အပိုင်း(၄၈.၅):ချိပ်ဖြည်ပေးခြင်း
ဆရာမော်သက်ပြင်းချလိုက်လေသည်။ လော့မင်လိုလူ ချစ်မိသွားဖို့ဆိုတာ တစ်ခါမှမဖြစ်ခဲ့ဖူးလေဘူး။ အမျိုးသားနဲ့အမျိုးသမီးကြားက အချစ်ဆိုတာ တကယ်ပဲ အရှုပ်ထွေးဆုံးအရာဖြစ်လေတယ်။ ကံကောင်းထောက်မပြီး ငါဘုန်းတော်ကြီးစောစောဖြစ်ခဲ့လို့ပဲ။
ညစာစားပြီးနောက်၊ ချန်းယု၊ စာကြည့်တိုက်မှာ စာလေ့လာနေတဲ့သူမ၊ လူအိုကြီးထံကနေ ပြန်စာလက်ခံရရှိလာလေတယ်။
ငါကအကောင့်ကြီး: သရဲဘုရင်နဲ့မင်းတွေ့ခဲ့တာ? သူအလည်အပတ်ထွက်လာချိန် မြေအောက်လောကက သရဲဘုရင်နဲ့တွေ့ဖို့ မင်းဘယ်လိုတောင်ကံကောင်းနေရတာလဲ?
ငါလမ်းပြင်ချင်တယ်: မြေအောက်လောကကမဟုတ်ဘူး၊ ကောင်းကင်ဘုံဆရာသန့်စင်ထားတဲ့ သရဲဘုရင်။ သူဝိညာဉ်တော်တော်များများ ဝါးမျိုပြီးသွားပြီဆိုတာ ကျွန်မပြောရဲတယ်။
ငါကအကောင့်ကြီး: သန့်စင်ထားတဲ့သရဲဘုရင်? တောင်ဖြုဂိုဏ်းက ကောင်းကင်ဘုံဆရာလား?
ငါလမ်းပြင်ချင်တယ်: ကျွန်မမသိဘူး။ သူ့ကို ချီချောင်မင်လို့ခေါ်တယ်ဆိုတာကိုပဲ သိတာ။ ကျွန်မကို ခြိမ်းခြောက်ဖို့အတွက် မန္တန်းတစ်ခုကိုလည်း သူအသုံးပြုခဲ့သေးတယ်။
ငါကအကောင့်ကြီး: မင်းကိုခြိမ်းခြောက်ဖို့ မန္တန်းသုံးခဲ့သေးတယ်???
ငါလမ်းပြင်ချင်တယ်: ဟုတ်တယ်၊ ဒါပေမဲ့ သူမအောင်မြင်လိုက်ပါဘူး၊ အဲ့အစား ကျွန်မရက်ရက်စက်စက်ရိုက်တာခံလိုက်ရတယ်လေ။ ပြီးတော့၊ ဒါကြောင့်ပဲ၊ နောက်တော့ ကျွန်မကိုသတ်ဖို့ သရဲဘုရင်သူလွှတ်လိုက်တာလေ။ တတိယအစ်ကို့ရဲ့အကူညီကြောင့်သာမဟုတ်ဘူးဆိုရင်၊ ကျွန်မသေနေလောက်ပြီ။
ငါကအကောင့်ကြီး: စာကောင်းကောင်းလေ့လာဖို့ မင်းကိုဘယ်သူပြောနေလို့လဲ? အခုကြည့်ပါဦး၊ လူလုပ်သရဲဘုရင်ကတောင် မင်းကိုဒီလိုအခြေအနေဆိုးအောင်လုပ်လာခဲ့တာပဲ။
ချန်းယု မျက်လုံးလှိမ့်လိုက်လေသည်။ သို့သော်၊ လူအိုကြီး သူမကိုသင်ပေးမလို့လုပ်ခဲ့တဲ့ နည်းလမ်းအမျိုးမျိုးကို သူမပြန်တွေးလိုက်ရင်း၊ သူမစာရိုက်တာသာရိုက်လိုက်လေတယ်:ဒါဆို ထပ်သင်ပေးပါဦး။ ဒီတကြိမ် ကျွန်မသေချာသင်ယူပါ့မယ်။
أنت تقرأ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
عاطفيةမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...