အပိုင်း(၈၇.၂)

1.6K 175 1
                                    

အပိုင်း(၈၇.၂)

“ဒါပေမဲ့ ပွဲကပြီးသွားပြီလေ၊၊ ပြီးသွားပြီ!!!” ပိုက်ဆံရှာရန်မမေ့သွားဖို့ ချန်းယုကို အဘိုးဝူက သတိပေးခဲ့တာ။ ချန်းယုကလည်း သူမမှာအေအဆင့်အကောင့်ရှိနေပြီမို့၊ ပိုက်ဆံရှာရတာက အရင်ကထက် လွယ်ကူတော့မယ်လို့ ထင်နေခဲ့တာ။ သူမဖုန်းကိုထုတ်ပြီး စစ်ဆေးကြည့်လိုက်တော့၊ သူမမှန်းထားတဲ့အမှတ်က တကယ်တမ်း နှစ်မှတ်‌လိုနေလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ။ မထင်မှတ်ထားတာဖြစ်လာတယ်လို့ သူမချက်ချင်းခံစားလိုက်ရတာကြောင့်၊ အော်ဟစ်လိုက်ရတာဖြစ်လေတယ်။

“ဒါဆို ဖြည်းဖြည်းချင်းအဆင့်ပြန်တင်ပေါ့၊” လော့မင်က သူမအားဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိ ဖြစ်နေလေတယ်။

“အဲ့အကြောင်းပိုတွေးမိလေ၊ ညီမပိုကျိန်ဆဲချင်လာလေပဲ၊၊ အဲ့တာက ညီမတစ်မီလီယံတန်တဲ့ထီလက်မှတ်ရပြီးမှ၊ ထီလက်မှတ်ပျောက်သွားခဲ့တာနဲ့အတူတူပဲ။”

“ဘာဖြစ်တာလဲ?” ဆရာမော်က အခန်းထဲဝင်လာပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ချန်းယုကိုမြင်တော့ စပ်စပ်စုစုမေးလာလိုက်လေသည်။

ချန်းယုက ဝမ်းနည်းတကြီးဖြစ်နေတာကြောင့် ဆရာမော်ကိုအာရုံမစိုက်အားလေဘူး။ လော့မင်က ရယ်ချင်ငိုချင်စိတ်ဖြင့် ရှင်းပြပေးလာလိုက်လေတယ်၊၊ “သူမရုပ်လွန်ပညာnetwork accountက အေအဆင့်မတက်သွားခဲ့ဘူး၊ ဒီတော့ သူမဝမ်းနည်းသွားတာ။”

“ဟမ်? သူငယ်ချင်းလေးချန်းအကောင့်က အေအဆင့်မဟုတ်သေးဘူးလား?” ဆရာမော်မှာ အံ့ဩသွားရလေတယ်။

ချန်းယု ဒါကိုကြားလိုက်ရတော့၊ ပိုတောင်စိတ်ဓာတ်ကျလာပြီး၊ စိတ်တိုတိုခြေဆောင့်လိုက်လေတော့တယ်။

“ဆရာမော်၊ ဆရာသူ့ကိုလှုံ့ဆော်နေတာ ရပ်လိုက်သင့်တယ်၊” လော့မင် တီးတိုးပြောလာပြီး၊ ဆရာမော်ကို သတိပေးလိုက်လေတယ်။ သိူ့ရာတွင်၊ သူပြောပြီးနောက် သူ့နှုတ်ခမ်းကနေ ရယ်သံတိုးတိုးလေး ထပ်မံထွက်ပေါ်လာလေတော့တယ်။

“ငါအဲဒီလိုဆိုလိုချင်တာမဟုတ်ဘူး၊၊ ငါပြောချင်တာက သူငယ်ချင်းလေးချန်းရဲ့ကျင့်ကြံရေးအဆင့်နဲ့ဆို၊ အေအဆင့်အကောင့်ကို တိုက်ရိုက်စာရင်းသွင်းလို့ရတယ်။ မြေပြင်ကနေ မြှင့်တင်နေဖို့ လုံးဝမလိုအပ်နေပါဘူး။” ဆရာမော်က ရှင်းပြလာလေတော့တယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】حيث تعيش القصص. اكتشف الآن