အပိုင်း(၅၃.၁):ပြန်လည်မွေးဖွားရန်သူတို့ကိုပို့ပေးလိုက်

2K 263 1
                                    

အပိုင်း(၅၃.၁):ပြန်လည်မွေးဖွားဖို့သူတို့ကိုပို့ပေးလိုက်

“တာအိုမိတ်ဆွေ၊ မသွားပါနဲ့။ ဒီ‌မကောင်းမှုဝိညာဉ်ရဲ့ယင်အရှိန်အဝါက ခြိမ်းခြောက်နိုင်နေတယ်။ ဒီအညတရတာအိုဆရာတစ်ဦးတည်းက သူနဲ့ရင်ဆိုင်နိုင်မှာမဟုတ်လောက်ဘူး။” ခေါင်းကနေခြေဖျားအထိ စိတ်စွမ်းအင်ဖြာထွက်နေတဲ့၊ သူ့တာအိုမိတ်ဆွေ၊ မမျှော်လင့်ဘဲ ထွက်သွားတော့မှာကို တာအိုဆရာဟော်မူမြင်လိုက်တော့၊ သူမြန်မြန်အော်ဟစ်လိုက်လေသည်။

“တာအိုဆရာ၊ ရှင်ဘာပြောလိုက်တာလဲ?” စိတ်ရှုပ်ထွေးနေတဲ့မျက်နှာဖြင့် တာအိုဆရာမူကို ချန်းယုကြည့်လာလိုက်သည်။

“အို၊ မိန်းမငယ်လေးဖြစ်နေတာကို။” တစ်ဖက်လူလှည့်လာလိုက်တော့ သူမကတကယ်တမ်း လူငယ်မိန်းကလေးဖြစ်နေတယ်ဆိုတာကို တာအိုဆရာဟော်မူရှာတွေ့လိုက်လေတော့သည်။ သူမကြည့်ရတာကျောင်းသူတစ်ဦးနှင့်တူနေလေတယ်၊ ဒီတော့ သူမနှောင့်နှေးနေတော့ဘဲ တိုက်တွန်းလိုက်လေတော့တယ်၊ “ကျောင်းသူလေး၊ မြန်မြန်ထွက်သွားလိုက်၊၊ မင်းအစောတုန်းကရပ်နေတဲ့နေရာမှာ မကောင်းမှုဝိညာဉ်သုံးဦးရှိနေတယ်။”

“...” ချန်းယုတောင့်သွားလေသည်။ ဒီတာအိုဘုန်းတော်ကြီးက အရမ်းရိုးရှင်းနေမယ်ဆိုတာ သူမမမျှော်လင့်ထားမိလေဘူး။ သူမရုတ်တရက် နေရခက်သလိုခံစားလာမိလေသည်။

“မကောင်းမှုဝိညာဉ်တွေ၊ လူတွေကိုဘေးအန္တရာယ်မပေးနဲ့၊၊ မင်းတို့ပြန်လည်မွေးဖွားလို့ရအောင် ငါပို့ပေးမယ်။” တာအိုဆရာဟော်မူ သူ့သစ်သားမက်မွန်ဓားကိုထုတ်ကာ ပြေးဝင်သွားလိုက်လေသည်။

ချန်းယု ‘အမိန့်တစ်ခုလိုအရေးတကြီး’(မကောင်းမှုဝိညာဉ်တွေ သန့်စင်ရန် အသုံးပြုတဲ့ တာအိုဂါထာ)သူမနောက်က ဆက်တိုက်ရွတ်ဆိုနေတဲ့တာအိုဂါထာကိုနားထောင်ကာ တည်တည်ငြိမ်ငြိမ်ထွက်လာလိုက်တယ်။ သရဲနဲ့လူကြားက ဒီတိုက်ပွဲရလဒ်က သည်းထိတ်ရင်ဖိုဖွယ်မကောင်းနေလေဘူး။

သို့သော်၊ တာအိုဘုန်းတော်ကြီးကို ရှန်နန်မတော်တဆထိခိုက်ဒဏ်ရာရအောင်လုပ်မိတာကနေ ကာကွယ်ရန်အတွက်၊ ချန်းယု ပန်းခြံအသေးလေးကနေမထွက်သွားလေဘူး၊ ဒါပေမဲ့ ပန်းခြံဝင်ပေါက်၏ခုံတန်းရှည်၌ထိုင်နေလိုက်တယ်။ ဒါနဲ့၊ ဒီနယ်မြေထဲ သူမပန်းခြံထဲတွေ့ခဲ့တဲ့သရဲသုံးဦးက ဘာကြောင့်ယင်စွမ်းအင်ထူထပ်လာစေလဲဆိုတာကို စာတမ်းပြုစုလိုက်လေသည်။ သူမအားလုံးကိုရေးချပြီး ပို့ပေးမလို့လုပ်နေချိန်၊ ဝမ်းနည်းဖို့ကောင်းသောအနေအထားဖြင့် သက်ကြီးရွယ်အိုတာအိုဆရာပြေးထွက်လာတာကို မြင်တွေ့လိုက်ရလေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Onde histórias criam vida. Descubra agora