အပိုင်း(၆၅.၂):ခေါင်းလောင်း
သူတို့ထဲက အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးက ယန်မောင်နှမတွေဖြစ်လေတယ်။ သူတို့နှစ်ဦးဘေး ထိပ်တန်းကျတဲ့မျက်နှာအသွင်အပြင်နဲ့ ရှေးခေတ်လူချောတစ်ဦးလိုပြုမူပြောဆိုပုံရှိတဲ့ ငယ်ရွယ်ချောမောတဲ့လူရွယ်တစ်ဦးရှိနေလေသည်။
“အစ်ကိုလုနင်၊ ဒီလက်ဆောင်ကိုမြင်တာနဲ့ အန်တီလင်းသေချာပေါက်ပျော်သွားလိမ့်မယ်။” ယန်ချင်းရဲ့ အရည်ရွှမ်းနေတဲ့ မက်မွန်ပွင့်လိုမျက်ဝန်းတွေက လူငယ်ထံ၌သာရှိနေလေသည်။
သူ့လက်ထဲကကျောက်စိမ်းသေတ္တာကိုကြည့်ကာ လုနင်ပြုံးလိုက်လေတယ်၊ “ဒီအရည်သွေးမျိုးရှိတဲ့ကျောက်စိမ်းကို ငါရှာနိုင်ခဲ့တာ၊ မင်းနဲ့ယန်ဝေ ဒီကိုခေါ်လာပေးတာကိုကျေးဇူးတင်ရမှာပဲ၊၊ ဒါကငါမြို့တော်မှာတွေ့ခဲ့တဲ့ဟာတွေထက် ပိုကောင်းနေတယ်။”
“ဖင့်ချန်ကမြို့သေးလေးပဲဆိုပြီးအထင်မသေးလိုက်နဲ့၊ ဒီမှာပစ္စည်းကောင်းတွေအများကြီးရှိတယ်။” ယန်ဝေရယ်လိုက်လေသည်။
“ဒီညသရဲဈေးမှာ ငါလိုချင်တာရှာနိုင်ဖို့မျှော်လင့်ရတာပဲ။” လုနင်းပြောလိုက်လေသည်။
“ညီမရှာနိုင်မယ်ဆိုတာ၊ ညီမတော့သေချာနေတယ်။” ယန်ချင်းပြောပြီးသွားတော့ သူမစိတ်တိုတိုပြောလာလေတယ်၊ “အဲဒီနေ့တုန်းကလိုက်ဖမ်းတဲ့ဇွန်ဘီးကို ညီမအစ်ကိုနဲ့ညီမသာမလွတ်သွားခဲ့ရင်၊ အစ်ကိုသရဲဈေးသွားပြီး အဲ့တာကိုရှာနေစရာမလိုတော့ဘူး။”
“အဲဒီနေ့တုန်းက ဇွန်ဘီးဖမ်းဖို့ ငါ့ကိုဆွဲခေါ်သွားခဲ့တာက လုနင်အတွက်ဖြစ်နေတာကို။” ယန်ဝေစလိုက်လေသည်။
“ကိုကို!” ယန်ချင်း သူမအစ်ကိုစနောက်လာတာခံလိုက်ရပြီး၊ သူမမျက်နှာလှလှလေးက ချက်ချင်းရှက်သွေးဖြာလာလေတော့သည်။ ဒေါသနဲ့၊ သူမအစ်ကိုလက်မောင်းကိုဆွဲဆိတ်လိုက်လေသည်။
“ဆိတ်နေတာရပ်တော့၊ ဆိတ်နေတာရပ်တော့...အဲ့တာနာတယ်ဟ၊ အာ။” ယန်ဝေ ခွင့်လွှတ်ရန်တောင်းဆိုလာလေတော့သည်။
ယန်မောင်နှမပြာဆိုနေတာတွေကို လုနင်ကြားလိုက်တော့၊ သူ့မျက်နှာက သဘောမတူသလိုဖြစ်လာကာ ထိုနှစ်ဦးကိုကြည့်ကာ ပြောလိုက်လေတယ်၊ “အဘိုးယန်ရဲ့သံလိုက်အိမ်မြှောင်ကိုခိုးပြီး ဇွန်ဘီးဖမ်းဖို့ထွက်သွားခဲ့တယ်လို့ အန်တီဆီကငါကြားထားတယ်။ မတော်တဆလည်းဖြစ်ခဲ့သေးတာတဲ့၊ ဒါပေမဲ့ အဲ့တာကငါ့အတွက်ဖြစ်နေခဲ့တာကို။”
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...