အပိုင်း(၅၆.၁):မတရားဘူး

1.9K 237 2
                                    

အပိုင်း(၅၆.၁):မတရားဘူး

ချန်းယု ဖြတ်ခနဲပြေးထွက်သွားတာက၊ မြေကွက်ထဲလူတွေကို မှင်သက်သွားစေလေသည်။

ချန်းယု ကျောက်ပုစွန်စားဖို့ ပြန်မှာဖြစ်ပေမဲ့၊ သူမစီးပွားရေးကိုတော့ သူမမေ့မနေလေဘူး။ ပန်းခြံဝင်ပေါက်၌ ရပ်လိုက်ဖို့ ပန်ဖုန်းကို သူမပြောပြီး၊ သူမတစ်ယောက်ထဲ တောအုပ်ကလေးရှိရာဆီမလာလိုက်ခင် ပန်ဖုန်းကို ကားထဲမှာစောင့်နေဖို့မှာခဲ့လိုက်လေသည်။

“ကောင်််းကင်ဘုံဆရာချန်း။” ချန်းယုပေါ်လာတာကို ရှန်နန်မြင်လိုက်တော့၊ သူ့ခေါင်းကိုငုံ့ကာ ချန်းယုကိုအလေးအနက်အရိုအသေပေးလာလိုက်တယ်။

ချန်းယုမျက်မှောင်ကြှုပ်လိုက်ပေမဲ့ မရှောင်တိမ်းလိုက်လေဘူး။ ရှန်နန်ရပ်လာတော့သူမပြောလာလိုက်တယ်၊ “ငါအစောကနင့်ကိုကူညီတာက၊ ပထမတစ်ချက်က ရှောင်းကန်ကို သူတိူ့ခေါ်သွားတာကြောင့်ပဲ၊ ဒုတိယတစ်ချက်က၊ ငါလျူရှုချန်ကိုမုန်းတာကြောင့်ပဲ။ ဒါပေမဲ့၊ ဒါက အနာဂတ်မှာ နင့်ကိုထပ်ကူညီပေးမယ်လို့ဆိုလိုတာမဟုတ်ဘူး။”

“ကျွန်တော်နားလည်ပါတယ်။” ရှန်နန် နားလည်ကြောင်းခေါင်းညိတ်ပြလာလိုက်တယ်။ ဒ့ါအပြင်၊ သူ့ကိစ္စမှာ အခြားသူတွေ ကြားဝင်စွက်ဖက်လာခွင့်ပြုဖို့ သူ့မှာရည်ရွယ်ချက်မရှိနေဘူး။

“ကောင်းကင်ဘုံဆရာချန်း၊ ငါ...” နှာဗူးသရဲမ ပြောလာတော့မယ့်အချိန် ချန်းယုရုတ်တရက်ကြားဝင်ဖြတ်ပြောလာလေသည်။

“ငါအခုပဲ သရဲဂိတ်ဖွင့်ပြီး နင်တို့ပြန်လည်မွေးဖွားလို့ရအောင်ပို့ပေးလိုက်မယ်။” ချန်းယုသူမလက်ကိုမြှောက်ပြီး သံလိုက်အိမ်မြှောင်ထုတ်လိုက်လေတယ်။ သံလိုက်အိမ်မြှောင်ပျံထွက်သွားပြီး သရဲဂိတ်ကို နှာဗူးသရဲနဲ့သိပ်မဝေးတဲ့နေရာမှာဖွင့်လိုက်လေတယ်။

ချန်းယုခံစားချက်ဆိုးဝါးနေလေပြီး သူမနှလုံးသားထဲ ဟန့်တားထားတဲ့ခံစားချက်ရေးရေးလေးရှိနေလေတယ်။ ရှန်နန်နဲ့လျူမိသားစုကိစ္စမှာ သူမပါဝင်ပတ်သတ်နေပြီဆိုတာကို သူမသိလိုက်လေတယ်။

“ငါ...”

“သွားတော့။” ရှန်နန် ရုတ်တရက်တိုက်တွန်းလိုက်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Nơi câu chuyện tồn tại. Hãy khám phá bây giờ