အပိုင်း(၅):ငါ့အဘိုးက သရဲနှင်တဲ့ဆရာတစ်ဦးပဲ
တစ်ညလောက် လူးလှိမ့်ပြီးနောက်မှာတော့၊ နောက်တနေ့မနက်ခင်းမှာ ချန်းယု အိပ်ရာထနောက်ကျလေပြီး မနက်စာကိုလွဲသွားခဲ့လေသည်။
ဒီလောက်နောက်ကျတဲ့အထိ ချန်းယုတစ်ခါမှမအိပ်ဖူးတာကြောင့် သူမအပြစ်ရှိသလိုခံစားနေရလေတယ်၊ သူမ ဧည့်ခန်းထဲမှ အမေချန်းကို ကြောင်တောင်တောင်နိုင်စွာပြုံးပြလာလိုက်လေသည်။
"ချီချီ၊ သမီးနိုးပြီပဲ" အမေချန်း သူမသမီးကိုပြုံးပြကာ လက်ယမ်းပြလိုက်ရင်း အန်တီေလာကို နွေးထားတဲ့မနက်စာတွေထုတ်လာဖို့ ပြောလိုက်လေသည်။
"သမီး...သမီးနိုးတာနောက်ကျသွားတာပဲ" ချန်းယု အမေချန်းရဲ့အခြားတစ်ဘက်ကို ပွတ်သပ်လိုက်ပြီး ကိုးရိုးကားရားရယ်မောလိုက်လေသည်။
"အဆင်ပြေပါတယ်၊ အရမ်းမနောက်ကျပါဘူး၊ အခုထိ ဆယ်နာရီတောင်မထိုးသေးဘူးလေ" အမေချန်း သူမသမီးက အပျင်းကြီးနေတာပဲလို့ လုံးလုံးကိုမတွေးမိလေဘူး အာ၊ နောက်ကျတဲ့အထိအိပ်တာကလည်း ကောင်းလေတယ်၊ သူမအိပ်ယာထနောက်ကျခဲ့တာဆိုရင်၊ ဒါဆို ဒါကသူမသမီး ဒီအိမ်မှာနေရတာ သက်တောင့်သက်သာခံစားရပြီလို့ သက်သေပြလိုက်တာပဲဖြစ်လေတယ်။
ဒါကိုကြားတော့ ချန်းယုပိုရှက်မိသွားလေတော့တယ်၊ အမေ အာ၊ ဒါက အဆင့်မြှင့်လိမ်လည်မှုမဟုတ်တာ အမေသေချာရဲ့လား?
"ချီချီ၊ ထမင်းစားခန်းကိုသွားပြီး မနက်စာကိုအရင်စားလိုက်ဦး၊အစ်ကို မင်းကိုအပြင်ခေါ်သွားမလို့" မနေ့က ချန်းယုရဲ့နာမည်ပြောင်'ရှီချီ'ဆိုတာကနေ ချီချီ လို့ အမေချန်း ပြောင်းခေါ်လိုက်ပြီးကတည်းက၊ ချန်းမိသားစုရဲ့အဖေနဲ့သားကလည်း ထိုသို့လိုက်လံခေါ်ဆိုခဲ့ကြလေသည်။
"ဘယ်..." သူမတို့ ဘယ်သွားကြမှာလဲဆိုတာ ချန်းယု အခုလေးတင်မေးချင်ခဲ့တာဖြစ်လေတယ်၊ ဒါပေမဲ့ သူမကိုယ်ကိုလှည့်လိုက်ချိန် အမေချန်းနဲ့ချန်းယန်အပြင် ဧည့်ခန်းထဲမှာ ဆယ်ကျော်သက်အရွယ်ရှိတဲ့သူနှစ်ဦးပါရှိနေတာကို သူမရှာတွေ့လိုက်ရလေသည်။ အဲ့နှစ်ယောက်ထဲက ဆံပင်အနီရောင်နဲ့တစ်ယောက်က သူမကို သိချင်စိတ်ပြင်းပြစွာနဲ့ စိုက်ကြည့်နေလေသည်။
أنت تقرأ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
عاطفيةမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...