အပိုင်း(၇၂):ကံခေခြင်း

1.9K 224 1
                                    

အပိုင်း(၇၂.၁):ကံခေခြင်း

တားမြစ်နည်းပညာကို ချန်းယုထံ အဘိုးဝူလက်ဆင့်ကမ်းလာချိန်တုန်းက၊ သူမကျင့်ကြံရေးအဆင့်က လုံလောက်မှုမရှိနေရင် ဒါကိုဖြစ်သလိုအသုံးချလိုက်လို့မဖြစ်ဘူးလို့ အကြိမ်တစ်ရာကျော်တောင် သတိပေးခဲ့လေသည်။ အရင်တုန်းက ကျင့်ကြံရာမှာ ချန်းယုရဲ့အပျင်းကြီးပုံနဲ့ဆိုရင်၊ ဒီတားမြစ်နည်းပညာကို အသုံးပြုဖို့ သေချာပေါက် အခွင့်အရေးရလိမ့်မှာမဟုတ်ဘူးလို့ အဘိုးဝူမှာ အတော်လေးယုံကြည်ချက်ရှိနေလေသည်။ သို့သော်၊ တာမူရွာက သူမထွက်သွားပြီးသိပ်မကြာခင်မှာ၊ ခွင့်ပြုချက်မရဘဲ တားမြစ်နည်းပညာအသုံးပြုမှာ သူမမှာသတ္တိရှိနေလိမ့်မယ်လို့ ဘယ်သူကတွေးခဲ့မိမှာလဲ?

ယန်ဝမ်ဆီကနေ လူလုယူဖို့က အရမ်းအန္တရာယ်များလှလေတယ်၊ ဒီတော့ သူကိုယ်တိုင်တောင် အဲ့တာကို သာမန်ကာလျှံအသုံးမချရဲလေဘူး။ internet cafeထဲ တားမြစ်နည်းပညာကို အသက်သွင်းလိုက်တာကို သူအာရုံခံမိလိုက်လေတယ်၊ သူအရမ်းဒေါသထွက်လာကာ သူ့ပြဿနာရှာလွန်းလှတဲ့မြေး‌မလေးခေါင်းကို သူ့ရဲ့ဆေးတံရှည်နဲ့ ခေါက်ပစ်ရန် အသည်းတယားယားဖြစ်နေလေတော့သည်။

နှစ်နာရီကြာပြီနောက်၊ internet cafeကနေ လေဆိပ်ကို အဘိုးဝူရောက်လာပါပြီ။ တားမြစ်နည်းပညာ အသုံးပြုပြီးသွားပြီဆိုတာကို သူအဖြေရှာလိုက်နိုင်လေတယ်၊ ဒီတော့ သူ့ဖုန်းကိုထုတ်ပြီး ချန်းယုကို ထပ်မံခေါ်လိုက်ပြန်လေသည်။

ရလဒ်အနေနဲ့တော့၊ တစ်၊ နှစ်၊ သုံး...ဖုန်းတစ်ဖက်မှ မအားလပ်သေးပါသဖြင့်နဲ့ပဲ အမြဲကြုံတွေ့လိုက်ရလေသည်။

“စဥ်းလဲတဲ့မိန်းကလေး၊ သူမတကယ်ပဲကံခေတာနဲ့ကြုံလိုက်ရပြီလို့ ငါ့ကိုမပြောလိုက်နဲ့နော်?” အဘိုးဝူ မျက်မှောက်ကြှုပ်လိုက်လေသည်။

သရဲတမန်တော်က အသက်ရှိသူ၏ဝိညာဉ်ကို ဆန္ဒရှိသလို ခေါ်သွားလို့မရနိုင်လေဘူး၊ ဒါပေမဲ့ ထူးခြားသောအခြေအနေတွေအရ လူတစ်ယောက်က မြေအောက်လောကကရဲ့ကိစ္စကို ဝင်ရောက်စွက်ဖက်လိုက်ရင်၊ သရဲတမန်တော်က မြေအောက်လောကဆီ သက်ရှိလူ၏ဝိညာဉ်ကို ခေါ်ဆောင်သွားလို့ရနိုင်လေသည်။ စုံစမ်းစစ်ဆေးပြီး စီရင်ချက်ချပြီးနောက် သူ/သူမကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို သူတို့(မြေအောက်လောကက)ဆုံးဖြတ်ကြလေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Tahanan ng mga kuwento. Tumuklas ngayon