အပိုင်း(၈၃.၂):ငါကမင်းရဲ့မှတ်ဉာဏ်

1.6K 209 3
                                    

အပိုင်း(၈၃.၂):ငါကမင်းရဲ့မှတ်ဉာဏ်

သူမအဘိုးကို ချန်းယုက လုံးဝယုံကြည်ချက်ရှိလေတယ်။ ကိစ္စတော်တော်များများက သူကယုံကြည်စရာမကောင်းပေမဲ့၊ သေခြင်းရှင်ခြင်းကိစ္စတွေမှာတော့၊ တစ်ခါမှမကျရှုံးခဲ့ဖူးလေဘူး။

ခဏတစ်ဖြုတ်လောက် စောင့်ပြီးနောက်၊ ဒုတိယထပ်မှ အသံကြားလာရလေတယ်။ ဒုတိယထပ် လှေကားပေါ်မှာရပ်နေတဲ့ အဘိုးဝူကို၊ သူတိူ့လှည့်ကြည့်လာကြလေသည်။ အဘိုးဝူက တစ်ချက်ဝေ့ကြည့်လိုက်တော့ ချန်းယုရောက်နေပြီဆိုကြောင်း ရှာတွေ့လိုက်လေသည်။ ထို့နောက်မှာတော့ သူ့ခေါင်းကိုလော့မင်ဘက်လှည့်လာပြီး ပြောလိုက်လေတယ်၊ “ငါတို့စလို့ရပြီ။ လာခဲ့တော့။”

“အိုကေ၊” လော့မင် အနည်းငယ်လေးတောင် တုံ့ဆိုင်းမသွားခဲ့လေဘူး။ သူထရပ်လိုက်ပြီး ဒုတိယထပ်ရှိရာဆီ လျှောက်သွားလိုက်လေသည်။

“လော့မင်!” ဝန်ကြီးလော့နဲ့ ဆရာမော် မနေနိုင်ဘဲ ရပ်လိုက်ကြလေတယ်၊၊ အရင်တုန်းက  စိတ်ပိုင်ဆိုင်ရာပြင်ဆင်မှုဘယ်လောက်များများလုပ်ထားပြီးပါစေ၊ အချိန်တကယ်ကျလာပြီဆိုတော့၊ သူတို့အတော်လေးစိုးရိမ်မိကြတုန်းပဲ။

“စိတ်မပူပါနဲ့။ ကျွန်တော်အပေါ်တက်‌သွားတော့မယ်။” လော့မင် အပြုံးဖျော့လေးနဲ့ လှည့်သွားလိုက်လေတော့သည်။ သူကအေးဆေးတည်ငြိမ်နေတယ်၊ ကောင်းသောညပါလို့ ပြောနေသလိုမျိုးပဲ။

အခန်းရှိရာဆီ အဘိုးဝူနဲ့လော့မင်လှည့်ထွက်သွားတဲ့အချိန်အထိ စောင့်နေလိုက်ပြီးမှသာ ဧည့်ခန်းထဲမှ လှည့်ထွက်လာလိုက်လေသည်။ ခြံဝန်းအသေးလေးထဲ သူမအဘိုးက အစီရင်တစ်ခု ဖွဲ့စည်းထားပြီးလေပြီ၊ ဒီအစီရင်က အချိန်တိုလေးအတွင်း မကောင်းမှုစွမ်းအင်အားလုံးကို ဖိနှိပ်ပေးနိုင်လေသည်။

“မိန်းကလေးချန်းယု၊” ဧည့်ခန်းထဲကနေ ချန်းယုလျှောက်ထွက်လာချင်း၊ ဆံညှပ်ထည့်ထားတဲ့သေတ္တာကို သူမထံ ထျန်းဖေက လှမ်းပေးလာလေသည်။

ဒီအစီရင်က အရေးပေါ်ပြင်ဆင်ထားခဲ့တဲ့ဟာ။ အဘိုးဝူက ဒုတိယထပ်က အိပ်ခန်းထဲမှာ အစီရင်တစ်ခုစီစဉ်ထားပြီးပြီဆိုပေမဲ့၊ လော့မင်ရဲ့မကောင်းမှုစွမ်းအင်က များပြားလွန်းပြီး အစီရင်ကို ဖောက်ကာစိမ့်ထွက်လာခဲ့ရင်၊ ဒါဆို ချန်းယုက ခြံဝန်းအပြင်ဘက်က ဒုတိယအကာရံထဲမှာ ရှိနေဖို့လိုအပ်လေသည်။ အဲဒီစိမ့်ထွက်လာမှာတွေကို သူမလက်ထဲကဆံညှပ်ဖြင့် စင်ကြယ်ပေးဖို့လိုပြီး အပြစ်မဲ့‌တဲ့လူတွေ ဘာထိခိုက်မှုမှမရှိအောင် သေချာအောင်လုပ်ရမှာဖြစ်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora