အပိုင်း(၆၄.၂):မကောင်းမှုဝိညာဉ်၏လျှို့ဝှက်ချက်များ

1.8K 239 5
                                    

အပိုင်း(၆၄.၂):မကောင်းမှုဝိညာဉ်၏လျှို့ဝှက်ချက်များ

“ကျွန်တော့မကောင်းမှုဝိညာဉ်အကြောင်း သူမသိလာကတည်းက၊ ကျွန်တော်ကိုကူညီပေးဖို့ ရှီရှီအရမ်းကြိုးစားနေခဲ့တာ၊ ဒီတော့ အဖေ သူမကို ကျွန်တော်နဲ့တမင်သက်သက်ချည်နှောင်ထားဖို့မလိုအပ်ဘူး၊၊ သူမကိုဒီအတိုင်းလေးပဲနေခိုင်းလိုက်ပြီး၊ ကျွန်တော်လိုအပ်လာချိန် သူမလာကူညီပေးပါလိမ့်မယ်။” လော့မင်ပြောလိုက်လေသည်။

“ဘာများကွာခြားနေလို့လဲ?” လော့ချင်ချောင် နားမလည်နိုင်ဖြစ်နေလေသည်။

“သေချာသလောက် ဆန္ဒရှိတာနဲ့ ဖိအားပေးတာကြား မတူညီနေဘူး။” လော့မင် သူ့အဖေရဲ့အကြည့်ကို ရဲရဲရင်ဆိုင်လိုက်လေသည်။

နောက်ဆုံးတစ်ချိန် သူ့(လော့ချင်ချောင်)ကိုဒီလိုကြည့်လာတာက သူ့(လော့မင်)မကောင်းမှုဝိညာဉ် ထိန်းချုပ်မှုလွတ်သွားရင် ဘာလုပ်ရမယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့တဲ့ အဲဒီနေ့တုန်းကပဲ၊၊ အဲဒီအချိန်တုန်းက၊ သူ့အခြေအနေက ထိန်းချုပ်မရနိုင်ဖြစ်လာချိန်၊ သူ့ကိုသုတ်သင်ပစ်မှဖြစ်မယ်လို့ လော့မင်တောင်းဆိုလာခဲ့တာ။ အဲဒီအချိန်တုန်းက လော့ချင်ချောင် အတင်းအကြပ်ငြင်းဆန်ခဲ့ချိန်၊ လော့မင် ဒီလိုတူညီတဲ့အကြည့်မျိုးနဲ့ကြည့်လာပြီး ပြောလာတာက၊ “ကျွန်တော်အသက်ရှင်နေဖို့ ပေးရမယ့်တန်ဖိုးက အခြားသူကျွန်တော့အတွက် သေပေးဖို့ဆိုရင်၊ ဒါဆို ကျွန်တော်အသက်မရှင်တော့ဖို့ကိုပဲလိုလားတယ်။”

“ကောင်းပြီ။” လော့ချင်ချောင်ခေါင်းညိတ်လိုက်လေသည်။

သူ့အဖေသဘောတူလာတာကြောင့် လော့မင်အနည်းငယ်အံ့ဩသွားလေသည်။

လော့မင်ကို လော့ချင်ချောင် ပွင့်ပွင့်လင်းလင်းကြည့်နေလိုက်တယ်။ ချန်းယုဖိအားပေးခံရတာကို လော့မင်မလိုချင်မှတော့၊ ဒါဆို လက်ရှိအခေုအနေအတိုင်းရှိနေတာ ပိုကောင်းမယ်။ ဘာပဲဖြစ်ဖြစ်၊ သူ‌လေ့လာထားရသလောက်၊ ချန်းယုက သူ့သားကို အရမ်းသဘောကျလေတယ်။ သူမရပ်ပြီးစောင့်ကြည့်‌မနေဘူးဆိုတာ သူယုံကြည်လေတယ်။ ကျန်တာအတွက်ကတော့...သူမမြို့တော်ကထွက်သွားမှာကနေ ဟန့်တားထားနိုင်သရွေ့၊ သူမကို အချိန်မရွေး ရှာဖွေနိုင်မှာဖြစ်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Where stories live. Discover now