အပိုင်း(၂၃): နက်နဲသိမ်မွေ့သောတိုက်ခိုက်ခြင်းအဆောင်
လော့မင် အစောတုန်းကကိစ္စအကြောင်း မမေးလိုက်ခင် ချန်းယုပြန်သက်သာတဲ့အထိစောင့်နေလိုက်သည်။
“မင်းပန်းခြံအသေးလေးထဲ တိုက်ခိုက်နေတာကဘာလဲ?” သူ မိန်းကလေးကို တစ်ခုခုက တိတိကျကျတိုက်ခိုက်နေတယ်ဆိုတာကိုသိနေပေမဲ့ အဲ့တာဘာလဲဆိုတာတော့ သူမမြင်နိုင်လေဘူး၊ အဲ့တာက တကယ့်ကိုကြောက်စရာကောင်းတယ်ဆိုတာ သူခံစားလို့ရလေသည်။
“သူက မကောင်းမှုဝိညာဉ်ဖြစ်လောက်မယ်။” ချန်းယု သူမကိုယ်တိုင်လည် းမသေချာလေဘူး။
“ဖြစ်နိုင်တယ်?” ချန်းယုကို လော့မင် အထူးတဆန်းကြည့်လိုက်လေသည်။
“ညီမကိုယ်တိုင်တောင် မသေချာနေဘူး။” သူမရှင်းပြလိုက်လေသည်၊ “ညီမရှစ်နှစ်အရွယ်ကစပြီး အဘိုးနောက်ကို သရဲနှင်ဖို့လိုက်နေခဲ့တာ။ ညီမ မရေမတွက်နိုင်တဲ့မကောင်းမှုဝိညာဉ်တွေနဲ့ ဇွန်ဘီးနှစ်ကောင်ကိုတောင် မြင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ဒီညတုန်းက ဒီလိုအရာမျိုးကိုတော့ ညီမပထမဆုံးမြင်ဖူးတာပဲ။ သူက မကောင်းမှုဝိညာဉ်နဲ့တူတယ်၊ ဒါပေမဲ့ မတူနေတာတချို့လည်းရှိနေသေးတယ်။”
“မတူညီတာတချို့? ဘာမတူတာလဲ?” လော့မင်မေးလိုက်လေသည်။
“မကောင်းမှုဝိညာဉ်တွေဆိုတာမျိုးက တကယ်တမ်း သူတို့သေပြီးနောက်ဖြစ်လာတဲ့ သူတို့ဝိညာဉ်တွေပဲ။ မကောင်းမှုတွေနဲ့ မလိုမုန်းထားပြီးငြိတွယ်နေတာကြောင့်၊ သူတို့က ပြန်လည်မမွေးဖွားချင်ကြတော့ဘဲ နောက်ဆုံးတော့ လူသားလောကမှာ နေထိုင်နေကြတာ။ သူတို့ခွန်အားတွေ ဘာကြောင့်တိုးလာလဲဆိုတာရဲ့အကြောင်းရင်းက အချိန်ကြောင့်ပဲ၊ သူတို့သေဆုံးမှုရဲ့အငြိုး၊ ဒါမှမဟုတ် ဖြစ်ကောင်းဖြစ်နိုင်တာက မကောင်းမှုအရှိန်အဝါဖြစ်ဖြစ် မကောင်းမှုဝိညာဉ်တွေဖြစ်ဖြစ် တစ်ခုခုရဲ့ချုပ်ထိန်းထားခံရတာကြောင့်ပဲ။ ဒါပေမဲ့ သူတို့မှာ မပြောင်းလဲသွားတဲ့ ဘုံတစ်ခုရှိနေတယ်။ ဒါက၊ သူတို့ရဲ့ ဝိညာဉ်ဆိုင်ရာအခြေအနေပဲ၊ ဒါကြောင့်ပဲ ညီမတို့ သူတို့ကို အသက်မရှိတဲ့ဝိညာဉ် ဒါမှမဟုတ် ယင်ဝိညာဉ်လို့ များသောအားဖြင့် ခေါ်ကြတာလေ။” ချန်းယုဆက်လိုက်လေတယ်၊ “ဒါပေမဲ့ ဒီနေ့ မကောင်းမှုဝိညာဉ်ကတော့ တော်တော်ထူးခြားနေတယ်။ သူ့မှာ အရမ်းသန်မာတဲ့မကောင်းမှုအရှိန်အဝါရှိနေပြီး သူကလည်း ဝိညာဉ်အခြေအနေမှာရှိနေတုန်းပဲ၊ ဒါပေမဲ့ သူက တက်ကြွမှုရှိနေတယ်၊ တက်ကြွမှုဆိုတာက…”
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...