အပိုင်း(၆၂.၂):ချစ်မိနေတဲ့သူရှိတယ်

2K 284 9
                                    

အပိုင်း(၆၂.၂):ချစ်မိနေသူရှိတယ်

“ထုံတာ?” ကားလက်ကိုင်ဘီးပေါ်က ထျန်းဖေလက်တွေတံ့သွားကာ၊ သူမ‌တတ်နိုင်ဘဲ ရုတ်တရက်သတိချွတ်ယွင်းလာလေတယ်: ယန်မိသားစုမောင်နှမပြောပုံအရ၊ သခင်လေးကိုရှာဖို့သွားတုန်းက မိန်းကလေးချန်းယုက အကောင်းအတိုင်းရှိနေတယ်၊ ဒါပေမဲ့ သူမပြန်လာတော့၊ သူမခြေထောက်တွေရုတ်တရက်ထုံနေတယ်။ ဘယ်လိုအခြေအနေမျိုးက ဒီလိုဖြစ်စေနိုင်တာလဲ?

“အခုထိ ထုံနေတုန်းလား?” လော့မင် မျက်မှောင်ကြှုပ်ကာမေးလိုက်လေသည်။

“အခု တော်တော်ကောင်းးလာပါပြီ။” ချန်းယုပြန်ဖြေလိုက်လေတယ်။

“မင်းကိုကူနှိပ်ပေးမယ်။ သွေးရှင်းသွားတာနဲ့၊ ထပ်ပြီးထုံနေတော့မှာမဟုတ်ဘူး။” လော့မင်ပြောလိုက်လေသည်။

“အိုကေ။” ချန်းယု သူမ‌ဖိနပ်တွေကို နှစ်ကြိမ်ကန်ထုတ်လိုက်ပြီး သူမရှည်လျားသေးသွယ်တဲ့ခြေတံကို လော့မင်ဒူးပေါ် တင်လိုက်လေသည်။

လော့မင်အကြည့်တောင့်သွားလေတယ်။ ဒီလိုပျော့ပြောင်းတဲ့လှုပ်ရှားမှုမျိူးက ထပ်ပြီးမထုံနေသင့်တော့ဘူး။ ဒါပေမဲ့ ချန်းယုရဲ့မျှော်လင့်နေတဲ့မျက်ဝန်တွေနဲ့ဆုံလာတော့၊ သူ့ခေါင်းကို တိတ်တဆိတ်ငုံ့လိုက်ပြီး ညင်ညင်သာသာနှိပ်နယ်ပေးလာလိုက်တယ်။

ရှေ့မှာမောင်းနှင်နေတဲ့ထျန်းဖေအတွက်ကတော့၊ သူ့ရင်ဘတ်ထဲက အကောင်သေးသေးလေး စတင်အော်ဟစ်နေလေပြီ: ဒီအခြေအနေကဘာလဲဟ??

ဖင့်ချန်ထဲက စစ်ခြံဝန်းထဲ၊ အသက်ငါးဆယ်အရွယ်ရှိတဲ့ သက်လတ်ပိုင်းအရွယ်အရာရှိတစ်ဦး၊ စိုးရိမ်တကြီး လျှောက်ဝင်လာချိန်၊ လော့ရှင်ချန်က မွန်းလွဲပိုင်းစစ်စက်ရုံစစ်ဆေးခြင်းအတွက် သူ့စာဖတ်ခန်း၌ ပြင်ဆင်မှုလုပ်နေလေတယ်: “ဝန်ကြီး၊ တတိယသခင်လေးမှာတစ်ခုခုဖြစ်နေတယ်!”

“လော့မင်ဘာဖြစ်လို့လဲ?” ဘော့ပင်ကိုဆုပ်ကိုင်ထားတဲ့ လော့ရှင်ချန်ရဲ့လက်တွေ တင်းကျပ်လာလေတော့သည်။

“တတိယသခင်လေးရဲ့ဂျစ်ကား လမ်းတစ်ဝက်မှာ မတော်တဆဖြစ်ခဲ့တာ။” သက်လတ်ပိုင်းအရွယ်အရာရှိပြောလာလေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Onde histórias criam vida. Descubra agora