အပိုင်း(၇၀.၂):တားမြစ်နည်းပညာ

1.7K 245 5
                                    

အပိုင်း(၇၀.၂):တားမြစ်နည်းပညာ

“ဒါဆို သေခြင်းရှင်ခြင်းစာအုပ်က ဘာအကျိုးရှိနေဦးမှာလဲ? အဲ့တာကို အလွယ်တကူပြောင်းလဲလို့ရနိုင်တယ်ပေါ့လေ?” ချန်းယု ဖိပြောလာလေသည်။

“ဒါက ဘယ်လိုလုပ်လွယ်ကူမှာတုန်း၊ ဟမ်?” အဘိုးဝူ ဆူငေါက်လာလေတယ်၊ “အဲ့တာက အခြေအနေအများအပြားနဲ့ ရင်ဆိုင်ရမှဖြစ်မယ်။ အရင်ဆုံး၊ မင်းကယ်တင်ချင်တဲ့လူက မတော်တဆဖြစ်ပြီး သေလုနီးပါးအခြေအနေရောက်နေရမယ်။ အဲဒီလိုနည်းနဲ့၊ သူ့အသက်စွမ်းအင်အများအပြားဆုံးရှုံးနေတဲ့အချိန်မှာ၊ အသက်စွမ်းအင်ပြန်ပြည့်လာဖို့ မင်းအခွင့်အရေးရလာလိမ့်မယ်။ တစ်ဖက်မှာတော့၊ အဲဒီလူက သဘာဝအတိုင်းသေတာဆိုရင်၊ သူ့အသက်စွမ်းအင်က ကုန်ခမ်းလုနီးပါးဖြစ်နေလိမ့်မယ်။ မင်းအဲ့တာတွေကို ပြန်အရယူချင်ရင်တောင်မှ၊ ပြန်သက်သာလာနိုင်စေတဲ့ ဘာအသက်စွမ်းအင်မှ မင်းမှာမရှိနေဘူး။”

“ပြီးတော့၊ သေခါနီးလူတစ်ယောက်ရဲ့အသက်စွမ်းအင်လုယူတာကို ဘယ်သူမဆိုလုပ်နိုင်တယ်ထင်နေတာလား? ဒီအပြင်၊ သေခြင်းရှင်ခြင်းစာအုပ်က ပြောင်းလဲမှုသင်္ကေတတွေကို မြေအောက်လောကရှာတွေ့လိုက်တာနဲ့၊ နယ်ခံသရဲတမန်တော်ကိုပို့ပြီး အဲ့တာကိုစုံစမ်းစစ်ဆေးခိုင်းလိမ့်မယ်။” အဘိုးဝူဆက်ပြောလာလေတယ်၊ “ဒါကြောင့်၊ အတားအဆီးသရဲတမန်တော်ကိုခုခံနေရင်း အသက်စွမ်းအင်ကို ပြန်ပြည့်လာအောင် မင်းလုပ်ရမယ်။”

“ဒါဆို အောင်မြင်ဖို့ ခက်ခဲသွားမှာမဟုတ်လား?” ချန်းယု ဒီမြင်ကွင်းကို စိတ်ကူးကြည့်လိုက်ပြီးနောက် အောင်မြင်နိုင်ချေက အရမ်းနည်းနေတယ်လို့ သူမခံစားမိလိုက်လေသည်။

“ဒါက မင်းမှာစွမ်းရည်ရှိမရှိပေါ် မူတည်နေတယ်။ ဒီကမ္ဘာမှာ၊ သန်မာတဲ့လူတွေကို လူတွေက လေးစားကြတယ်။” အဘိုးဝူ ပြောလာလေတယ်၊ “မင်းကျင့်ကြံရေးအဆင့်သာ မြင့်မားနေမယ်ဆိုရင်၊ သရဲတမန်တော်ရဲ့တိုက်ခိုက်ချက်တွေကို ခုခံနေရင်း တစ်ချိန်တည်းမှာပဲ အသက်စွမ်းအင်ပြန်ပြည့်လာအောင် မင်းလုပ်နိုင်လိမ့်မယ်၊ ဒါဆို ယန်ဝမ်ဆီကလူကို မင်းလုနိုင်သွားပြီ။”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Where stories live. Discover now