အပိုင်း(၅၂.၂):မကျေမနပ်ဖြစ်နေသောကြေးဓား
ချန်းယု ဂရုဏာစိတ်ကလေးပေါ်လာပြီး အဝေးကအော်လိုက်လေတယ်၊ “အို၊ ငါနင့်သခင်ကို မထိခိုက်စေရပါဘူး၊ ငါ့ကိုထပ်ပြီးစောင့်ကြပ်နေဖို့မလိုပါဘူး၊ မဟုတ်ရင် နင်တကယ်ပဲ အပိတ်လှောင်ခံနေရဦးမယ်၊ ပြတိုက်ထဲ ပိတ်ထားခံရတာလေ၊ နင်နှစ်တစ်ထောင်လောက် မထွက်လာနိုင်ဘဲဖြစ်နေမှာ။”
ချန်းယုရဲ့အကြံပေးတာကို ကြေးဓားကြားလိုက်လေတော့၊ ဓားထိပ်ကို ချန်းယုဘက်လှည့်လိုက်လေသည်။ လေထဲက သံလိုက်အိမ်မြှောင် အခြေအနေကိုမြင်တော့၊ အဲ့တာကို ရိုက်နှက်ပစ်လိုက်လေသည်။
ကြေးဓားဒေါသထွက်သွားလေသည်။ အဲ့တာက သံလိုက်အိမ်မြှောင်နဲ့ အပွဲ၃၀၀လောက်ချလိုက်ချင်နေလေတယ်၊ ဒါပေမဲ့ လော့မင်ရဲ့အမိန့်ကို စဉ်းစားလိုက်မိတော့၊ အဲ့တာက လေပေါ် မကျေမနပ်ရပ်နေနေလိုက်တယ်။
“သေတ္တာဆီပြန်သွား။” လော့မင်ပြောပြီးသွားပြီးနောက်၊ သေတ္တာထဲ ကြေးဓား လိမ်လိမ်မာမာပြန်ဝင်သွားလေသည်။ သေတ္တာထဲက ကြေးဓားကိုကြည့်ရင်း လော့မင်မျက်ဝန်းထဲ ရှုပ်ထွေးမှုလေးဖြတ်ပေါ်လာလေသည်။ ချန်းယုဘက်လှည့်ပြီး ပြောလိုက်လေတယ်၊ “နဂိုတုန်းက မင်းကိုယ်မင်းကာကွယ်လို့ရအောင် ကြေးဓားကို မင်းဆီပေးထားချင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့၊ အဲ့တာအလုပ်မဖြစ်တော့ပုံပဲ။”
“အလုပ်မဖြစ်တာထက်ပိုတယ်။ ညီမမလိုမုန်းထားသရဲတွေနဲ့ တိုက်နေတုန်း၊ အဲ့တာက နောက်ကနေရုတ်တရက်ပေါ်လာမယ်ဆိုရင်။” ချန်းယု အဲ့တာကို မတောင်းဆိုရဲလေဘူး။
အဲဒီမြင်ကွင်းကို လော့မင်မြင်ယောင်ကြည့်လိုက်မိတော့၊ ချက်ချင်းမျက်မှောင်ကြှုပ်ပြီး ပြောလိုက်လေတယ်: “ဒါဆို ထားလိုက်ပါတော့။”
သူမမှော်လက်နက်အတွက် သူအခြားနည်းလမ်းတွေကိုသာရှာဖွေရတော့မှာပဲ။
သူမကိုယ်ထဲက မကောင်းမှုစွမ်းအင် သန့်စင်ဖို့ လော့မိသားစုခြံဝန်းလေး၌ ချန်းယု နှစ်နာရီကြာ နေခဲ့လိုက်တယ်။ သို့သော်၊ ဒီနှစ်ရက်အတွင်း သူမကိုယိထဲကမကောင်းမှုစွမ်းအင် ရှင်းလုနီးပါးဖြစ်နေလေတယ်၊ ဒီတော့ နှစ်နာရီကြာနေရန် မလိုအပ်လေတော့ဘူး။ လော့မင်နှင့်အတူ ညစာစားပြီးနောက်၊ ဆရာမော်လုပ်ပေးထားတဲ့ အဆောင်တွေယူပြီး လော့မိသားစုခြံဝန်းသေးလေးက ထွက်လာခဲ့လိုက်လေသည်။
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...