အပိုင်း(၉၅.၁):လုစံအိမ်

1.2K 136 0
                                    

အပိုင်း(၉၅.၁):လုစံအိမ်

လုစံအိမ်၌။

သူ့သားပြောတာကြားပြီးနောက်၊ လုကျင်းကျန်းက ဘာမှစဉ်းစားမနေဘဲ ခေါင်းခါပြလာပြီး ငြင်းလာလေတယ်၊ "မဖြစ်နိုင်ဘူး။ ဝိညာဉ်တည်ငြိမ်ခြင်းမန္တန်းက ပျောက်ကွယ်သွားတာကြာပြီ။"

"အဖေ၊ ဒါပေမဲ့ ဝိညာဉ်တည်ငြိမ်ခြင်းမန္တန်းကိုသူမအသုံးပြုနိုင်တယ်လို့ ရှီရှီပြောထားတာ၊" လုနင်နဲ့ သူ့အဖေလက်ခံယုံကြည်လာအောင်ကြိုးစားနေရလေတယ်။

"ရုပ်လွန်ပညာလောကထဲက လေးစားခံရတဲ့ဆရာတော်တော်များများတောင် ဝိညာဉ်တည်ငြိမ်ခြင်းမန္တန်းကိုမ‌သိနေဘူး။ မင်းအသက်အရွယ်ရှိတဲ့မိန်းကလေးက ဒါကိုဘယ်လိုလုပ်သိနိုင်မှာတုန်း?" လုကျင်းကျန်းက သူ့ကိုမေးခွန်းထုတ်လာလိုက်လေတယ်။

"ဒါဆို အနည်းဆုံးတော့ကြိုးစားကြည့်ရဦးမှာပဲလေ၊" လုနင်က ပြောပြလာလေတယ်၊ "အမေ့အခြေနေကိုလည်း အဖေမြင်နေရတာပဲ၊‌၊ မောင့်တိုင်ကျောက်က သူမအတွက် ဝိညာဉ်တည်ငြိမ်တာကော ချိပ်ပိတ်တာကောလုပ်ပေးနိုင်တဲ့ပစ္စည်းတစ်ခုလေ။ အမြဲတစ်ကြိမ်တော့၊ သူမသတိလစ်သွားတတ်ပြီး၊ သူမသတိမေ့မြောသွားချိန်တိုင်း၊ သူမခံစားရလိမ့်မယ်။ ဒီအကြောင်းကို သူမတစ်ခါမှမထုတ်ပြောလာဖူးတာပဲရှိတယ်။"

"..." သူ့ဇနီးအခြေအနေအကြောင်းသတိပေးခံရလိုက်တော့၊ လုကျင်းကျန်းမှာ ကူကယ်ရာမဲ့ပြီး စိတ်ပူလာလေတော့သည်။

"ပြီးတော့ မောင့်တိုင်ကျောက်က အမေ့အတွက်ဘယ်လောက်ပဲခံနိုင်တော့မှာလဲ?" လုနင်ကမေးလာတာက၊ သူ့အဖေက သူ့အမေပေါ်ကျောက်တုံးသက်ရောက်နိုင်မယ့်ဆိုးကျိုးတွေကို သူ့ထက်ပိုသိနိုင်မယ်လို့ ယုံကြည်နေလေတယ်။

"ငါအဖြေရှာဖို့ကြိုးစားနေတာပဲ၊" လုကျင်းကျန်းကပြောပြလာလေတယ်။

"ကျွန်တော်တို့‌တွေးနိုင်သမျှ နည်းလမ်းအားလုံးကိုတွေးပြီးသွားပြီပဲ၊ ဝိညာဉ်တည်ငြိမ်ခြင်းဂါထာတစ်ခုပဲကျန်တော့တယ်။ ဒါကိုကြိုးစားကြည့်ဖို့ အဖေဘာလို့သဘောမတူနိုင်ရတာလဲ?" လုနင်မှာ သိချင်သွားလေတော့သည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Onde histórias criam vida. Descubra agora