အပိုင်း(၂၆.၁):ပြန်မယ်

2.5K 316 3
                                    

အပိုင်း(၂၆.၁):ပြန်မယ်

   ချန်းယု သူမအဘိုးဆီက မှတ်စုတွေကို တစ်နာရီကြာလောက် လေ့လာလောက်ပြီး၊ ထို့နောက်၊ စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ဘဲ၊ စိတ်စွမ်းအင်website ကို နာရီအတော်ကြာကြာ‌ ဆက်ပြီးလေ့လာလိုက်လေသည်။

   အဲ့တာပြီးနောက်၊ စိတ်လှုပ်ရှားနေတာကြောင့် ချန်းယုအိပ်မပျော်နိုင်လေတော့ဘူး။ သူမအရင်က စိတ်ပူနေခဲ့တာဖြစ်လေတယ်၊ သရဲတွေနှင်တာက အမြတ်အစွန်းများများရပေမဲ့လည်း၊ အဖွဲ့ထဲ တာဝန်တွေ နေ့တိုင်းတင်လာတာမဟုတ်လေဘူး၊ ပြီးတော့ သူမလမ်းလျှောက်နေတုန်း တုန်ချောင်းလို ကံမကောင်းတဲ့သရဲမျိုးနဲ့ နေ့တိုင်းတွေ့နိုင်တာမဟုတ်လေဘူး။ မဟုတ်သေးဘူး၊ တုန်ချောင်းအကြောင်း မေ့လိုက်ရအောင်၊ သူ့ကိုတွေ့လို့ ကံမကောင်းတဲ့သူက သူမဖြစ်နေခဲ့တာပဲ။ 

   သရဲနှင်တာအပြင်၊ သူမအဆောင်တွေကလည်း အမြတ်အစွန်းရလေတယ်၊ တစ်ချိန်တုန်းက သူမဆီကနေ အဆောင်တွေဝယ်ဖို့တောင်းဆိုတဲ့သူတွေနဲ့ သူမဆုံဖူးပြီး သူတို့ကိုရောင်းရတာ မခက်လောက်ဘူးလို့သူမ‌ထင်ခဲ့လေသည်။ သို့သော်၊ လူတွေအလျင်လိုနေမှသာ အပြင်မှဝယ်ကြတယ်ဆိုတာ ရက်အနည်းငယ်အတွင်း သူမသဘောပေါက်သွားခဲ့လေတယ်၊ များသောအားဖြင့်၊ သူတို့ဘာသာသူတို့ အိမ်မှာဆွဲကြတာဖြစ်လေသည်။

   ချန်းယုဒီအချက်ကို ကောင်းကောင်းနားလည်လေတယ်၊ ဥပမာအနေနဲ့၊ သူမအား တစ်ယောက်ယောက်အိမ်မှအဆောင်ကိုဝယ်ယူခိုင်းမယ်ဆိုရင်၊ သူမဦးနှောက်ပျက်နေမှသာ အဲ့တာကိုဝယ်မှာဖြစ်လေသည်။ 

   လွန်ခဲ့တဲ့နှစ်ရက်က သူမဖွင့်ထားတဲ့ Taobaoစတိုးကတော့၊ ပယောဂနှင်တဲ့အဆောင်တချို့နဲ့စိတ်ဝိညာဉ်ငြိမ်သက်စေတဲ့အဆောင်တွေ ရောင်းချရန် သူမထည့်လိုက်ပြီးနောက်၊ ဘယ်သူမှလာမဝယ်ကြလေဘူး။ ချန်းယုမှာ မျှော်လင့်ချက်မရှိနေလေဘူး၊ ဒီတော့ သူမအဲ့အတိုင်းသာ ထားလိုက်ရလေတော့သည်။ ကံကောင်းထောက်မနဲ့၊ Taobaoက စတိုးဆိုင်ခပေးစရာမလိုလေဘူး၊ မဟုတ်ရင် သူမဝန်ဆောင်ခနဲ့တင်သေသွားနိုင်လေသည်။

   လမ်းဆောက်ရန်အတွက် ဘယ်လောက်များလိုအပ်လဲဆိုတာ သူမမသိပေမဲ့လည်း၊ ဒါပေမဲ့ ၁၀၀မီလီယံထက်တော့မနည်းမှာ သေချာနေလေသည်။ ဘဏ်ထဲ သူမစုထားတဲ့ ပ‌မာဏသေးလေးက တကယ်ကိုမလောက်နေလေဘူး။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Opowieści tętniące życiem. Odkryj je teraz