အပိုင်း(၂၅.၁):နိုင်ငံတော်စိတ်စွမ်းအင်website

2.5K 326 2
                                    

အပိုင်း(၂၅.၁): နိုင်ငံတော်စိတ်စွမ်းအား Website

   ညစာစားပြီးနောက်၊ လမ်းသေးလေ၌ စီးတန်နေတဲ့ ဈေးဆိုင်လေးတွေကိုကြည့်ပြီး ပိုက်ဆံရှာတာရဲ့ အရေးပါတာကို ထပ်မံသဘောပေါက်သွားလေသည်။ ကမ္ဘာကြီးကအရမ်းကြီးနေတုန်း လမ်းသေးလေမှာတောင် အရသာရှိတဲ့စားစရာတွေအများကြီးရှိနေတယ်၊ ပိုက်ဆံမရှိဘဲ ဘယ်လိုလုပ် တစ်ခုစားနိုင်မှာလဲ?

   “မနက်ဖြန် ငါတို့နောက်တစ်ဆိုင်ကိုစားကြည့်ကြတာပေါ့။” ချန်းယု စိတ်အားထက်သန်စွာပြောလိုက်လေသည်။

   “ဟုတ်တယ်၊ ငါတို့နေ့တိုင်း မတူညီတဲ့ဆိုင်တွေမှာစားကြမယ် ဒီလမ်းတစ်ခုလုံးကိုစားဖို့ အချိန်အကြာကြီးမယူရလောက်ပါဘူး။” ချန်းယုရဲ့ထွက်ဆိုချက်နဲ့အတူ မျက်နှာဝိုင်းတဲ့ဖန်ဖေဖေကလည်း သူမသဘောတူတာအား ထုတ်ဖော်ပြောလာလေတော့သည်။ 

   “ငါတို့ ခဏခဏမစားတာပိုကောင်းမယ်ထင်တယ်။” ဟန်ယောပြောကာ၊ သူမရဲ့ဖောင်းနေတဲ့ဗိုက်ကိုကိုင်လိုက်လေတယ်၊  “ဒီလိုမျိုး နေ့တိုင်းစားတာက ငါတို့ကဝသွားစေလိမ့်မယ်။”

   “အလှအပနဲ့အစားအစာထဲ၊ ငါတော့ သေချာပေါက် အလှအပကိုပဲရွေးမယ်။” ကျန်းမူဝမ်ပြောလိုက်လေသည်။

   “နင်တို့တွေ foodieတွေလို့ ငါ့ကိုမပြောတော့နဲ့နော်၊ နင်တို့တွေက foodieအတုတွေပဲ။” ချန်းယုကို ဖန်ဖေဖေချည်းကပ်လိုက်ကာ၊ သူမလက်ကိုယူပြီး တယုတယပြောလိုက်လေတယ်၊ “ရှီရှီ၊ ငါတို့နောက်ကျရင် အတူတူသွားစားကြတာပေါ့၊ အရသာရှိတဲ့အစားအစာတွေအတွက် ဝလာမှာကို ငါမကြောက်ဘူး။”

   “အိုကေ” အနာဂတ်မှာ သူမနဲ့အစားကောင်းတွေ အတူတူစားပေးမယ့်သူရှိတာကို ချန်းယုလည်း သေချာပေါက်ပျော်ရွှင်နေလေသည်။

   “ကြည့်ပါဦး၊ ဝမှာမကြောက်လို့ ငါတို့က foodieဖြစ်ဖို့ အရည်အသွေးပြည့်တယ်။” ဖန်ဖေဖေ ဂုဏ်ယူစွာပြောလိုက်လေသည်။

   “မဖြစ်သေးဘူး” ချန်းယု အပြစ်ကင်းစွာမျက်တောင်ခပ်လိုက်ပြီး လေးနက်တဲ့မျက်နှာနဲ့ပြောလိုက်လေတယ်၊ “ငါကမဝနိုင်ဘူး၊ ငါကမဝနိုင်ဘူးဆိုတော့ အရည်အသွေးမပြည့်မှီနေဘူးပေါ့?”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Onde histórias criam vida. Descubra agora