အပိုင်း(၉):ငါနင့်ကိုဖမ်းမိပြီ

3.1K 391 10
                                    

အပိုင်း(၉): ငါနင့်ကိုဖမ်းမိပြီ

“ဖေဖေ၊ မြန်မြန်လုပ်၊ ငါတို့တွေနောက်ကျနှင့်နေပြီ!”

ကျန်းမူဝမ်ရဲ့အော်နေမှုနောက်မှာ၊ ဖန်ဖေဖေ အဆောင်မှနေ ကမန်းကတန်းပြေးထွက်လာလိုက်တယ်၊ ပြီးနောက်မှာတော့ တစ်ရက်လောက်ပဲတွေ့ဆုံရသေးတဲ့မိန်းကလေးလေးဦး ‌တက္ကသိုလ်ရဲ့အားကစားကွင်းကို ရယ်မောကာလျှောက်လာလေတယ်။

ဒီနေ့က မြို့တော်တက္ကသိုလ်၏ဖွင့်ပွဲအခမ်းအနားကျင်းပတဲ့နေ့ဖြစ်လေတယ်၊ ဖန်ဖေဖေကြောင့် သူမတို့လေးဦး အားကစားကွင်းကို နောက်ကျမှရောက်လာလေသည်။ လူအုပ်နောက်မှာ လေးယောက်သား တိတ်တိတ်လေးရပ်နေရုံသာရပ်နေလိုက်ပြီး အဝေးမှစင်မြင့်ကိုကြည့်နေလိုက်တယ်၊ ဒါပေမဲ့ ဒီလိုဝေးကွာတဲ့နေရာကနေ သူတို့ရှင်းရှင်းလင်းလင်းမမြင်နိုင်လေဘူး။

ဆယ်နာရီမှာတော့၊ ထုတ်လွှင့်နေတဲ့သီချင်းက ချက်ချင်းရပ်သွားလေတယ်၊ ပြီးနောက်မှာတော့ ဖွင့်ပွဲအခမ်းအနားချက်ချင်းစတင်လေသည်။ အစီစဉ်မှူးက ကျောင်းရဲ့ခေါင်းဆောင်တွေကို မိတ်ဆက်ပေးလာလေတယ်၊ နောက်ကလေးယောက်ကတော့ အဆက်မပြတ်လက်ခုပ်တီးပေးနေလေတယ်၊ ဘာပဲဖြစ်ဖြစ်၊ သူတို့သေသေချာချာမမြင်နိုင်ဘူး၊ ဒီတော့ သူတို့လူတိုင်းလိုလိုက်လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

“အခု၊ ဒီနှစ်ရဲ့ လူသစ်ကိုယ်စားလှယ်ကို လူသစ်တွေကိုယ်စား ပြောဆိုပေးဖို့အတွက် ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်။” နောက်တစ်ကျော့ပြန်လက်ခုပ်တီးပြီးနောက်မှာတော့၊ မိုက်ခရိုဖုန်းရှေ့ရပ်နေတဲ့ကောင်လေးကို ချန်းယုအဝေးကနေမြင်လိုက်လေသည်။

“ချင်းရီက မနှစ်တုန်းက လူသစ်ကိုယ်စားလှယ်လို့ငါကြားတာပဲ၊ ငါတို့နှစ်ကလူလည်း အဲ့လိုချောလားမချောလားဆိုတာ ငါလည်းမသိဘူး။” ဖန်ဖေဖေမေးလာလိုက်တယ်၊ အဝေးမှာရှိတဲ့ ယောင်‌ဝါးဝါးပုံရိပ်ကိုကြည့်ရင်း တီးတိုးရေရွတ်လာလေသည်။

“အဲ့လိုမဖြစ်နိုင်ဘူး အာ။” ဟန်ယောပြန်ဖြေလာလေတယ်၊ “ချင်းရီလိုချောတဲ့သူက လူအနည်းငယ်လောက်ပဲရှိတာ။”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora