အပိုင်း(၆၆.၁):သရဲဈေး

1.7K 209 2
                                    

အပိုင်း(၆၆.၁):သရဲဈေး

ရှေးဟောင်းပစ္စည်းလမ်း၏ချောင်ကျသောထောင့်တစ်နေရာ၌။

“ဒင်-ဒင်-ဒင်...”

“ဝီဝီ-ဝီဝီ-ဝီဝီ...”

ချန်းယု ပထမဆုံးအကြိမ် ပျော်ပျော်ရွှင်ရွှင်ဆက်တိုက်‌တုန်ခါနေတဲ့ သူမသံလိုက်အိမ်မြှောင်ကိုကြည့်နေစဉ်၊ သူမနဲ့မျက်နှာချင်းဆိုင်က လူရွယ်ကလည်း သူ့လက်ထဲကခေါင်းလောင်းကိုတအံ့တဩကြည့်နေလေသည်။

“သူတို့...သူတို့အချင်းချင်းသိနေကြတာလား?” ချန်းယု မယုံကြည်နိုင်ဖြစ်နေလေသည်။

“ကျွန်တော်လည်းမသေချာဘူး။” လုနင်ခေါင်းခါပြပြီး ပြောလာလေတယ်၊ “အစောကလမ်းမှာတုန်းက၊ ကျွန်တော့ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းက ရုတ်တရက်မြည်လာတာ၊၊ မင်းဆီကမကောင်းမှုစွမ်းအင်အာရုံခံမိလိုက်လို့မြည်တာလို့ ကျွန်တော်ထင်နေခဲ့တာ၊ ဒါပေမဲ့ အခုကြည့်ရသလောက်၊ မင်းပေါ်ကသံလိုက်အိမ်မြှောင်ကိုသူအာရုံခံမိလိုက်တာကြောင့်ဖြစ်မယ့်ပုံပဲ။”

“ဝိညာဥ်ဆင့်ခေါ်ခြင်းခေါင်းလောင်း?” ချန်းယုတုံ့ဆိုင်းသွားပြီး မေးလိုက်လေတယ်၊ “ကျွန်မတစ်ချက်ကြည့်ကြည့်လို့ရမလား?”

“မရဘူး!” လုနင်းမပြောနိုင်ခင်၊ တစ်ဖက်ကယန်ချင်း သူ့အစားငြင်းလာလေတယ်။ “အစ်ကိုလုနင်း၊ အစ်ကို့ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းကိုပေးလိုက်လို့မဖြစ်ဘူး။ ညီမအဘိုးသံလိုက်အိမ်မြှောင်ကို ပျက်အောင်လုပ်လိုက်တဲ့သူက သူမပဲ။”

ယန်ချင်းကို တအံ့တဩ လုနင်းကြည့်လာလိုက်လေသည်။ အဘိုးယန်ရဲ့သံလိုက်အိမ်မြှောင်က အရမ်းအားကောင်းလေသည်။ အဲ့တာပျက်စီးသွားဖို့ဘယ်လိုလုပ်လွယ်ကူနိုင်မှာလဲ?

“ညီမပြောတာမယုံရင် ညီမအစ်ကိုကိုမေးကြည့်လိုက်။” ယန်ချင်း သက်သေထွက်ဆိုခိုင်းဖို့ သူမအစ်ကိုကိုဆွဲခေါ်လိုက်လေသည်။

ယန်ဝေခဏလောက်တုန့်ဆိုင်းဟွားပြီးနောက် ပြောလာလေတယ်၊ “ကျွန်တော်တို့ ဒီတာအို‌မိတ်ဆွေဆီကနေ ပြန်ယူလိုက်ပြီးနောက် သံလိုက်အိမ်မြှောင်က တကယ်ပဲပျက်သွားခဲ့တာ၊၊”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】حيث تعيش القصص. اكتشف الآن