အခန်း(၁၇.၁):နှာဗူးတစ်ယောက်ဖမ်းမိခြင်း
လော့မိသားစုခြံဝန်းထဲ ချန်းယုဝင်သွားပြီး ဆယ်မိနစ်ကြာပြီးနောက်၊ တစ်နေ့အတွင်းမှာ ပထမဆုံးအကြိမ် ခပ်လျှိုလျှိုအနက်ရောင်ကားတစ်ဦး ခြံဝန်းထဲကနေမောင်းထွက်လာပြီး လူစုလူဝေးရှိတဲ့လမ်းပေါ် မောင်းလာလိုက်လေသည်။
ထွက်မလာခင်၊ လော့မင် သူ့အမေကိုခေါ်လိုက်လေတယ်၊ ဒါပေမဲ့ ဖုန်းခေါ်တာမချိတ်ဆက်သွားလေဘူး။ လော့မင် ခဏနေသူအဲ့ကိုရောက်လာမယ်ဆိုတာကို သူ့အမေရဲ့ဖုန်းဆီ စာပို့ပြီးတော့သာပြောနိုင်လေတော့သည်။ တကယ်တော့၊ သူအိမ်အပြင်ဘက်ကို သူတကယ့်ကိုရုတ်တရက်ကြီးပေါ်လာချင်တာဖြစ်လေတယ် ပြီးတော့ သူ့မိသားစုကို အံ့ဩသွားစေချင်လေသည်။ ဒါပေမဲ့ သူ့အခြေအနေကိုစဉ်းစားပြီးတော့၊ ဒီအကြံအစည်ကို လော့မင်လက်လျော့လိုက်ရလေတော့သည်။
သူ့လက်ဖဝါးကစိတ်ဝိညာဉ်ငြိမ်သက်စေတဲ့အဆောင်ကနေ အေးမြမှုလေးထွက်ပေါ်လာလေသည်။ လော့မင်ဝိုးတိုးဝါးတားနှင့် သူ့လက်ကိုဖွင့်လိုက်ပြီး အပြင်ဘက်ပြတင်းပေါက်က ယောက်ယက်ခတ်သွားလာနေတဲ့လူစုလူဝေးကို နှစ်စက္ကန့်မျှငေးကြောင်ကြောင်ကြည့်နေလိုက်လေသည်။
ဒီကမ္ဘာမှာ တစ်ခုခုလုပ်ရန် တစ်စုံတစ်ခုပေးဆပ်ဖို့လိုလေသည်။ စိတ်ဝိညာဉ်ငြိမ်သက်စေတဲ့အဆောင်က သူ့ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်လေတယ် ဒါပေမဲ့ ဒီတစ်ခုထဲကပဲ သူ့ကိုသာမန်လူတစ်ယောက်လိုသွားလာခွင့်ပြုနိုင်စေလေသည်။ သူအိမ်ကိုသွားပြီး သာမန်လူတစ်ယောက်လို သူ့မိသားစုနဲ့အတူစားသောက်နိုင်လေသည်။ လော့မင် တစ်စုံတစ်ခုပေးဆပ်ရမှာမကြောက်လေဘူး။ သူဘာကိုကြောက်တာလဲဆိုရင် သူဘယ်လောက်ပဲပေးဆပ်ချင်နေပါစေ၊ သူလိုချင်တဲ့အရာ မရနိုင်မှာကိုပဲဖြစ်လေသည်။
မိနစ်နှစ်ဆယ်က လျင်လျင်မြန်မြန်ကုန်ဆုံးသွားလေတယ်၊ ပြီးနောက်မှာတော့ တရုတ်ပုံစံခြံဝင်း၌ကားရပ်သွားလေသည်။ လော့မင်တံခါး၌ စိတ်လှုပ်ရှားစွာရပ်နေပေမဲ့ သူတံခါးမခေါက်လိုက်လေဘူး။ သူဖုန်းကိုထုတ်လိုက်ပြီး ကြည့်လိုက်လေသည်။ သူ့WeChat စာကိုသူ့အမေပြန်မဖြေလေတာ သူတွေ့လိုက်လေသည်။ စကားပြောတဲ့နေရာက မလှုပ်မရှားရှိနေတုန်းပဲဖြစ်လေတယ်၊ သူမိနစ်နှစ်ဆယ်လောက်ကပို့ခဲ့တဲ့စာကို မြင်ခံရဖို့သောင့်နေလေတယ် :
![](https://img.wattpad.com/cover/277268277-288-k782124.jpg)
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...