အပိုင်း(၅၅.၃):ကျွန်မဖောက်သည်တွေကိုထိခိုက်အောင်မလုပ်နဲ့
“မိန်းကလေးချန်း၊ မင်းပိုင်နက်ကျူးလွန်နေတယ်၊ ရန်ပွဲတွေမှာပါဝင်နေတယ်လို့ သံသရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့နောက်လိုက်ခဲ့ပေးပါ။” ရဲဝန်ထမ်းတစ်ယောက် ကျယ်ကျယ်လောင်လောင်ပြောလာလေသည်။
ဘာ? ငါပြစ်မှုကျူးလွန်မိတာလား?
ဘာမှမဆုံ့ပြန်လာတဲ့ချန်းယုကို ရဲဝန်ထမ်းနှစ်ဦးသတိပြုမိလိုက်တော့၊ ဒါရိုက်တာကျန်ဆီကနေ အချက်ပြတာသူတိူ့လက်ခံရရှိလိုက်လေသည်။ သူတို့ချန်းယုကိုင်ပြီးဆွဲခေါ်သွားတော့မယ့်အချိန်၊ ချန်းယုကိုကိုင်ရန်လက်လှမ်းနေချိန်၊ ကျောက်ခဲနှစ်ခုရုတ်တရက်ပြုတ်ကျလာကာ သူတို့လက်တွေကိုထိလာလေတယ်။
ရဲဝန်ထမ်းနှစ်ဦး နာနာကျင်ကျင်အော်ဟစ်လိုက်လေသည်။ သူတို့သတိအနေအထားနဲ့ သေနတ်ထုတ်ပြီး ကျောက်တုံးပစ်လာတဲ့ဘက်ကိုချိန်ရွယ်လိုက်လေသည်။ သူတို့အော်ဟစ်လိုက်တယ်၊ “အဲ့မှာဘယ်သူလဲ?”
သေနတ်...သေနတ်ထုတ်တာ?? သေနတ်ကို ချန်းယုမြင်လိုက်တော့၊ သူမပိုသတိထားနေလိုက်တယ်။
“တ-တ-တ-”
လူအုပ်ရဲ့အကြည့်က အမှောင်ဆီရောက်လာကာ၊ အမှောင်ထဲကနေ လူသန်ကြီးခုနစ်ဦးထွက်လာတာကိုသာမြင်တွေ့လိုက်ရလေသည်။ သေနတ်နှစ်လက်ချိန်ရွယ်ထားတာကို ရောက်လာတဲ့သူတွေ လုံးလုံးလျစ်လျူရှုထားပြီး ချန်းယုဆီတန်းတန်းမတ်မတ်လျှောက်လာလိုက်သည်။ သူ တောင်းပန်သလိုပြုံးကာပြောလာလေတယ်၊ “မိန်းကလေးချန်းယု၊ မင်းအဆင်ပြေတယ်မလား?”
“ရှင်...ရှင်က...” ချန်းယုအနည်းငယ်စိတ်လှုပ်ရှားနေလေသည်။
“ကျွန်တော်က ကြာသပတေးနေ့ တာဝန်ကျတဲ့လက်ထောက်၊ ပန်ဖုန်းပါ။” ပန်ဖုန်း သူ့ကိုယ်သူအပြုံးနဲ့မိတ်ဆက်လာလိုက်တယ်။
“မင်းဘာလို့အဲဒီမှာရပ်နေသေးတာလဲ? လူကိုအဝေးခေါ်သွားလိုက်။” ကွင်းအပြင်ဘက်ကဒါရိုက်တာကျန် နောက်ထပ်လူပေါ်လာတာကိုမြင်တော့ အလောတကြီးဖြစ်လာလေသည်။
“အခုချက်ချင်း!” ရဲဝန်ထမ်းနှစ်ဦး ရှေ့ထပ်တိုးလိုက်လေသည်။ သို့သော်၊ သူတို့လှုပ်လိုက်တာနဲ့၊ ချန်းယုကို စကားပြောနေတဲ့ပန်ဖုန်း၊ ရုတ်တရက်လှည့်လိုက်လေသည်။ ပန်ဖုန်းလက်ဘယ်လိုလှုပ်သွားလဲဆိုတာကိုမမြင်လိုက်ရဘဲ၊ ရဲဝန်ထမ်းနှစ်ဦးလက်ထဲကသေနတ်တွေ အလုခံလိုက်ရပြီး၊ ခဏလေးအတွင်း၊ သေနတ်ကိုတစ်တစီဖြုတ်ကာ မြေပြင်ပေါ်ပစ်ချလိုက်လေသည်။
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...