အပိုင်း(၉၇.၁):အချစ်ဦး
"ဒါကိုမင်းလုပ်ထားတာ?" လော့မင်ပြန်ပြုပြင်ထားတဲ့ ဝိညာဉ်စုစည်းခြင်းအစီရင်ကိုကြည့်ပြီး ဆရာမော်က မယုံကြည်နိုင်ဖြစ်လျက် မေးလာလေတယ်။
"အင်း၊" လော့မင်က ခေါင်းညိတ်ပြလာလေတယ်။
"ဒါကိုအိပ်မက်မက်ခဲ့တာလား?"
"ဟုတ်တယ်၊" လော့မင်က ခေါင်းထပ်ညိတ်ပြလာလေတယ်။
"မယုံနိုင်စရာပဲ၊" ရိုးရှင်းလှတဲ့ နေရာအနည်းငယ်ပြောင်းလဲလာတာသာဖြစ်သွားခဲ့ပေမဲ့၊ ခြံဝန်းထဲကစိတ်စွမ်းအင်စုစည်းခြင်းက အရင်ကထက် နှစ်ဆများလာခဲ့ပြီး၊ ခြံဝန်းထဲကအပူချိန်ကလည်း အတော်လေးလျော့ကျသွားခဲ့လေပြီ။
"ဝိညာဥ်စုစည်းခြင်းအစီရင်အပြင်ဘာတွေမက်ခဲ့သေးလဲ?" ဆရာမော်က မေးလာလိုက်လေတယ်။
"ပြတ်တောင်းပြတ်တောင်းမြင်ကွင်းတချို့ကောပဲ။ အရင်တုန်းက တစ်ခါမှမသေချာခဲ့ဘူး၊ ဒါပေမဲ့ ဒီဝိညာဉ်စုစည်းခြင်းအစီရင်ကအကဲခတ်ကြည့်ရသလောက်၊ အဲ့တာတွေက ကျွန်တော့အတိတ်ဘဝတုန်းက မှတ်ဉာဏ်တွေဖြစ်နိုင်တယ်။" လော့မင်က သူ့အတွေးတွေကို ဆရာမော်အား ပြောပြလာခဲ့လေတယ်။
"ဘယ်အချိန်ကစပြီး မင်းမှတ်ဉာဏ်တွေနိုးထလာခဲ့တာလဲ?" ဆရာမော်က မေးလိုက်လေတယ်။
"အရိုးပုလွေကို မြင်ပြီးနောက်ပိုင်းဖြစ်မယ်ထင်တယ်၊" လော့မင်က မရေမရာဖြစ်လျက် ပြောလာလိုက်လေတယ်။
"အရိုးပုလွေ? အဲ့တာက အဲဒီဝိညာဉ်လက်နက်နဲ့များပတ်သတ်နေလောက်လား?" ဆရာမော်က ခဏလောက်တွေးကြည့်ပြီးပြီးနောက် သူ့ဘာသာသူ ငြင်းဆန်လာလေတော့တယ်၊ "ကြေးဓားလည်းဝိညာဥ်လက်နက်ပဲလေ၊ ဒါပေမဲ့ သူကျမင်းအပေါ်ဘာသက်ရောက်မှုမှမရှိနေဘူး၊ ဒီတော့ ငါထင်တာတော့ အဲ့တာက အရိုးပုလွေမဖြစ်နိုင်ဘူး။ ဖုန်းလောနိုးထလာတာက မင်းအပေါ်သက်ရောက်မှုရှိလာစေခဲ့တာထင်တယ်။"
သူမှတ်ဉာဏ်တွေပြန်ရလာခဲ့တာက ဝိညာဉ်လက်နက်ရဲ့အကျိုးသက်ေရာက်မှုကြောင့်လား ဖုန်းလောနိုးထလာတာကြောင့်လားဆိုတာကို လော့မင်လည်း မရေမရာဖြစ်နေခဲ့တာ။ တကယ်တော့၊ ဒီအကြောင်းရင်းနှစ်ခုလုံးက သူ့အတွက် ဘာကွာခြားမှုမှမရှိနေပါဘူး။ အဓိကက သူတစ်ခါမှမကြုံဖူးခဲ့တဲ့ဖြစ်ရပ်တွေကို မှတ်မိလာခဲ့တာပဲ။
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...