အပိုင်း(၈):ကျောင်းစဖွင့်လေပြီ
ရက်အနည်းငယ်အတွင်းမှာ၊ မြို့တော်တက္ကသိုလ်က စတင်ဖွင့်လှစ်တော့မှာဖြစ်ပါသည်။ ချန်းယုစီစဉ်ထားတာအရဆိုရင်၊ ဒီတကြိမ်၌ တက္ကသိုလ်မှာ စောစောစာရင်းသွင်းထားလေတယ်၊ ဒီတော့ သူမချန်းမိသားစုထံပြန်လာတော့၊ သူမဒါနဲ့ပတ်သတ်ပြီး စိတ်စောနေဖို့မလိုအပ်လေဘူး။
“ချီချီ အာ၊ သမီးအဆောင်မှာနေမှာလား ဒါမှမဟုတ် အိမ်မှာပဲသမီးနေမလား?” မနက်စာစားနေစဉ် အမေချန်းမေးလာလိုက်သည်။
ချန်းယုတကယ်တော့ ကျောင်းအဆောင်မှာပဲနေချင်လေတယ်၊ ဒါပေမဲ့ သူမခေါင်းကိုလှည့်ပြီး အမေချန်းရဲ့မျက်နှာအမူအယာကိုကြည့်လိုက်တော့၊ သူမပါးစပ်က ရုတ်တရက်ဘာမှမပြောနိုင်လေတော့ဘူး။
“ဒါပေါ့ သူမအဆောင်မှာပဲနေမှာပေါ့။” မြို့တော်ဝန်ချန်း သူ့သမီးရဲ့အခက်အခဲဖြစ်နေတာကို သတိထားမိတာကြောင့် ကူညီရန်ပြောလာလိုက်တယ်၊ “တက္ကသိုလ်က သူငယ်ချင်းရှာဖို့ မှန်ကန်တဲ့အချိန်ပဲ၊ သူမသာအိမ်မှာနေမယ်ဆိုရင်၊ သူမအတန်းဖော်တွေနဲ့ တုံ့ပြန်ဖို့အချိန်နည်းသွားလိမ့်မယ်။”
“ဒါအမှန်ပဲ အာ။” အမေချန်းလည်း ဒါကိုနားလည်လေတယ်၊ ဒါပေမဲ့ သူမရဲ့ပျောက်သွားတဲ့သမီးကိုရှာတွေ့တာမှ ရက်အနည်းငယ်ပဲရှိသေးတာ သူမအိမ်ကပြန်ထွက်သွားဦးမယ်လို့ သူမခံစားနေရတာဖြစ်လေတယ်၊ သေချာပေါက် သူမစိတ်ထဲတွန့်ဆုတ်သလိုခံစားနေရမှာပေါ့။
“အမေ” ချန်းယုနှစ်သိမ့်ပေးလာလိုက်တယ်၊ “သမီးကျောင်းက အရမ်းမဝေးပါဘူး၊ အနာဂတ်မှာ ပိတ်ရက်ရောက်တိုင်း ဒီကိုသမီးပြန်လာပါ့မယ်။ အမေသမီးကိုလွမ်းရင်၊ ကျောင်းကိုလာပြီး သမီးကိုလာရှာလို့ရတယ်လေ။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါဆို သမီး ပိတ်ရက်ရောက်တိုင်းပြန်လာရမယ်နော်။”
“အမ်။” ချန်းယု အမေချန်းပျော်စေနိုင်ဖို့ ပြင်းပြင်းထန်ထန်ခေါင်းညိတ်ပြလာလိုက်တယ်၊၊
မှန်နေတာပဲ၊ သမီးတစ်ယောက်က ရင်းနှီးတဲ့ချာ်ထည်ဂျက်ကတ်အသေးလေးဆိုတာက၊မြို့တော်ဝန်ချန်း အပိုပေါင်မုန့်တစ်လုံးထပ်စားလိုက်ပြီး သူ့ခေါင်းကို သူ့သားဘက်လှည့်ကာ “မင်းလည်း နောက်နောင် ပိတ်ရက်တွေတိုင်းပြန်လာခဲ့ရမယ်။”
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...