အပိုင်း(၁၄):ငါနင့်အိမ်ကိုသွားချင်တယ်နှစ်ပေါင်းများစွာအကြာမှာ၊ လော့မင်မှတ်မိသလောက် ဒီလို “ပြင်းပြတဲ့”လူရဲ့ အထိအတွေ့မခံခဲ့ရတာကြာလှလေပြီ။ ဒီတော့၊ ဒီလို ရင်းနှီးစွာလက်မောင်းထဲပွေ့ဖက်ခံရတဲ့ခံစားချက်က သူ့အတွက်အသစ်အဆန်းတစ်ခုလို ခံစားရလေသည်။ အဲ့တာကြောင့်၊ သူ မိန်းကလေးကိုမရှောင်ဖယ်လိုက်လေဘူး။
“တတိယအစ်ကို၊ ဖြစ်ချင်နေတော့ ငါတို့အချင်းချင်း တော်တော်လေးနီးနီးကပ်ကပ်နေထိုင်နေကြတာပဲ အာ။” ချန်းယု သူ့ကိုဆက်လက်တွယ်ကပ်နေလေသည်။
လော့မင် တစ်ဖက်လူရဲ့လက်ဖဝါးကနေ သူ့လက်မောင်းဆီဖြတ်သန်းလာတဲ့အပူချိန်ကို ခေတ္တခဏခံစားလိုက်ရလေသည်။ သူကအနည်းငယ်မှင်သက်သွားပြီး သူ့လက်မောင်းကို ညင်ညင်သာသာဆွဲယူလိုက်လေတယ် : “အမ်”
”ဒါဆို ဒီနေ့ အစ်ကိုဘာလို့ ရုတ်တရက်ကြီး ဒီကိုလာရတာလဲ?” ချန်းယုရဲ့မျက်လုံးတွေလှည့်လိုက်ပြီး မေးလာလေတယ် “ညီမမှတ်မိတာတော့ အစ်ကို့ခြံဝန်းထဲကစိတ်စွမ်းအင်က တော်တော်ပေါများပါတယ်။”
တစ်နည်းနည်းနဲ့၊ လော့မင်ဒါကိုကြားလိုက်တော့၊ သူ့ပထမဆုံးအတွေးက ညလယ်မှာ တစ်စုံတစ်ယောက်တိတ်တိတ်လေးမြှုပ်သွားတဲ့ သံလိုက်အိမ်မြှောင်ကို တွေးလိုက်မိလေသည်။
”ဒါက ငါ့ရဲ့ဘေးကင်းတဲ့အိမ်ပဲ။” လော့မင်ရှင်းပြလာလေသည်။
”ဘေးကင်တဲ့အိမ်?” ချန်းယုမှာ နားမလည်ဘူးဖြစ်နေလေသည်။
“ငါ့ပေါ်က မကောင်းမှုဝိညာဉ်တွေက နေ့တိုင်းကြီးထွားလာတယ်။ ငါသာသူတို့ကိုကြီးထွားခွင့်ပေးလိုက်မယ်ဆိုရင်၊ အတိုင်းအတာတချို့ရောက်လာရင် သူတို့ထိန်းချုပ်မှုလွတ်သွားနိုင်တယ်။” ထိန်းချုပ်မှုလွတ်သွားတဲ့အကြောင်းပြောနေချိန်၊ လော့မင်ရဲ့မျက်နှာက တင်းကျပ်လာလေသည်။
ချန်းယု ပင်ကိုအလျောက် မကောင်းမှုဝိညာဉ်တွေ ထိန်းချုပ်မရဖြစ်သွား၏အကျိုးဆက်ကို သိနေလေသည်။ သူမမျက်မှောင်ကြှုပ်လိုက်ကာ : “အစ်ကို့အခြေအနေက ဒီလောက်အရေးကြီးတဲ့အထိရောက်နေပြီလားး? ညီမ အစ်ကို့ကိုနှစ်ခါမြင်ဖူးတယ်။ အဲ့တာပြင်းထန်နေပေမဲ့၊ မထိန်းချုပ်နိုင်လောက်တဲ့ဖြစ်ရပ်အထိတော့ မရောက်သေးပါဘူး။”
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...