အပိုင်း(၂၂.၁): သနားစရာကောင်းသော
ချန်းယု အမျိုးသားကြီးခုနှစ်ယောက်ရဲ့စောင့်ကြပ်မှုအောက်ကနေ ခြံဝန်းရဲ့ဝင်ပေါက်ဆီ လျှောက်လာလိုက်လေသည်။
ခြံဝန်းအသေးလေးရဲ့တံခါးက ပွင့်နေလေပြီး၊ လော့မင်က တံခါးရဲ့နောက်နားမှာရပ်နေကာ၊ ချန်းယုကိုစိုးရိမ်တကြီး ကြည့်နေလေသည်။
“တတိယအစ်ကို” ချန်းယုပြုံးလိုက်ပြီး ရှေ့ကိုခြေလှမ်းအနည်းငယ်လျှောက်လာလိုက်ကာ၊ ခြံဝန်းဂိတ်ထဲ ခြေချလိုက်လေသည်။
လော့မင် ချန်းယုကို ဂရုတစိုက်ကြည့်လိုက်လေသည်။ သူမဆံပင်စည်းထားတာက ကျိုးတိုးကျဲတဲဖြစ်နေကာ၊ သူမနောက်ကျောကို ဆံပင်တွေရှုပ်ပွစွာ တွဲလောင်းကျနေလေကာ၊ သူမအဝတ်အစားတွေက မြက်တွေရွံ့တွေနဲ့ ပေကျံနေလေတယ်၊ နောက်ပြီး သူမမျက်နှာကလည်း အနည်းငယ်ညစ်ပတ်နေလေတယ်၊ ဒါပေမဲ့ သူမကြည့်ရတာ ဘာမှစိတ်ထဲမထားဘဲ စိတ်ကြည်နေပုံရလေသည်။ လော့မင် စိတ်သက်သာရာရသလို သက်ပြင်းချတော့မယ့်အချိန်မှာပဲ၊ သူ့အကြည့်တွေ ချန်းယုရဲ့ခြေဖဝါး၌ ရုတ်တရက်ရပ်သွားလေသည်။ သူချက်ချင်းမျက်မှောင်ကြှုပ်လိုက်လေသည်။ သူရှေ့လျှောက်သွားကာ၊ ကိုယ်ကိုကိုင်းလိုက်ပြီး၊ ချန်းယုကို မလိုက်လေသည်။
သူတို့ဘေးနားကအမျိုးသားကြီးတွေ ကောင်းကင်ကိုမကြည့်လိုက်ကျခင် လန့်သွားကြလေတယ်၊ သူတို့ ဘာတစ်ခုမှမမြင်လေဘူးလို့ ဟန်ဆောင်လိုက်ကြလေသည်။“...” ဒီမြင်ကွင်းကို ကြောက်လန့်နေသေးတဲ့တုန်ချောင်း စကားမဲ့စွာနဲ့ ကြည့်နေလိုက်လေသည်။ ဒီအဖွဲ့ သူတို့ဦးနှောက်ထဲ ပြဿနာများရှိနေတာလား? သူတို့သရုပ်ဆောင်တာတွေက တအားတောင့်တင်းနေတာပဲ။
“တတိယအစ်ကို?” လော့မင်ရဲ့ရုတ်တရက်မချီတာကိုခံလိုက်ရတော့ ; ချန်းယု သူမမျက်နှာတစ်ခုလုံး ကြောင်အမ်းအမ်းဖြစ်နေလေသည်။
လော့မင် ချန်းယုကို လျစ်လျူရှုလိုက်လေသည်။ ထိုအစား၊ ခြေလှမ်း အကျယ်ကြီးဖြင့် သူ သူမအားအိမ်ထဲခေါ်လာလိုက်လေသည်။ ဆိုဖာပေါ် ချန်းယုကို ဂရုတစိုက်ထားပြီးချိန်၊ တစ်စုံတစ်ယောက်က ဆေးသေတ္တာကို ချက်ချင်းယူလာပေးလေသည်။
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...