အပိုင်း(၅၉.၁):အချစ်ဆိုတာဘာလဲ

2.2K 285 0
                                    

အပိုင်း(၅၉.၁):အချစ်ဆိုတာဘာလဲ

“ဒီတော့၊ အဆုံးမှာ ရှန်နန်က မြေအောက်လောကကိုလိုက်သွားပြီး လျူမိသားစုတွေက သေဆုံးပြီးနောက် ငရဲသွားကြရတာပေါ့?” ချန်းယုဝမ်းသာအားရပြောလာတာတွေကို လော့မင်ပြုံးကာ‌နားထောင်နေလိုက်လေသည်။

“အမ်-ဟမ်!” ချန်းယုပျော်ပျော်ရွှင်ရွှင်ပြောလာလေတယ်၊ “ဒီတော့ ကောင်းကင်မှာ မမျှတတာမရှိနေဘူး။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက အဲဒီအဘိုးကို ညီမအထင်လွဲနေခဲ့တာပဲ။ ညီမအရမ်းမှားသွားပြီ။”

“အထင်လွဲတာ?” ချန်းယုပြောထွက်လာတာတွေကြောင့် အမြဲမှင်သက်သွားရသလို လော့မင်ခံစားနေရလေသည်။

“ဟုတ်တယ်၊ အဲဒီအဘိုးကို ညီမတောင်းပန်ရဦးမယ်။” ချန်းယုပြောပြီးနောက်၊ သူမလက်ဖဝါးနှစ်ဖက်ကိုဆုပ်ကာ မျက်လုံးမှိတ်ပြီး တောင်းပန်လာလေတယ်၊ “ကောင်းကင်ဘုံ၊ အဘိုးက ဒီအမြင်ကျဉ်းတဲ့လူရဲ့အမှားတွေအတွက် နားကြည်းချက်တွေကိုတေးမထားတတ်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့သူတစ်ဦးပါ။ ကျေးဇူးပြုပြီး ကျွန်မကိုခွင့်လွှတ်ပေးပါ။”

“အဲဒီအဘိုးက အရမ်းသဘောထားကြီးတဲ့သူမို့ ဒါနဲ့ပတ်သတ်ပြီး မင်းကိုပြဿနာမရှာလောက်ပါဘူး။” ချန်းယုရဲ့ချစ်စရာကောင်းတဲ့လုပ်ရပ်ကို လော့မင်သဘောကျသွားလေသည်။ သူကျယ်ကျယ်‌ရယ်ချလိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်။ ချန်းယုပါးစပ်က ဆုတောင်းစကားရွတ်ဆိုတာကနေ အာခြောက်လာတာကိုမြင်တော့၊ သူ့လက်ကိုမြှောက်ပြီး စားပွဲပေါ်က လက်ဖက်ရည်အိုးကိုယူကာ၊ ချန်းယုရှေ့ကခွက်ထဲကို လက်ဖက်ရည်လောင်းထည့်ပေးဖို့ အဆင့်သင့်ဖြစ်နေလေတယ်၊ “ကျန်ဇီယန်နဲ့မိန်းကလေးလျူကကော?”

ကျန်ဇီယန်နဲ့ လျူမူယာကိစ္စကို လော့မင်မေးတာကြားလိုက်တော့၊ ချန်းယုရဲ့ပျော်ရွှင်နေတဲ့မျက်နှာ ငေးကြောင်ကြောင်ဖြစ်လာလေသည်။ သူမလှည့်ကာ၊ သူမမေးကိုလက်နှစ်ဖက်ဖြင့်ထောက်ပြီး၊ သူမခွက်ကိုလက်ဖက်ရည်ပြန်ဖြည့်ပေးနေတဲ့ လော့မင်ကိုကြည့်လာလိုက်လေတယ်။ သူမရုတ်တရက်မေးလိုက်လေတယ်၊ “တတိယအစ်ကို၊ အချစ်ကဘာနဲ့တူလဲ?”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora