အပိုင်း(၃၉.၁):မြေအောက်လောကမှလက်မခံသောသရဲများ

2.5K 343 7
                                    

အပိုင်း(၃၉.၁): မြေအောက်လောကမှ လက်မခံသော ဝိညာဉ်များ

လော့မင်ကိုယ်ထဲက လွတ်မြောက်သွားတဲ့မကောင်းမှုဝိညာဉ်ကို ချိပ်ပိတ်ဖို့အတွက်၊ ချန်းယု မကောင်းမှုစွမ်းအင်အများအပြား စုပ်ယူခဲ့ရလေသည်။ သူမစိတ်စွမ်းအင်က ကုန်ခမ်းသွားလေပြီ ဒီတော့ သူမလဝက်လောက် ဘာတာဝန်သစ်ကိုမှမယူလိုက်ရလေဘူး။

ချန်းယုက ဝမ်းနည်းပက်လက်ဖြစ်နေလေတယ်၊ သူမမတတ်နိုင်ဘဲ လော့မင်ကို အတွန့်တက်လိုက်လေတယ်၊ “တတိယအစ်ကို၊ ညီမအစ်ကို့ကို နည်းနည်းလောက် အသားယူမိရုံနဲ့ လဝက်လောက် ဘာတာဝန်မှယူလို့မရတော့ဘူး။ အစ်ကို့ကိုနမ်းရတာက တကယ်ကိုဈေးကြီးတာပဲ၊ အာ။”

ချန်းယု ညည်းညူနေတာကို လော့မင်နားထောင်နေပြီး သူမကို ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်နေလိုက်လေတယ်၊ မိန်းကလေးရဲ့စိတ်ထိခိုက်နေတဲ့အမူအရာ‌အောက်မှာ လော့မင်အကူညီမဲ့စွာပြောလာလိုက်တယ်၊ “ဒါ‌ဆို… နက်နဲသိမ်မွေ့သောတိုက်ခိုက်ရေးအဆောင်ကရမဲ့ ၃၀%ကိုငါမယူတော့ဘူး။”

ချန်းယု ဒါကိုကြားလိုက်တော့၊ သူမအရမ်းပျော်သွားတာကြောင့် မြှောက်ဘက်ကဘယ်ဘက်မှာရှိနေလဲဆိုတာတောင် မေ့လုနီးပါးဖြစ်သွားလေတယ်၊ “အစ်ကိုဘာတစ်ခုမှမလိုချင်ဘူး?”

“ငါတစ်ခုမှမလိုချင်ဘူး။” လော့မင်ခေါင်းညိတ်လိုက်လေတယ်။

“အိုက်ယား၊ ဒီလိုမျိုးကမကောင်းဘူးလေ။” အားနာတဲ့စကားကတော့ ပြောရဦးမှာဖြစ်လေသည်။

“အဆင်ပြေပါတယ်!” လော့မင် ရယ်ချလိုက်လေသည်။

“တတိယအစ်ကို၊ အစ်ကိုက အရမ်းကောင်းတာပဲ၊ အာ၊ အစ်ကို့မကောင်းမှုဝိညာဉ် လွတ်ထွက်လာရင် ငါထပ်ပြီးကူညီပေးမယ်။” ချန်းယု ဖိအားမရှိပဲပြောလာလိုက်လတေယ်၊ ဘာပဲဖြစ်ဖြစ်၊ လော့မင် သူမအား ၃၀%ပေးလာသည်ဖြစ်စေ မပေးလာသည်ဖြစ်စေ သူမကူညီဦးမှာဖြစ်လေတယ်၊ ဒါပေမဲ့ လှပတဲ့စကားတွေကတော့၊ လူတွေကို အမြဲပျော်ရွှင်စေနိုင်လေသည်။

တကယ်တော့ ငါတို့ရဲ့အချစ်တော်သခင်လေးလော့၊ သူမပျော်ရွှင်နေလေဘူး၊ အဲ့အစား သူထိတ်လန့်သွားတဲ့အနေနဲ့တုန်ရီသွားပြီး သူ့လက်ထဲက လက်ဖက်ရည်ခွက် ကျကွဲသွားလေတော့သည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Where stories live. Discover now