အပိုင်း(၃၇.၂): မင်းသူမကိုကာကွယ်ပေးချင်တယ်
"ဒါနဲ့၊ ချန်းယုလို့ခေါ်တဲ့ ကောင်းကင်ဘုံဆရာငယ်လေး…” ဆရာမော် ရုတ်တရက်မေးလိုက်လေတယ်၊ “မင်း သူမနဲ့ ဘယ်တုန်းကတွေ့ခဲ့တာလဲ?”
ချန်းယုအကြောင်းပြောရင်း၊ လော့မင်ရဲ့စိတ်က မနေ့ညကကို ပြန်ရောက်သွားလေတော့တယ်၊ သူ့ကိုအသားယူတဲ့အကြောင်း မိန်းကလေး အပြစ်ရှိစိတ်နဲ့ဝန်ခံနေတဲ့ ပုံရိပ်ကိုပေါ့၊ သူမနေနိုင်ဘဲ ပြုံးလိုက်မိလေတယ်၊ “သူမက ဒီနှစ် မြို့တော်တက္ကသိုလ်က လူသစ်ပဲ။”
“မြို့တော်တက္ကသိုလ်၊ ဒီနှစ် မင်္ဂလာရှိတဲ့အရှိန်ဝါစုပ်ယူပြီး မကောင်းမှုဝိညာဉ်ကို တားဆီးနေချိန် သူမအဲ့မှာရှိနေခဲ့တာလား?” ဆရာမော် တအံ့တဩမေးလိုက်လေသည်။
“ဟုတ်တယ်။” အဲ့နေ့တုန်းက မိန်းကလေး သူ့ကိုခြိမ်းခြောက်နေချိန် သူမရဲ့မျက်နှာအမူအရာကို လော့မင်ပြန်တွေးလိုက်မိတော့၊ လော့မင်ရဲ့နှုတ်ခမ်းတွေ ပြန်ကွေးလာလေတော့သည်။
“ငါမှတ်မိသေးတယ်၊ မင်း ဖိနှိပ်ပေးတဲ့စိတ်ဝိညာဉ်အဆောင်အကြောင်း အဲ့ညကမေးလာသေးတယ်လေ။” ဆရာမော်ပြန်တွေးလိုက်လေတယ်၊ “သူမ ဖိနှိပ်ပေးတဲ့စိတ်ဝိညာဉ်အဆောင်ကို မင်းအပေါ်အသုံးပြုခဲ့တာလား?”
လော့မင် အချိန်ခဏလောက် တိတ်ဆိတ်သွားလေတယ်၊ ဒါပေမဲ့ မကွယ်ဝှက်နေဘဲ သူ့ခေါင်းကိုညိတ်ပြီး ရှင်းပြလာလိုက်လေတယ်၊ “အဲဒီအဆောင်က ကျွန်တော့အပေါ် ဘာဆိုးကျိုးမှမဖြစ်စေဘူး။”
“ဒီတော့… သူမဖိနှိပ်ပေးတဲ့စိတ်ဝိညာဉ်အဆောင်က မင်းမကောင်းမှုဝိညာဉ်ကို လုံးလုံးဖိနှိပ်ပေးနိုင်တယ်ပေါ့?” လော့မင် ဒီအချက်ကို အထူးအသားပေးပြောလာတာကို မြင်လိုက်တော့၊ လော့မင်ပြောလိုက်တာကို ဆရာမော်မြန်မြန်တုံ့ပြန်လာလေသည်။ ဒါ့အပြင်၊ မနေ့က ချန်းယု သူမမှော်စကေးကို အသုံးပြုလိုက်တာကို ဆရာမော်မြင်လိုက်တော့၊ ချန်းယုက လျိုရှန်ဂိုဏ်း၏မျိုးဆက်ဖြစ်ရမယ်လို့ သူသင်္ကာမကင်းဖြစ်နှင့်နေလေပြီ။ (T/N:လောရှန်ဂိုဏ်းကို လျိုရှန်ဂိုဏ်းလို့ ပြင်သုံးသွားမယ်။)
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...