အပိုင်း(၆၇.၂):ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်း

1.8K 216 5
                                    

အပိုင်း(၆၇.၂):ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်း

ချန်းယုအဆင်ပြေတယ်ဆိုတာကို သိလိုက်တော့ လော့မင် စိတ်အေးလက်အေးဖြစ်သွားလေသည်။ သူမနဖူးပေါ် ချွေးတသီသီကျနေတာကို မြင်တော့၊ သူ,မတောင့်ခံနိုင်တော့ဘဲ သူ့အင်္ကျီလက်ကိုမြှောက်ပြီး ချွေးသုတ်ပေးလိုက်မိတယ်။

ချန်းယုနှလုံးသားက အချိုတွေနဲ့နစ်မွန်းနေလေသည်။ သူမတတိယအစ်ကိုကို သူမမျက်လုံးဝိုင်းဝိုင်းတွေဖြင့် စိုက်ကြည့်နေလိုက်တယ်။ သူစိတ်ပူနေပုံက ပိုတောင်ဆွဲဆောင်မှုရှိနေတာပဲ၊ ဟီ-ဟီ-ဟီ...

ချန်းယု မျက်တောင်မခပ်ဘဲ သူ့ကိုငေးကြည့်နေတာကို လော့မင်ခံစားမိလိုက်ပြီး၊ သူ့လှုပ်ရှားမှုတွေ ရုတ်တရက်တောင့်တင်းသွားလေတော့သည်။ လိပ်ပြာမကင်းဖြစ်နေတဲ့စိတ်နဲ့၊ သူ့လက်ကို‌ဆုတ်ပြီး နောက်ကိုခြေလှမ်းအနည်းငယ် မြန်မြန်ဆန်ဆန်ဆုတ်သွားလိုက်လေတော့သည်။

ဘာ? သုတ်ပေးနေတာဘာလို့ရပ်သွားရတာလဲ?

“တာအိုမိတ်ဆွေချန်း...” သံလိုက်အိမ်မြှောင်နဲ့ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းကိုကိုင်ကာ ချန်းယုရှိရာဆီ လုနင်လျှောက်လာလိုက်လေတော့သည်။

ချန်းယု စွမ်းအားကုန်သွားချိန်၊ လေထဲက သံလိုက်အိမ်မြှောင်နဲ့ ခေါင်းလောင်းလည်း ပြုတ်ကျသွားလေတော့သည်။ ချန်းယုကိုဂရုစိုက်ပေးမယ့်သူရှိနေတာကို လုနင်မြင်လိုက်တော့၊ မှော်လက်နက်တွေပြုတ်ကျသွားတဲ့နေရာကိုသွားပြီး ကောက်လိုက်တော့တယ်။

“ကျေးဇူး၊” လုနင်လက်ထဲကသံလိုက်အိမ်မြှောင်ကို ယူလိုက်ပြီးတော့ သူ့ထဲကစိတ်စွမ်းအင်ကလည်း ကုန်ခမ်းသွားပြီဆိုတာကို ရှာတွေ့လိုက်လေတော့သည်။ အခုလို နုံးချည်သွားလို့၊ သူ့မှာ တုန်ခါဖို့ခွန်အားတောင်မရှိလေတော့ဘူး။

“တာအိုမိတ်ဆွေချန်း၊ မင်းဘယ်လို...ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းကို မင်းဘယ်လိုထိန်းချုပ်လိုက်တာလဲ?” ခေါင်းလောင်းကို လုနင်ရလိုက်ချိန်၊ သူ့အဘွားကွယ်လွန်သွားခဲ့လေပြီ၊ ဒီတော့ ဒါကိုဘယ်လိုအသုံးချရမလဲဆိုတာ သူ့အားဘယ်သူမှမသင်ပေးခဲ့လေဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်ထဲ၊ ခေါင်းလောင်းရဲ့လုပ်ဆောင်နိုင်စွမ်းက ကျင့်ကြံရေးအဆင့်နိမ့်သောသရဲတွေကို ဇဝေဇဝါဖြစ်အောင်လုပ်ဖို့ပဲလို့ သူအမြဲထင်နေခဲ့တာ။ သူ့စွမ်းအင်က သရဲဘုရင်ကို ကြောက်လန့်သွားစေနိုင်တယ်ဆိုတာကို သူတစ်ခါမှမတွေးမိခဲ့လေဘူး။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Hikayelerin yaşadığı yer. Şimdi keşfedin