အပိုင်း(၄၇.၁):သူမနဲ့ပတ်သတ်ပြီးငါဂရုစိုက်တယ်
“ခရက်!”
တံခါးပွင့်လာတဲ့အသံနဲ့အတူ၊ တံခါးအပြင်ဘက်စောင့်နေတဲ့ လက်ထောက်ခုနစ်ဦးလူံး တံခါးကို တစ်ပြိုင်နက်ကြည့်လိုက်လေသည်။
လော့မင် တံခါးဖွင့်ပြီး ထွက်လာတော့၊ လက်ထောက်ခုနစ်ဦးရဲ့စိတ်အားထက်သန်တဲ့အကြည့်နဲ့ လေဆာရောင်ခြည်တန်လို တောက်ပနေတဲ့မျက်ဝန်းတွေကို လော့မင်ရင်ဆိုင်လိုက်ရလေတယ်..
“တတိယသခင်လေး!” စိတ်လှုပ်ရှားတာရယ် နီရဲနေတဲ့မျက်လုံးတွေရယ်နဲ့ လော့မင်အား လက်ထောက်ခုနစ်ဦးကြည့်လာတာက၊ လော့မင်ကို ကြောက်လန့်တကြား နောက်ဆုတ်သွားစေတော့သည်။
ခဏလောက် ထိတ်လန့်သွားပြီးနောက်၊ လော့မင် သူ့နောက်ကို လှည့်ကြည့်လိုက်လေသည်။ ချန်းယုက အိပ်နေတုန်းဖြစ်ပြီး မနိုးလာတာကို သူမြင်လိုက်တော့၊ သူသက်ပြင်းချလိုက်လေတော့သည်။ ထို့နောက် သူအခန်းထဲကနေ လျင်လျင်မြန်မြန်လျှောက်ထွက်လာပြီး တံခါးကို ဖြည်းဖြည်းချင်းပိတ်လိုက်လေတော့သည်။
“အသံတိုးဦး” လော့မင် မျက်မှောင်ကြှုပ်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။
လက်ထောက်ခုနစ်ဦး ချက်ချင်း ငြိမ်သွားလေတော့သည်။
မနက်ခင်းစောစော တံခါးမှာအတူစုနေကြတဲ့ သူတို့ကိုကြည့်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားလေတယ်။ သူ့ရှေ့က လက်ထောက်ခုနစ်ယောက်ကို မျက်စိမှေးကြည့်လိုက်ပြီး မေးလိုက်လေတယ်၊ “မင်း…မင်းတို့အားလုံး မနေ့ညကတည်းက တစ်ချိန်လုံး ဒီမှာနေနေကျတာလား?”
လက်ထောက်များခေါင်းညိတ်ပြလိုက်လေသည်။
လော့မင်မျက်နှာ ရုတ်တရက်ကြည့်ရဆိုးသွားလေတယ်၊ “မင်းတို့အထဲဝင်ခဲ့သေးလား?”
ရှေ့တန်းက သေရေးရှင်ရေးကနေ စုဆောင်မိလာတဲ့ သေရေးရှင်ရေးသတိနိုးကြားမှုကို မှီခိုပြီး၊ သူတို့အားလုံး တစ်ပြိုင်နက်တည်း ခေါင်းခါယမ်းပြလိုက်လေသည်။
ဒီတော့မှသာ လော့မင်စိတ်အေးသွားလေတော့သည်။ ဟမ်လိုက်ပြီးနောက်၊ သူလှည့်ပြီး အောက်ထပ်ဆင်းလာလေတယ်၊ သူ့နောက်မှာတော့ လက်ထောက်တွေရဲ့ အပြစ်မကင်းဖြစ်နေတဲ့အကြည့်တွေ ကျန်ရစ်နေလေတော့သည်။
![](https://img.wattpad.com/cover/277268277-288-k782124.jpg)
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...