အပိုင်း(၃၄.၁):ဘယ်လိုချိပ်ပိတ်ရမလဲ

2.2K 326 4
                                    


အပိုင်း(၃၄.၁): ဘယ်လိုချိပ်ပိတ်ရမလဲ

ချန်းယုက မြို့တော်တက္ကသိုလ်နဲ့ မဝေးနေလေဘူး။ ဟဲကျီဖုန်းခေါ်လာတော့၊ သူမနေရာအား ချန်းယုအကြောင်းကြားလိုက်လေသည်။ ငါးမိနစ်အတွင်း ချန်ပင်းမောင်းလာခေါ်တော့ တက္ကသိုလ်တည်နေရာကို သူမလျင်လျင်မြန်မြန်ရောက်ရှိသွားလေသည်။

သူမကိုလာခေါ်တဲ့ ချန်ပင်းမှာ နှုတ်ဆက်ချိန်တောင်မရှိနေလေဘူး၊ ချန်းယုကားတံခါးကိုဆွဲဖွင့်ပြီး ကားထဲဝင်လိုက်လေသည်။

ချန်ပင်း လီဗာကိုနင်းလိုက်လေသည်။ ၁၈၀ဒီဂရီလှည့်လိုက်ပြီးနောက်၊ နိုင်ငံတော်တက္ကသိုလ်ရှိရာ ဦးတည်ဘက်ကို ကျိန်ဆဲသံတွေနဲ့ကားဟွန်းတီးသံတွေကြားကနေ မောင်းထွက်လာလိုက်လေသည်။ 

“တတိယအစ်ကိုဘာဖြစ်နေလို့လဲ?”  အစောနက ဖုန်းခေါ်တုန်းက ဟဲကျီရှင်းရှင်းလင်းလင်း မပြောလာလေဘူး၊ ဒီတော့ ချန်းယု စိုးရိမ်နေတဲ့မျက်နှာနဲ့မေးလိုက်လေသည်။

“ကျွန်တော်လည်း အခြေ‌အနေကို ရှင်းရှင်းလင်းလင်း မသိနေလေဘူး၊ အဲဒီမကောင်းမှုဝိညာဉ် အခုလေးတင် ရုတ်တရက်လွတ်ထွက်လာတာ။”  ‘လွတ်ထွက်လာတယ်’ ဆိုတဲ့စကားကို ချန်ပင်းကိုပြောနေချိန်၊ ချန်ပင်းရဲ့သူငယ်အိမ် ရုတ်ခြည်းကျုံ့သွားလေသည်။

[ငါ့မကောင်းမှုဝိညာဉ် လွတ်ထွက်သွားတဲ့တစ်နေ့ မင်းကိုဒုက္ခပေးရတော့မှာပဲ။] လော့မင်ရဲ့စကားလုံးတွေက သူ့နားထဲမှာပဲရှိနေသေးလေတယ်၊ ဒါပေမဲ့ သူတို့တာဝန်အရ အမိန့်တွေကို လိုက်နာနေတဲ့လူတွေလို့ သူတို့ကိုယ်သူတို့တွေးနေမယ်ဆိုရင်တောင်မှ၊ ဒီအမိန့်ကိုတော့ ဘယ်သူမှမလိုက်နာချင်လေကြဘူး။

“လွတ်ထွက်တယ်? ဘယ်လိုလုပ် ရုတ်တရက်ဖြစ်သွားရတာလဲ?” လော့မင်ရဲ့မကောင်းမှုဝိညာဉ်က လေးနက်တဲ့ကိစ္စဖြစ်ပေမဲ့လည်း၊ သူ့ကိုယ်ပေါ်က ကျောက်စိမ်းချိပ်ကောက်တံဆိပ်က အလွန်သန်မာလှလေသည်။ ထို့အပြင်၊ မကောင်းမှုတွေရှင်းလင်းဖို့ လွန်ခဲ့တဲ့သုံးလကတင် မင်္ဂလာရှိသောအရှိန်အဝါတချို့စုပ်ယူခဲ့လေပြီး နှစ်လအလွန်တုန်းက ရှောင်းဟန်တောင်၌ မကောင်းမှုဝိညာဉ်ကို လွှတ်ပေးခဲ့လေသည်။ ဒီကာလအတောအတွင်း၊ နက်နဲသိမ်မွေ့သောတိုက်ခိုက်ရေးအဆောင်လုပ်ရန်အတွက် သူ့မကောင်းမှုဝိညာဉ်တချို့ကို ချန်းယုကလည်းစုပ်ယူခဲ့ပြီးလေပြီ၊၊ ဒီအကြောင်းပြချက်တွေကြောင့်၊ လော့မင်ရဲ့မကောင်းမှုဝိညာဉ်က  မကြုံစဖူးတည်ငြိမ်တဲ့အခြေအနေ၌ရှိနေခဲ့လေတယ်၊ ဒီတော့ ရုတ်တရက်လွတ်ထွက်သွားတာမျိုး ဘယ်လိုလုပ်ဖြစ်လာရတာလဲ၊ ချန်းယုဇဝေဇဝါဖြစ်နေလေတော့သည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Onde histórias criam vida. Descubra agora