အပိုင်း(၉၃.၁):လုနင်နဲ့အမှတ်မထင်တွေ့ဆုံခြင်း

1.5K 152 1
                                    

အပိုင်း(၉၃.၁):လုနင်နဲ့မမှတ်မထင်တွေ့ဆုံရခြင်း

ချန်းယုက သတိလစ်တာကနေနိုးလာတော့၊ တောင်ခြေရင်းက‌ဟိုတယ်ဆီပြန်ရောက်နေလေပြီ၊ ကုတင်ပေါ်ကနေ ဒယီဒယိုင်ထလာလိုက်ပြီး ဟိုတယ်ရဲ့လေးလံတဲ့မျက်နှာကြက်ကနေကြမ်းခင်းထိ လိုက်ကာအားဖွင့်လာလိုက်လေတယ်။ အပြင်မှာမှောင်တောင်မှောင်နေလေပြီ။

တောက်ပလွန်းတဲ့လမ်းမီးတွေကြောင့် မျက်စိစူးသွားရလေတော့၊ သူမမျက်လုံးတွေကိုအလိုလိုမှေးလိုက်ပြီး၊ လှည့်လာကာ ဆိုဖာပေါ်က သူမလွယ်အိတ်ကိုရှာဖွေလိုက်လေတယ်။ ထို့နောက်မှာတော့ အထဲကသူမဖုန်းကိုထုတ်ပြီး သူမအဘိုးကို ‌ဖုန်းခေါ်လိုက်လေတယ်။

"မင်းနိုးပြီလား?" အဘိုးဝူရောက်နေတဲ့နေရာက အတော်လေးဆူညံနေပုံပဲ၊ ဖုန်းထဲပြတ်သားသောတီးတိုးသံလေးတွေကို ကြားနေရလေတယ်။

"ဘာလို့ရုတ်တရက်ကြီးမှောင်သွားရတာလဲ?" ချန်းယုက အခုထိအမူးမပြေသေးနေလေဘူး။

"အိပ်တာကနေ မင်းတုံးများတုံးအသွားပြီလား?" အဘိုးဝူက မနှစ်မြို့စွာပြောလာလေတယ်၊ "စိတ်စွမ်းအင်စုဆုံရာအစီရင်အသက်သွင်းလာတဲ့အကြောင်းတွေကို မင်းမေ့သွားခဲ့ပြီလား?"

"အို၊ ကျွန်မမှတ်မိပြီ၊" ချန်းယုက ထပ်မံမေးလာလေတယ်၊ "အဘိုးဘယ်မှာလဲ?"

"မင်းမနိုးသေးဘူးဆိုတော့၊ ငါ့ဘာသာငါစားဖို့ထွက်လာခဲ့တာ။ မင်းကောလိုက်လာချင်လား? အဲ့တာက ဟိုတယ်ဝင်ပေါက်ရဲ့လမ်းဆုံ၃ဆုံရှေ့က အသားကင်ဆိုင်ပဲ၊" အဘိုးဝူက အသားကင်တစ်ချောင်းစားရင်း ပြောလာလိုက်လေတယ်။

"ထားလိုက်တော့၊ ကျွန်မအဲ့ရောက်လာချိန်ကျရင်၊ အဘိုးလည်းစားပြီးသွားလောက်ပြီ။ ကျွန်မဘာသာကျွန်မစားဖို့နေရာရှာလိုက်တော့မယ်၊" ချန်းယုက ငြင်းလိုက်ပြီး ဖုန်းချရန်လုပ်လိုက်လေတယ်။

"ကောင်မလေး..."

"ဟမ်?" အဘိုးဝူက သူမအားခေါ်လာလိုက်တာကို ချန်းယုကြားလိုက်ရလေတော့၊ ဖုန်းကိုသူမနားနားပြန်ထားလိုက်လေတယ်။

"မင်းဝိညာဥ်စုဆုံရာအစီရင်ကို အသက်သွင်းလိုက်တုန်းက စိတ်စွမ်းအင်အများအပြားကုန်ခမ်းခဲ့တာ၊ အခုတစ်ခုခုကမူမမှန်နေဘူးလို့မင်းခံစားရလား?" အဘိုးဝူက မရဲတရဲမေးလာလိုက်လေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora