အပိုင်း(၄၀.၂): စိတ်ဝိညာဉ်သန့်စင်တဲ့အစီအရင်
နံရံပေါ်ဆွဲထားတဲ့ အစီအရင် အနီရောင်တစ်ဖန်လင်းလာလေတော့တယ်၊ စုပ်ယူတဲ့အမြန်နှုန်းက အရင်တကြိမ်ထက်တောင် ပိုမြန်လာလေတော့သည်။
“နင်စိတ်အေးအေးထားသင့်တယ်လို့ ငါပြောပါတယ်၊ စိတ်ဝိညာဉ်သန့်စင်တဲ့အစီအရင် ပြန်အသက်ဝင်လာပြန်ပြီ။” ချန်းယုသတိပေးလိုက်လေသည်။
ရှန်နန်ထိတ်လန့်သွားလေတယ်၊ ချန်းယုကိုစိုက်ကြည့်ရင်း သူ့နားတစ်ဝိုက်က အရှိန်အဝါက ဖြည်းဖြည်းချင်းလျော့ကျလာလေတော့သည်။ ချန်းယု သရဲနှစ်ကောင်ကိုကျော်ကာ နောက်ဖေးလမ်းထဲ လျှောက်လာလိုက်တယ်၊ အစီအရင်ဆွဲထားတဲ့ နံရံနားဆီ ချန်းယုလျှောက်လာလိုက်ပြီး၊ ငုတ်ထုတ်ထိုင်ချလိုက်လေသည်။
ချန်းယု သူမလက်ကိုမြှောက်ပြီး cinnabar နဲ့ဆွဲထားတဲ့ ပုံစံမျဉ်းတွေကို ထိကြည့်လိုက်တော့၊ အဲနားတစ်ဝိုက် အရှိန်အဝါ အကြွင်းအကျန် ဖျော့တော့တော့ရှိနေပြီး အဲ့တာက တကယ်ပဲ အခုလေးတင်မှ အသက်သွင်းထားတယ်ဆိုတာ သိသာထင်ရှားနေလေသည်။ ဒီစိတ်ဝိညာဉ်သန့်စင်တဲ့အစီအရင်ကို ချန်းယုပထမဆုံးအကြိမ် ရှာတွေ့လိုက်ချိန်၊ အမျိုးသမီးသရဲကို မုန်းတီးနေတဲ့ ကောင်းကင်ဘုံဆရာတစ်ဦးက သူမကိုဖယ်ရှားပစ်ဖို့အတွက် တော်တော်အားထုတ်ခဲ့တာပဲလို့ သူမထင်နေခဲ့တာဖြစ်လေတယ်၊ ဒါပေမဲ့ အခုတော့၊ တစ်ဖက်လူ သန့်စင်ချင်တဲ့သရဲက အလွန်ရှိန်လောက်တဲ့ကျင့်ကြံရေးရှိတဲ့ ဒီလူရွယ်လေးဖြစ်နေလေတော့သည်။
“မင်းဘာကြည့်နေတာလဲ?” ကောင်းကင်ဘုံဆရာအားလုံးကို ရှန်နန်မုန်းတီးလေသည်။
“နင်သေတာဘယ်လောက်ကြာသွားပြီလဲ?” ချန်းယု ရုတ်တရက်မေးလိုက်လေသည်။
“အဲ့တာ မင်းနဲ့ဘာမှမပတ်သတ်နေဘူး!” ရှန်နန် ရက်စက်တဲ့အမူအရာနဲ့ အော်ဟစ်လိုက်လေသည်။
ဒီလိုမျိုး သရဲတစ်ယောက်ရဲ့ ရက်ရက်စက်စက်အပြောခံရတာက ချန်းယုအတွက် ပထမဆုံးအကြိမ်ဖြစ်လေပြီး၊ သူမ ရုတ်တရက် ဒေါသူပုန်ထလာလေတော့တယ်၊ “ဒါဆိုလည်း၊ မေ့လိုက်တော့!”
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...