အပိုင်း (၂) : ငါ့ကိုရှီချီလို့ခေါ်ပေးပါ
"လွန်ခဲ့တဲ့ဆယ်နှစ်က ချန်းမိသားစုကနေပျောက်သွားတဲ့ကောင်မလေးလား?" လော့မင် သူ့မျက်ခုံးကို အံ့ဩတကြီးပင့်ကာ မေးလာလေသည်။
"သူမကို တရားမဝင်ကုန်ကူးသမားတွေက ပြန်ပေးဆွဲပြီးရောင်းချသွားခဲ့တာ" လော့မင်လုံခြုံရေးကို ကာကွယ်ရန်အတွက်၊ ဟဲကျီ စစစ်တပ်ခြံဝန်းေတွထဲ ဝင်ထွက်သွားလာတဲ့လူတိုင်းကို စုံးစမ်းစစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်လေသည်၊ ယခုလေးတင်မှ ချန်းမိသားစုကို ပြန်ရောက်လာတဲ့ ချန်းယုတောင်အပါအဝင်ပေါ့၊ "သူမကို ချင်မူစီရင်စုထဲက ဝေးလံတဲ့တောင်ရွာတစ်ခုကိုရောင်းချခဲ့တာ၊ သခင်လေးချန်းက လွန်ခဲ့တဲ့နှစ်ရက်လောက်က သူမကိုသွားခေါ်လာခဲ့တာပဲ။"
"သူမကပြန်ပေးဆွဲခံရဖူးတယ်?" လော့မင်သတိမမူမိဘဲ မျက်မှောင်ကြုတ်လိုက်ကာ၊ တစ်ယောက်ယောက်ကသာ သူ့ကိုကမ္ဘာပေါ်မှာ ဘယ်လိုလူမျိုးကို စက်ဆုပ်ရွံရှာဆုံးလဲလို့မေးလာခဲ့မယ်ဆိုရင်၊ ပြန်ပေးဆွဲသမားတွေကအဲ့တာတွေထဲကတစ်ခုအပါအဝင်ဖြစ်လေသည်။
လော့မင် သူ့လက်ထဲက တစ်ဝက်မျှဖတ်ပြီးတဲ့ မဂ္ဂဇင်းစာအုပ်ကိုချလိုက်ကာ၊ မတ်တပ်ရပ်လိုက်ပြီး၊ ပြတင်းပေါက်နားလျှောက်သွားကာ ခန်းဆီးကိုမတင်လိုက်လေသည်။ သူ ပိန်းပါးတဲ့သဏ္ဍာန်ရှိကာ၊ ဆံပင်ကို စုပြီးမြင့်မြင့်ချည်ထားတဲ့သူမ လက်နှစ်ဖက်ကိုမြှောက်ပြီးရပ်နေတာကိုသာမြင်လိုက်ရလေသည်။
"ငါ...ငါဒီကို တကယ်ပဲ တစ်ခုခုကောက်ဖို့ရောက်လာတာပါ၊ နင်မြင်လား၊ အဲ့တာကငါ့လက်ထဲမှာရှိနေတုန်းပဲလေ၊ငါ...ငါတကယ်ပဲမကောင်းတဲ့သူမဟုတ်ပါဘူးဟ" ချန်းယု သူမတတ်နိုင်သမျှအကောင်းဆုံးရှင်းပြရင်းနဲ့ သူမကိုယ်ကတဆတ်ဆတ်တုန်ယင်နေေလတော့သည်။
သူမတော်တော်ကြီးပြင်းလာခဲ့တာ၊ သူမ သရဲတွေတော်တော်များများကိုလည်းမြင်ဖူးခဲ့တယ်၊ ဒါပေမဲ့ သူမသေနတ်ကိုတော့ အရင်ကတစ်ခါမှမမြင်ဖူးလေဘူး၊ ဒါက လူကိုသေတဲ့အထိကြောက်သွားစေတာပဲ အာ ရှိုက်ငိုခြင်း ရှိုက်ငိုခြင်း...
လော့မင် မျက်မှောင်ကြုတ်လိုက်ကာ "သူတို့သေနတ်တွေချလိုက်ဖို့ သွားပြောလိုက်ဦး၊ ကောင်မလေးကိုခြောက်လန့်မနေနဲ့"
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...