အပိုင်း(၄၂.၂): သူညီမကို ကိုယ်ထိလက်ရောက်စော်ကားတာ
မင်းက ရဲဝန်ထမ်း၊ မင်းတစ်စုံတစ်ယောက်ကို သာမန်ကာလျှံရိုက်လို့မဖြစ်ဘူး!
ချန်းယန် သူ့ခေါင်းထဲ ဒါကို သုံးကြိမ်သုံးခါရွတ်ဆိုလိုက်လေတယ်၊ သူအနည်းငယ်စိတ်တည်ငြိမ်လာပြီးနောက်၊ ဘာမှမရှိတော့တဲ့ဘူးကို ကောက်လိုက်ဖို့ ဖြည်းဖြည်းချင်းငုတ်တုတ်ထိုင်ချလိုက်ပြီး၊ သူ့မျက်နှာရှေ့သံဘူးကို ချေမွလိုက်ပြီးနောက် ထိုအမျိုးသားထံလျှောက်သွားလိုက်လေသည်။
“ဖမ်းခေါ်ခဲ့!” ချန်းယန် ကိုယ်လှည့်လိုက်ပြီး သူနဲ့အတူ ချန်းယုကိုပါ ရဲကားထဲ တရွတ်တိုက်ဆွဲခေါ်လာလိုက်တယ်။
ချုဟန် လက်ထိပ်ဆွဲထုတ်လိုက်ပြီး ထိတ်လန့်နေတဲ့အမျိုးသားကို ဖမ်းချုပ်လိုက်လေတော့သည်။
“ငါဘာမှမလုပ်ဘူး!” အမျိုးသား အခုမှသာ စတင်ငြင်းခုံလာလေတော့သည်။
“ဒါဆို မင်းကိုသူဘာလို့ရိုက်နှက်ရတာလဲ?” ချုဟန်မေးလိုက်လေသည်။
“…” ချန်းယုမဖြေနိုင်တဲ့မေးခွန်းကို၊ တကယ်တော့၊ သူလည်းမဖြေနိုင်နေလေဘူး။
မိနစ်နှစ်ဆယ်ကြာပြီးနောက်၊ ရဲစခန်းရှေ့ ကားရပ်လာလေသည်။ ချန်းယန် မျက်နှာမသာမယာနဲ့ရှေ့ကလျှောက်လာစဉ် ချန်းယုလိပ်ပြာမလုံမလဲနဲ့ နောက်ကလိုက်သွားလေပြီး ချုဟန်ကတော့ ထိုလူကို ကြမ်းကြမ်းတမ်းတမ်း အထဲတွန်းပို့လိုက်လေသည်။
ဘုန်း! ချန်းယန် သူ့သေနတ်ကို စားပွဲပေါ် ပြင်းပြင်းထန်ထန်ရိုက်ချလိုက်တာက၊ အထဲမှာရှိနေတဲ့ အခြားသောအဖွဲ့ဝင်တွေကို ထိတ်လန့်သွားစေလေတယ်။
“အကြီးအကဲ၊ ဘာဖြစ်လို့လဲ?” ဖမ်းဆီးထားတဲ့လူကို အထဲခေါ်လာတဲ့ချုဟန်ကို တစ်စုံတစ်ယောက် တိတ်တဆိတ်လေးမေးလာလေသည်။
“အဲ့တာက အကြီးအကဲရဲ့ညီမလေးပဲ။” ချန်းယုကို သူ့မေးနဲ့ ချုဟန်ညွှန်ပြလိုက်လေသည်။
“အရင်တုန်းက ငါတို့ကိုမနက်စာဝယ်ကျွေးတဲ့တစ်ယောက်လား?” အရင်တစ်ခေါက်တုန်းက ချန်းယန်ရဲ့အဆောင်ကနေ ချန်းယုထွက်လာချိန်၊ အဖွဲ့ထဲကလူတွေအတွက် မနက်စာအများကြီးဝယ်ပေးခဲ့လေတယ်၊ ဒီတော့ သူတို့အားလုံး သူမကိုမှတ်မိနေကြလေသည်။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...