အပိုင်း(၈၄.၂):ဝိညာဉ်လက်နက်ခြောက်ခု
“ဒါတော့ ငါလည်းမသိဘူး၊” အမျိုးသားက သူ့ခေါင်းကိုညင်ညင်သာသာခါယမ်းပြလာလေတယ်၊ “ငါစုစုပေါင်း၁၆ကြိမ်နိုးထလာဖူးပြီး အချိန်တိုင်းက ခဏလေးပဲကြာတယ်။ အဲဒီထဲကဆယ်ကြိမ်က၊ မင်းမကောင်းမှုဝိညာဉ်က မထိန်းချုပ်နိုင်ဖြစ်နေချိန် မင်းကိုပြန်လည်မွေးဖွားရန်ခေါ်သွားဖို့ ငါနိုးထလာခဲ့တာ၊၊ ကျန်တဲ့ခြောက်ကြိမ်အတွက်ကတော့၊ ဝိညာဉ်လက်နက်ခြောက်ခုကို ငါမြင်ပြီးသွားပြီ။ အချိန်ကုန်လွန်သွားတာကို ချင့်ချိန်ကြည့်ရသလောက်၊ ကံကောင်းပြီး ကျန်တဲ့မှော်လက်နက်ငါးခုက ကြေးဓားလို အောင်အောင်မြင်မြင်အသွင်ပြောင်းသွားခဲ့မယ်ဆိုရင်၊ မင်းဝိညာဉ်ထဲကမကောင်းမှုဝိညာဉ်ကို အပြီးခွဲထုတ်လိုက်လို့ရနိုင်လောက်တယ်။”
“ဒါဆို အဲဒီဝိညာဉ်လက်နက်ငါးခုကို ငါဘယ်လိုရှာဖွေရမှာလဲ?” လော့မင်ထပ်မံမေးလာလိုက်လေတယ်။
“ဒါမင်းအပေါ်မူတည်တယ်၊” ဤအချိန်၌၊ အမျိုးသားရဲ့ကိုယ်ပေါ်က ရွှေရောင်အလင်းက ရုတ်တရက်လင်းလက်လာလေတယ်။ အမျိုးသားက ခဏရပ်လိုက်ပြီးနောက် ပြောလာလေတယ်၊ “ငါထွက်လာတာကြာနေပြီ ပြန်သွားရတော့မယ်။ မမေ့နှင့်၊ ယင်နဲ့မကောင်းမှုအများဆုံးဝိညာဉ်ပစ္စည်းတွေ မင်းယူလာပေးသရွေ့၊ ငါထပ်မံနိုးထလာပြီး မင်းဝိညာဉ်ထဲက မကောင်းမှုစွမ်းအင်ကို လုံးလုံးလွှဲပြောင်းပေးမယ်။”
“ဘာသဲလွန်စမှမရှိဘူးလား?” ကြေးဓားကိုမတူးဖော်နိုင်ခင် ကြေးဓားက နှစ်တစ်ထောင်ကျော်ကြာအမြှုပ်ခံထားရတာ။ အခြားဝိညာဉ်လက်နက်ငါးခုကိုရှာဖို့ သူအချိန်ဘယ်လောက်ကြာကြာယူရလိမ့်မလဲ?
အမျိုးသားက သူ့ခေါင်းကိုခါယမ်းပြလာလေတယ်။ သူ့ကိုယ်က အလင်းအစက်အပြောက်များအဖြစ် မှုန်းဝါးဝါးဖြစ်လာပြီး၊ သူပျောက်ကွယ်သွားတော့မယ့်အချိန်၊ လော့မင်က ရုတ်တရက်ကြီး သူ့ကိုခေါ်လာကာ: “ငါ့ပထမဘဝတုန်းက နာမည်ကဘာလဲ?”
“ဖုန်းလော့!” အမျိုးသား ယဲ့ယဲ့လေးပြုံးကာ လော့မင်ရဲ့ဝိညာဉ်ထဲ အလင်းအဖြစ်ပေါင်းစပ်ဝင်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...