတယ်။

"အခုရှင် ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကို ပြန်ရောက်လာပြီဆိုတော့ အရှင်မင်းကြီးဆီကို သွားပြီးတော့ တင်သွင်းစရာရှိတာတွေ သွားတင်သွင်းလို့ ရပါပြီ"

ရှောင်ရှုံးက အစကတည်းက အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ဖြစ်ပြီးတော့ သူကရုံးတော်ထဲမှာ ဘယ်သူ့ဘက်မှလည်း မပါခဲ့ဘူး။ ပြီးတော့သူက ဒီလိုမျိုး အရေးကိစ္စတွေမှာ ဝင်ပါစရာလည်း မလိုအပ်ဘူး။ ဧကရာဇ်က အရင်ကတည်းက သူ့ရဲ့အလုပ်ကိစ္စ တစ်ခုခု အောင်မြင်ခဲ့တာနဲ့ အမြဲတမ်းသူ့ကို ဆုချီးမြင့်တယ်။ ပြီးတော့သူက အရာရှိနေရာကိုလည်း မယူခဲ့ဘူး။ အခုရှောင်ရှုံးက နယ်စပ်ကနေ တိုက်ပွဲကို အောင်မြင်စွာတိုက်ပြီး ပြန်လာခဲ့ပြီဖြစ်လို့ ဧကရာဇ်ကသူ့ကို တစ်ခုခု ချီးမြင့်မှာသေချာတယ်။

ကျန်းယွမ်က ရုတ်တရက် တစ်ခုခုကို တွေးလိုက်ပြီး ပြုံးပြီးပြောလိုက်တယ်။

"ကျွန်မအဲ့ကိစ္စကို စဉ်းစားချင်သေးတယ်။ ကြည့်ရတာ ရှင့်အပေါ်ကို တချို့မိန်းမလှလေးတွေကလည်း စိတ်ဝင်စားနေတဲ့ပုံပဲ"

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Onde histórias criam vida. Descubra agora