အပိုင်း(၆၀.၂):ဇွန်ဘီး
“ဟုတ်ကဲ့။” ကားနောက်ခန်းထဲက အပြောင်းအလဲက ပန်ဖုန်းရဲ့မျက်ဝန်းအောက်က လွတ်မြောက်သွားဖို့ဆိုတာမဖြစ်နိုင်လေဘူး။ တကယ်တော့၊ လော့မင်မပြောလာခင်၊ သူ့ခြေထောက်က ဘရိတ်ကိုနင်းထားပြီးလေပြီ။
ဆောင်းရာသီရဲ့ ရာသီဥတုအခြေအနေက အေးပေမဲ့၊ မမျှော်လင့်ဘဲ ကောင်းကင်ကကြည်လင်နေလေတယ်။ ကားပြတင်ပေါက်ကနေ အဝေးကကောင်းကင်ကို လော့မင်လှမ်းကြည့်လိုက်လေတယ်၊၊ အဲဒီမှာ ပြတ်တောင်းပြတ်တောင်းလင်းလက်နေတဲ့ကြယ်တချို့ရှိနေပြီး၊ ပန်းချီကားတစ်ချပ်လို လှပနေလေတယ်။
ဂျစ်ကားမောင်းနှင်လာတဲ့ အဓိကလမ်းမရဲ့ဘေးနှစ်ဖက်မှာ တောင်ကုန်းအများအပြားရှိနေလေတယ်၊၊ အမြဲစိမ်းသဘာဝပေါက်ပင်အများကြီးရှိနေလေသည်။ စစ်လေဆိပ်နဲ့ ၃၀ကီလိုမီတာလောက်ကွာဝေးတဲ့တောအုပ်ထဲ၊ အသက်နှစ်ဆယ်အစောပိုင်း အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး တစ်ခုခုကိုရှာဖွေနေကြလေသည်။
“ကိုကို၊ ဇွန်ဘီးဘယ်သွားနေတာလဲ?” သံလိုက်အိမ်မြှောင်ကိုသူမလက်ထဲကိုင်ကာ တွက်ချက်နေရင်း ယန်ချင်းမေးလိုက်လေသည်။
“အဲ့တာကို သံလိုက်အိမ်မြှောင်မှာပြထားတယ်မဟုတ်ဘူးလား?” သူ့ညီမလက်ထဲကသံလိုက်အိမ်မြှောင်ကို ယန်ဝေယူလိုက်လေသည်။ သံလိုက်အိမ်မြှောင်နှစ်ကြိမ်လည်ပြီးနောက်၊ နေရာနှစ်နေရာ၏ အရှေ့အနောက်ကို ပတ်ချာလည်နေတာနဲ့ အဆုံးသတ်သွာလေသည်။
“သံလိုက်အိမ်မြှောင်ပျက်နေပြီလား? ဦးတည်ဘက်နှစ်ဘက်ကို ဘယ်လိုလုပ်ညွှန်ပြနေရတာလဲ?” ဒီသံလိုက်အိမ်မြှောင်ကို ယန်ချင်းရဲ့အဘိုး ပြုပြင်မွမ်းမံထားတာဖြစ်လေပြီး ဇွန်ဘီးတွေ၏ဦးတည်ဘက်ကိုထောက်လှမ်းဖို့ အသုံးပြုလေတယ်။ အမှားတစ်ခါမှမရှိခဲ့ဖူးလေဘူး။
“ဖြစ်နိုင်တာက ဒီနားတစ်ဝိုက်မှာ ဇွန်ဘီးနှစ်ကောင်ရှိနေတာလား?” ယန်ဝေမျက်မှောင်ကြှုပ်ပြီး ပြောလိုက်လေတယ်၊ “ချင်းအာ၊ ကိုကိုတို့ရှာနေတာရပ်လိုက်မလား? ဇွန်ဘီးနှစ်ကောင်သာရှိနေမယ်ဆိုရင်၊ ကိုကိုတို့နှစ်ယောက်ထဲက သူတို့နဲ့ယှဥ်နိုင်မှာမဟုတ်ဘူး။”
ВЫ ЧИТАЕТЕ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Любовные романыမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...