အပိုင်း(၅၇.၃):မြေအောက်လောကရဲကိုခေါ်လိုက်

1.8K 265 0
                                    

အပိုင်း(၅၇.၃): မြေအောက်လောကရဲကိုခေါ်လိုက်

မိနစ်နှစ်ဆယ်လောက်ကြာတော့၊ လူနာဆောင်ထဲ ချန်းယုနဲ့ချန်းယန် လျှောက်ဝင်လာလိုက်လေသည်။

“ဒါရိုက်တာကျန်။” အရင်ဆုံး ဒါရိုက်တာကျန်ကို ချန်းယန်အလေးပြုလိုက်လေသည်။

ဒါရိုက်တာကျန် ချန်းယန်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ချန်းယုကို စိတ်အားထက်သန်စွာ ကြည့်ပြီး မေးလိုက်လေတယ်၊ “ချန်းယု၊ ဇီယန်ကိုယ်ပေါ်က အသက်လဲလှယ်ခြင်းအစီအရင်ကို မင်းဖြည်ပေးနိုင်လား?”

“အခုမလုပ်နိုင်သေးဘူး။” ချန်းယုပြန်ဖြေလိုက်လေသည်။

လျူရှုချန်ရဲ့မျက်ဝန်းထဲ ‌ကောက်ကျစ်တဲ့အပြုံးတစ်ခု ဖြတ်ခနဲပေါ်လာလေတယ်။ သူ့မိသားစု နှစ်ခြောက်ရာကျော် အမွေဆက်ခံလာခဲ့တဲ့ အသက်လဲလှယ်ခြင်းအစီအရင်ကို တစ်စုံတစ်ယောက်က ဘယ်လိုလုပ်အလွယ်တကူရပ်နိုင်မှာလဲ?

“အခုလုပ်လို့မရဘူး?” ဒါရိုက်တာကျန် စိတ်အားထက်သန်စွာမေးလာလေတယ်၊ “ဒါဆို ဘယ်အချိန်လုပ်လို့ရနိုင်လဲ?”

“ကျွန်မ မြို့စောင့်နတ်ကို အကြောင်းကြားပြီးရင်။ သူဘာပြောလာမလဲဆိုတာ စောင့်ကြည့်ရတာပေါ့။” ချန်းယုပြန်ဖြေလိုက်လေသည်။

“မြို့စောင့်နတ်?” ဒါရိုက်တာကျန် တောင့်သွားလေသည်။

လျူရှုချန်အမူအရာပြောင်းလဲသွားပြီး၊ သူ့စိတ်ထဲ မကောင်းတဲ့အဖုအထစ်တစ်ခု ဖြတ်ခနဲထွက်ပေါ်လာလေသည်။

“ဟုတ်တယ်၊” ချန်းယုခေါင်းညိတ်ကာ၊ “ဒီအစီအရင်က အလွန်အားကောင်းတယ်၊ ပြီးတော့ နှစ်ခြောက်ရာကျင့်ကြံရေးအဆင့်ရှိတဲ့မလိုမုန်းထားသရဲပါ ပါဝင်နေတာ။ ဒီတော့၊ ဒီကိစ္စကို မြို့စောင့်နတ်ဆီ အစီရင်ခံပြီး အဲဒီပုဂ္ဂိုလ်ကို ကူညီခိုင်းရမယ်။”

“ဒါဆို မြို့စောင့်နတ်ကို အစီရင်ခံဖို့ အချိန်ဘယ်လောက်ကြာမှာလဲ?” ဒါရိုက်တာကျန် တိုက်တွန်းလာလေတယ်၊ “ဇီယန်မှာအချိန်မရှိတော့ဘူး။”

“အချိန်မကြာပါဘူး။ မစ္စတာလျူလိုက်လာဖို့ဆန္ဒရှိနေသရွေ့၊ တစ်နာရီကျော်လောက်ပဲ ကြာမှာပါ။” ချန်းယုပြောပြီး သူမခေါင်းကိုလှည့်ပြီး လျူရှုချန်ကိုကြည့်လိုက်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Où les histoires vivent. Découvrez maintenant