အပိုင်း(၈၃.၁):ငါကမင်းရဲ့မှတ်ဉာဏ်
ဒီနေ့က မြို့တော်တက္ကသိုလ်စဖွင့်တဲ့နေ့ပဲ၊၊ ခြောက်ကပ်နေတဲ့ဆောင်းရာသီပိတ်ရက်ကုန်ဆုံးသွားပြီးနောက်၊ ကျောင်းပြင်ဘက်မှမုန့်ဈေးတန်းက ဆူညံ့သံတွေ စိတ်လှုပ်ရှားမှုတွေ တစ်ဖန်ယောက်ယက်ခတ်လာပြန်လေသည်။ ကျောင်းသူ/သားတွေ၊ အချင်းချင်းမတွေ့ရတာကြာပြီဖြစ်တဲ့သူတွေ၊ အတန်းပြီးနောက် မုန့်ဈေးတန်းတွေဆီ တည့်တည့်လျှောက်လာပြီး ကြုံရာကျပန်းလျှို့ဝှက်နေရာတွေကို ရှာဖွေလိုက်ကြလေသည်။ သူတို့ခွဲခွာရစဉ်အချိန်အတောအတွင်း ဖြစ်ပျက်ခဲ့တာတွေကို စားရင်းသောက်ရင်း ပြောဆိုနေကြလေသည်။
၅၁၈ရဲ့အလှလေးတွေက နဂိုတကည်းက အစီအစဉ်ဆွဲသွားပြီးသား။ ကျောင်းဂိတ်နားက အကျော်ကြားဆုံးအသားကင်ဆိုင်ကို ဟန်ယောက စာရင်းသွင်းထားပြီးသား၊ ဒါပေမဲ့ အတန်းပြီးသွားတော့၊ ချန်းယုက ပြန်လှည့်မကြည့်လာဘဲ ထွက်ပြေးသွားလေတော့သည်။
“သူမဘယ်သွားမယ်လို့ပြောသွားခဲ့တာလဲ?” ဖန်ဖေဖေ၊ ချန်းယုအတွက် ပုံနှိပ်စာအုပ်တွေယူသွားပေးမယ့်သူကို ဟန်ယောက မေးလာလိုက်လေသည်။
“သူမအိမ်ပြန်သွားတာလို့ငါထင်တယ်၊” ဖန်ဖေဖေ သေချာမှုအနည်းငယ်လေးနဲ့ ပြန်ဖြေလာလိုက်လေသည်။
“သူမအိမ်ကလာခဲ့တာမဟုတ်ဘူးလား?” ဟန်ယောမှာ ဇဝေဇဝါဖြစ်နေလေသည်။
“ဆောင်းရာသီပိတ်ရက်ပြီးသွားတော့၊ ရှီရှီက အရင်ရှီရှီမဟုတ်တော့ဘူး၊” ကျန်မူဝမ်ရုတ်တရက်ကြီး သက်ပြင်းချလာလေတယ်။
“ဘယ်လိုမျိုးလဲ?” ဖန်ဖေဖေက ကျန်မူဝမ်ကို နားမလည်သလို ကြည့်လာလိုက်လေသည်။
“သူမမှာကောင်လေးရှိနေပြီလေ၊ အာ၊” ကျန်မူဝမ် မနေနိုင်ဘဲ သက်ပြင်းချလိုက်လေသည်။ လောကကြီးရဲ့ကိစ္စတွေက တကယ်ကိုပြောင်းလဲတတ်တာပဲ။ ရှီရှီ၊ ခံစားချက်တွေနဲ့ပတ်သတ်ပြီး မသိနားမလည်တတ်တဲ့သူက၊ တကယ်တော့ သူတို့အဆောင်ထဲက တစ်ကိုယ်တည်းဈေးထဲကနေ အရင်ဆုံးထွက်သွားတဲ့သူဖြစ်နေလေသည်။
“အမှန်ပဲ၊” ဟန်ယောရုတ်တရက်ကြီး အမှတ်ရသွားလေတယ်၊ “ဒီမနက်ခင်းတုန်းက သူ့ကောင်လေးနဲ့ ဘယ်အချိန်မိတ်ဆက်ပေးမှာလဲလို့ ငါသူ့ကိုမေးခဲ့တာ”
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...