အပိုင်း(၄၁.၁):အစ်ကို့အပူချိန်

2.2K 304 4
                                    

အပိုင်း(၄၁.၁): အစ်ကို့အပူချိန်

သူမအဘိုးကြောင့် ဒေါပွလာရပြီးနောက် ချန်းယုမှာ စာလေ့လာရန် စိတ်မရှိနေလေတော့ဘူး၊ ညစာစားချိန်အချိန်ရောက်သည်အထိ သူမစိတ်မကြည်နေလေဘူး၊ ထမင်းစားပွဲပေါ်က မွှေးကြိုင်နေတဲ့ငါးပေါင်ကိုမြင်ပြီးမှသာ သူမစိတ်အခြေအနေကောင်းမွန်လာလေတော့သည်။ 

ချန်းယု ပျော်ရွှင်နေတဲ့အမူအရာနဲ့ထိုင်လိုက်ပြီးနောက်၊ လှေကားကို လှမ်းကြည့်ပြီး မေးလိုက်လေတယ်၊ “တတိယအစ်ကိုဘယ်မှာလဲ?”

ချန်ပင်း အသက်မပါစွာဖြေလာလိုက်တယ်၊ “တတိယသခင်လေး သူဗိုက်ဆာသေးဘူးတဲ့ မိန်းကလေးချန်းဘာသာစားဖို့လည်းပြောခိုင်းထားပါတယ်။.”

“ဗိုက်မဆာဘူး?” ချန်းယု အံ့ဩသွားတာကြောင့် ထပ်မေးကြည့်လိုက်လေသည်။

လော့မင်ဖြစ်သွားခဲ့တာနဲ့ပတ်သတ်ပြီး ချန်ပင်းက ဒေါသထွက်နေသေးတာဖြစ်လေတယ် ဒီတော့ ချန်းယုနဲ့ သူဘာမှထပ်မပြောချင်လေတော့ဘူး။ ထမင်းခူးထည့်ပေးလိုက်ပြီးနောက် အဲ့တာကိုချန်းယုရှေ့ ချပေးလိုက်လေသည်။  ‘ကောင်းကောင်းသုံးဆောင်ပါ’လို့ပြောပြီးနောက်၊ သူချက်ချင်းလျှောက်ထွက်လာလိုက်လေသည်။

ချန်းယု ဘယ်သူမှမရှိတဲ့ ထမင်းစားခန်းကိုကြည့်ပြီး တစ်ခုခုက မူမမှန်နေဘူးလို့ခံစားနေရလေသည်။ ပုံမှန်ဆို၊ တတိယအစ်ကိုဗိုက်မဆာနေဘူးဆိုရင်တောင်၊ သူထိုင်ပြီး သူမကိုအဖော်ပြုပေးဖို့ နည်းနည်းလောက်စား‌သေးတာဖြစ်လေတယ်၊ ဒီနေ့ကျမှဘာလို့မတူနေရတာလဲ?

ချန်းယုစိတ်မပါတပါစားလိုက်လေတယ်; သူမတောင်းဆိုထားတဲ့ ငါးပေါင်းကိုတောင် သူမမစားလိုက်ပဲ ထမင်းကိုသာ စားနေလိုက်လေတော့သည်။ ခဏတဖြုတ်လောက် စဉ်းစားချင့်ချိန်ကြည့်ပြီးနောက်၊ ချန်းယုထလိုက်ပြီး ဒုတိယထပ်မှာရှိတဲ့ လော့မင်အိပ်ခန်းဆီ လျှောက်သွားလိုက်လေသည်။

ချန်ပင်း သူမကိုမြင်လိုက်လေတယ် ဒါပေမဲ့ ခဏလောက်တုံ့ဆိုင်းပြီးနောက် သူမကိုမတားလိုက်လေဘူး၊ ချန်းယုကြောင့် တတိယသခင်လေးဖျားသွားတယ်ဆိုပေမဲ့၊ သူမကိုမြင်ရင် တတိယသခင်လေးပျော်သွားမှာကို သူသိနေတာကြောင့်ဖြစ်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora